1

832 13 2
                                        


***ရှင်းလင်းချက်***

Present _ လက်ရှိအခြေအနေ
Past 1 _ ပထမဆုံးတွေ့ဆုံမှု နွေရာသီ
Past 2 _ ဝေးကွာခြင်း
Past 3 _ လက်ရှိအခြေအနေသို့ မရောက်ခင် ဖြစ်ရပ်များ

***********________************

( Present )

" ပြွတ်စ် 😗 "

ဟာ!

ငါ့ကိုလာခိုးနမ်းသွားပြန်ပီ! အိပ်ချင်ယောင်ဆောင်လက်စနဲ့ ဆက်နေရဦးမယ် တကယ်တော့ အိမ်စာလုပ်နေရင်း မှေးခနဲဖြစ်သွားတာ တံခါးဖွင့်သံကြားတော့ လန့်နိုးသွားပေမယ့် ခြံရှေ့မှာစကားအော်ပြောသံကြားကတည်းက မထဘဲနဲ့ဆက်အိပ်ချင်ယောင်ဆောင်နေလိုက်တာ

ကြည့်ဦး ခုတော့ ခိုးနမ်းသွားတယ် ခံရခက်လိုက်တာ! ဘာပဲဖြစ်ဖြစ် တစ်ချက်နမ်းပြီး ငါ့အခန်းထဲမှာ ကာတွန်းစာအုပ်တွေလှန်သံကြားတယ် မသွားသေးဘူး

နာရီ၀က်ခန့်အကြာ ဆတ်ခနဲလန့်နိုးလာတော့...

" နိုးလာပြီလား မင်းကိုစောင့်နေတာ "

လွန်ခဲ့တဲ့နာရီ၀က်က လောလောလတ်လတ် " ပြွတ်စ် " ဆိုတဲ့အရာကို မသိချင်ယောင်ဆောင်ရင်း

" ငါစာလုပ်ရင်း အိပ်ပျော်သွားတယ်ကွာ ဆောရီး...

ဒါနဲ့ဘာလို့လဲ

မင်းနဲ့အပြင်သွားဖို့ချိန်းထားတာ တနင်္ဂနွေမို့လား ဒီနေ့မှစနေလေ ကျောင်းပိတ်ရက်လေးနှစ်ရက်ကိုတောင် အေးအေးဆေးဆေးပေးမနေဘူးကွာ ပူကပူနဲ့ "

" ဟုတ်တယ် မနက်ဖြန်သွားမှာက သပ်သပ် ဒီနေ့လည်း နောက်ထပ်အကြောင်းအရာလေးတွေပေါ်လာလို့ "

ဒီကောင်ကအဲ့လိုပဲ ပိတ်ရက်တိုင်းသူ့ကိစ္စကအမြဲရှိနေတာ

" ဆိုစမ်းပါဦး ဘာကိစ္စ "

" ငါ ရွှေရင်အေး သောက်ချင်လာတဲ့ကိစ္စလေ "

" အော် ဟုတ်လား "

စိတ်ထဲမှာတော့ ( အေးဟေးး အလုပ်ကြီးအကိုင်ကြီး မင်းရွှေရင်အေးသောက်ချင်တဲ့ကိစ္စ ကိုယ့်ဘာကိုယ်သွားပါလား ငါနဲ့ဘာပတ်သက်!! )

ဒီစကားတွေကို ထုတ်မပြောရဲ သူ့ကိုကြောက်ရတယ် ပြန်ပြောမိရင် အရိုးတခြား အသားတခြားဖြစ်နိုင်လောက်တဲ့ သူ့အကြည့်ကိုကြောက်တယ် ဒီတိုင်းရေလိုက်ငါးလိုက်ပဲ နေရဲတယ် ကလန်ကဆန် မလုပ်ရဲ

တခါက သူခေါ်တာမလိုက်ဘဲ ပုန်းနေတာမိသွားလို့ ကျောင်းအပြန်မှာ စက်ဘီးမစီးခိုင်းဘဲ လမ်းလျှောက်ခိုင်းခံရတာ ခြေထောက်တွေကို ညောင်းနေရော ညရောက်တော့အိမ်ကို လိမ်းဆေးလာပေးပါတယ် ပြောသွားသေးတယ် "နောက်တစ်ခါကျ ဒီထက်ပိုဆိုးမယ်" တဲ့

" သွားမယ်လေ ဘာလုပ်နေတာလဲ "

အတွေးတွေနဲ့ငိုင်နေတုန်း သူ့အသံကြားလို့လန့်သွားတယ်  အိမ်ထောင့်မှာထောင်ထားတဲ့ စက်ဘီးလေးအပြင်ဘက်တွန်းထုတ်လာခဲ့တယ်

" မင်းစက်ဘီးရော "

" မပါလာဘူးလေ မင်းနင်းရမှာ " ပြောရင်းနဲ့ ဟက်ခနဲ ရယ်လိုက်သေးတယ်။

( ချီးး နေပူကြီးထဲ မင်းကိုတင်နင်းရဦးမှာ ငါ့ကိုသာ အသေသတ်သွားပါတော့လား

အရှင်ဘုရား ဒီလိုလူမျိုးနဲ့ ဝေးရာကိုပို့ဆောင်ပေးပါဘုရား တပည့်တော်ဆန္ဒပြည့်ပါရစေ )

မောမောနဲ့ ရွှေရင်အေး နှစ်ပွဲဆက်တီးပစ်လိုက်တယ် သူ့ဘက်ကြည့်တော့ တ၀က်တောင် မကုန်ချင်ကုန်ချင် " ရွှေရင်အေး သောက်ချင်လာတဲ့ကိစ္စ " ဆိုတဲ့ အလုပ်ကြီးအကိုင်ကြီးလုပ်မယ့်သူက သူလားကိုယ်လား မသဲကွဲဘူး

" ရွှေရင်အေးသောက်ချင်တာက မင်းကိစ္စလား ငါ့ကိစ္စလား " လို့ပြောတော့ ညစ်တစ်တစ်အပြုံးနဲ့ " ရာသီဥတု ပူတယ် " တဲ့လေ

" မင်းပြောမှလား!! "

မနက်ဖြန်ကျ တနင်္ဂနွေဆိုတော့  ထုံးစံအတိုင်း ကမ်းနားလမ်းမှာ စက်ဘီးသွားစီးဖို့များတယ် ပြောလို့တော့မရပြန်ဘူး တစ်ခါတစ်လေကျ တောင်ဆိုမြောက်ရောက်တာ သူ့စိတ်က

ကျွန်တော်ကတော့ ဒီအတိုင်းသူ့ဘေးက ကပ်ပါးလေးပေါ့ ...

ဆက်ရန်...

🔂Geschichten, die süchtig machen. Entdecke jetzt