မြို့တော် Aရဲ့ ဆင်ခြေဖုံးတနေရာက ခမ်းနားကြီးကျယ်တဲ့မာဖီးယားအိမ်တော်ကြီးမှာ ဝန်ထမ်းပေါင်း ၅၀ကျော်လောက်ခြေချင်းခတ်အောင် ရှုပ်ယှက်ခပ်နေကြတယ်။
ခွမ်း....ဖန်ခွက်ကိုကြမ်းပြင်ပေါ်အားပြင်းပြင်းနဲ့ပေါက်ချလိုက်တဲ့ ညာလက်ရုံးကြောင့် အခန်းထဲရှိဆရာဝန်တွေအကုန်အသက်ရှူရပ်မတပ်ဖြစ်သွားရတယ်။
"ဘာဆင်ခြေမှထပ်မကြားချင်တော့ဘူး မင်းတို့ကိုလစာပေးထားတာ ဘယ်လိုအခြေနေပဲဖြစ်ဖြစ် အသက်ကယ်ပေးနိုင်ဖို့ပဲ"
ညာလက်ရုံး ဆရာဝန်တယောက်ချင်းစီကိုမီးပွင့်မတတ်ဖြစ်နေတဲ့မျက်လုံးနဲ့ကြည့်ပြီး အံကြိတ်ပြောလိုက်တယ်။
"ကျွန် ကျွန် ကျွန်တော်တို့အကောင်းဆုံးကြိုးစားခဲ့ပေမဲ့ ကျည်ဆံကနှလုံးကိုထိတော့မှာမို့ ခေါင်းဆောင်အသက်.."
ဒိုင်းးးး
စကားတောင်ဆုံးအောင်မပြောလိုက်ရတဲ့ ဆရာဝန်ခမျာသွေးအိုင်ထဲမှာလဲပြီးချက်ချင်းပဲအသက်ထွက်သွားတော့တယ်။
ညာလက်ရုံး သေဆုံးသွားပီဖြစ်တဲ့ဆရာဝန်ပေါ်ခြေထောက်တဖက်တင်ထားရင်းနဲ့
"နောက်ထပ် ဘယ်သူ့စီကမှ ဘာဆင်ခြေထပ်မကြားချင်တော့ဘူး စက္ကန့်နဲ့အမျှအရေးကြီးနေတဲ့အချိန်ပဲ မင်းတို့မတတ်နိုင်မှတော့ဘာလို့အသက်ရှူနေကြသေးလဲ အကုန်ငရဲပြည်ပို့ပေးမယ်"
လို့ပြောပြီးသေနတ်ကိုထပ်မောင်းတင်ပြီး ဆရာဝန်တွေရှိရာဘက်ကိုချိန်လိုက်တယ်။
ခုကသေနတ်သံကြောင့် ဆရာဝန်အကုန် ကြမ်းပေါ်ငုတ်တုပ်ဖြစ်သွားကြတဲ့ထဲကတယောက်က ကြောက်ကြောက်နဲ့ လက်လေးမြှောက်ပြီး
"ကျွန်တော် ကျွမ်းကျင်တဲ့ ခွဲစိပ်ဆရာဝန်တယောက်ကိုသိပါတယ် သူသာဆိုရင် ခေါင်းဆောင်ကိုကယ်ပေးနိုင်လောက်ပါတယ်၊သူ့မှာ ဒီလို caseရဲ့ အတွေ့အကြုံလည်းရှိပါတယ်"
ဆိုပြီး rapရွတ်သလို တလစက်ပြောလိုက်တယ်။
ညာလက်ရုံးသူ့ကိုဂုတ်ကနေဆွဲကိုင်လိုက်ပြီး
"ဟုတ်ပီ မင်းမှာအချိန်နာရီဝက်ရမယ် ၊ ကျော်သွားရင်တော့ မင်းရော ဒီမှာရှိတဲ့သူတွေရော သွားရာလမ်းကတလမ်းပဲရှိတယ်"ဆိုပြီးပြောလိုက်တယ်။
Mark တံတွေးမြိုချလိုက်ပီး လက်က contact ထဲက နံပါတ်၁ခုကိုခေါ်ရင် ခြေထောက်ကလည်း ဒုးကျည်အလား အခန်းပြင်ကိုပြေးထွက်သွားခဲ့တယ်။
Aဆေးရုံရဲ့ ဆရာဝန်များနားနေဆောင်မှာတော့ Estတယောက် တတူတူမြည်နေတဲ့ဖုန်းကို လျစ်လျူရှုပြီး အနားယူနေတယ်။တောက်လျှောက်မြည်နေတဲ့ဖုန်းကရပ်တန့်သွားချိန် အခန်းတံခါးကလည်း တစုံတယောက်ရဲ့ ပြင်းပြင်းဖွင့်ခြင်းကို ခံလိုက်ရတယ်။
Estမျက်လုံးကိုအသာလေးဖွင့်ကြည့်လိုက်တော့ ဟောဟဲလိုက်ပြီး အသက်ထွက်မလိုဖြစ်နေတဲ့ Mark နဲ့ အနောက်တိုင်းဝတ်စုံအပြည့်ဝတ်ထားတဲ့ လူတစုကိုတွေ့လိုက်တယ်။
Est ခေါင်းကိုတဖက်ပြန်လှည့်ပြီး မျက်လုံးမှိတ်ထားရင်း
"လူဆိုးနောက်လိုက်ဖြစ်သွားတဲ့ကောင်က ဆေးရုံကို ဘာလို့ခြေပြန်ချရတာလဲ"
"မင်း ငါ့ကို ကောချင်ရင်လည်း နောက်မှ ကောတော့ အခုက သေရေးရှင်ရေးအခြေနေကွ"
Markကဟောဟဲလိုက်ရာကနေပြန်အော်လိုက်တယ်။
အနောက်တိုင်းဝတ်စုံနဲ့လူတစုထဲကခေါင်းဆောင်ဖြစ်ဟန်တယောက်က မျက်နှာသေနဲ့နာရီဝက်လို့ပြောလိုက်တော့ Markတယောက်မျက်လုံးပြူးပြီး Estကိုဆွဲခေါ်သွားတော့တယ်။
"မင်း ငါ့ကို ဘာပဲပြောချင် ပြောချင် နောက်မှသာပြောတော့ အခု အသက်ပေါင်းများစွာကမင်းအပေါ်မူတည်နေပီကွ"ဆိုပီး တရွတ်တိုက်ဆွဲခေါ်သွားတော့တယ်။ဟယ်ရီကော်ပတာပေါ်မှာ Estကို လူနာအကြောင်း အကြမ်းဖျင်းရှင်းပြလိုက်တယ်။
Est က မျက်နှာသေနဲ့
"သေနတ်မှန်တာဆိုတော့ ရဲကို အကြောင်းကြားပြီး မှုခင်းဌာနက ခွင့်ပြုချက်တွေယူပြီးပီလား"
Mark က မျက်လုံးလှန်လိုက်ပီး
"အံကြိတ်ပြီး မင်းပြောတဲ့ လူဆိုးကောင်တွေဆီမှာ အလုပ်လုပ်နေတာလေ၊ရဲကို အကြောင်းကြားလို့ရမလား နွားရဲ့၊နောက်ပြီး လိုလည်းမလိုဘူးလေ ဒီမြို့ရဲ့ ရဲတွေအကုန်လုံးကလည်း သူတို့ကိုကြောက်ရတာပဲ"ဆိုပြီးပြောလိုက်တယ်။
စံအိမ်ရောက်တော့ ညာလက်ရုံးက သူ့ကိုခေါင်းအစခြေအဆုံးကြည့်ပြီး
"မင်းပြောတဲ့တယောက်လား ကယ်နိုင်မှာသေချာလား"
ဆိုပြီးမေးလာတယ်။Mark က
"ကယ်နိုင်ပါတယ် ကယ်နိုင်ပါတယ် သေချာပေါက်ကယ်နိုင်ပါတယ်"ဆိုပြီး ပြန်ပြောလိုက်တယ်။
Est က မျက်မှောင်ကြုံ့ရင်း
"ငါကတော့ အာမ မခံဘူး လူတိုင်းကို ကယ်နိုင်ရအောင် ဘုရားသခင်လည်းမဟုတ်၊နောက်ပြီး ကောင်းမှုကုသိုလ်လုပ်ထားတဲ့သူဆိုရင်တော့ အသက်ရှင်နိုင်ခြေကများဦးမယ် ၊ မကောငါးမှု လုပ်ထားတဲ့သူတွေဆိုတော့"
"မင်း.."
ညာလက်ရုံးပြောနေတုန်းပဲရှိသေးတယ် အခန်းထဲကစက်တွဆီကနေ တတီတီမြည်ပီး ဆူညံလာတယ်။ ဆရာဝန်တယောက် အူးယားဖားယားပြေးထွက်လာပြီး
"အောက်စီဂျင်တွေ အရမ်းကျပြီး သွေးထွက်လည်းလွန်နေတယ်ပြီ အမြန်လုပ်မှရတော့မယ်ဆိုပြီးပြောလာတယ်"
Est ကချက်ချင်းပြေးသွားကြည့်ပြီး ခွဲစိတ်ဖို့အတွက် တယောက်ချင်းစီကို လိုအပ်တာတွေ အမိန့်ပေးတော့တယ်။နောက်ပြီး အခန်းပြင် ပြန်ထွက်ပီး မျက်နှာထားတင်းတင်းနဲ့
"မင်းတို့လူရဲ့အသက်ကယ်ချင်ရင် အခုကစပြီးငါပြောတာကိုနားထောင်ကြ ဒီနားမှာလာပြီး ဝဲပျံမနေကြနဲ့ ခပ်ဝေးဝေးမှာသွားပီးနေကြ"
ဆိုပြီးပြောကာ တံခါးကိုပိတ်ထားလိုက်တယ်။
ညာလက်ရုံးလည်း ဘာမှပြန်မပြောနိုင်ခင် ပိတ်သွားတဲ့ တံခါးကိုသာကြည့်ပြီး အောင့်သက်သက်နဲ့ ထွက်သွားခဲ့လိုက်တယ်။
ခက်ခက်ခဲခဲနဲ့ operation ဝင်ပီးနောက် လူကဒေါင်းသွားပီ။အခုဟာက ၁၂နာရီကျော်လောက် ခွဲစိတ်လိုက်ရပီး အဲ့အရှေ့မှာက ၅နာရီကျော်ကြာတဲ့ operation ဝင်ခဲ့တဲ့အတွက် ။ Est အသံတိတ်ကျိန်ဆဲလိုက်တယ် ခွေးကောင် Mark.
ခဏတဖြုတ်နားပြီး လူနာကို စိတ်ချရအောင်ထကြည့်လိုက်တယ်။
ခုနကမှ ငရဲမင်းနဲ့အပြိုင်တိုက်ပွဲဝင်ထားရတဲ့သူMark ပြောတဲ့ မာဖီးယားခေါင်းဆောင်ဆိုတဲ့သူက သူထင်ထားသလို အဖိုးကြီးဟုတ်မနေခဲ့ပဲ အခုမှ အသက်၂၀ကျော်ဝန်းကျင်လောက်ခန့်သာရှိဦးမည်။
"ငါ့ထက်တောင် ငယ်ဦးမယ့်ပုံပဲ၊ခေါင်းဆောင်မဟုတ်ဘဲခေါင်းဆောင်သားများလားဟိုခွေးကောင်Mark သွေးရူးသွေးတန်းနဲ့ပြောမိတာများလား"
ဆိုပြီး Est သူ့ရဲ့ မျက်ခုံး၂ခုကြားကနေရာလေးကို လက်ချောင်းနဲ့ ခပ်ဖွဖွဖိလိုက်တယ်။
"မေ့နေတာတောင် ဘာလို့မျက်မှောင်ကကြုံ့ထားရတုန်း နာလို့ပဲလား ဘာတွေမကျေမနပ်ဖြစ်နေလို့လဲ၊ မင်း ပြန်ကောင်းသွားရင် မကောင်းတာတွေမလုပ်တော့ဘဲ လူလိမ္မာလေးလုပ်ရင်ကောင်းမယ်"နော်လို့ပြောပြီး နှဖူးကိုအသာလေးတောက်လိုက်ပြီး အခန်းအပြင်ကိုထွက်ခဲ့လိုက်တယ်။
"ခွဲစိတ်တာကတော့အောင်မြင်တယ် စိတ်ချရတဲ့အနေထားပဲ ၊သတိပြန်လည်တာတော့စောင့်ရမယ်"လို့ပြောပြီး အမဲရောင်အုပ်စုကြားကတိုးထွက်ဖို့လုပ်တုန်းအတားခံလိုက်ရတယ်။
"ဒါကဘာလုပ်တာလဲ အတင်းဆွဲခေါ်ခံရပြီး မပြန်ခိုင်းတော့တာက လူကိုကျေးဇူးတင်တဲ့နည်းလား"
Est တယောက်စိတ်တိုစွာနဲ့ပြောလိုက်တယ်။
ညာလက်ရုံးက လက်ပိုက်လျက်အရှေ့ထွက်လာပြီး
"ကျွန်တော်တို့ခေါင်းဆောင်သတိရလာမှပဲစကားဆက်ပြောကြတာပေါ့၊ အခုတော့ ဧည့်သည်ကိုခေါ်သွားလိုက်ကြဦး"ဆိုပီး အနောက်ကလူတစုကိုမျက်စပစ်ပြလိုက်တယ်။Estဘာမှပြန်မပြောနိုင်ခင်လေးမှာဆွဲခံလိုက်ရပီး အခန်းတခုထဲကိုပစ်ထည့်ခံလိုက်ရတယ်။
Est တယောက်ဒေါသထွက်လွန်းလို့ ဆွံ့အပြီး ဘာမှတောင်မပြောနိုင်တော့ဘူး။ အခန်းကတော့ တော်တော်ကျယ်ပြီး ဟိုတယ်အခန်းအပြင်အဆင်လို သပ်သပ်ရပ်ရပ်နဲ့ကောင်းကောင်းမွန်မွန်ပါပဲ။နာရီဝက်လောက်ဒေါသထွက်ပီးနောက်စိတ်ငြိမ်ငြိမ်ထားကာ ကံကြမ္မာကိုပဲလက်ခံလိုက်ပြီးရှေ့မှာအပင်ပန်းခံခဲ့ရသမျှ အတိုးချသက်တောင့်သက်သာအိပ်လိုက်တော့တယ်။ည၁၁နာရီလောက်ကျတော့အခန်းတံခါးခေါက်သံနဲ့အတူMarkကစဖြဲဖြဲနဲ့ဝင်လာတယ်။Estအနီးကခေါင်းအုံးတလုံးကိုယူပြီးပစ်ပေါက်ကာ
"ခွေးကောင် Mark ငါ့ကိုဒုက္ခရောက်အောင်လုပ်ပီး ဖြီးနိုင်သေးတာလား"
Estတယောက်ကုတင်ပေါ်ကဆင်းပြီး ခွေးကောင်ရဲ့ အကျီကကော်လံကိုဆွဲထိုးလိုက်တယ်။Markသူ့မျက်နှာသူကာပြီး အမြန်အမြန်
"မင်းကောင်းဖို့အတွက် မင်းဝမ်းနည်းမှာဆိုးလို့ငါကလာခေါ်ခဲ့တာပါကွာ"ဆိုပြီး ပြောလာတယ်။
Est ပြောစရာစကားမရှိတော့အောင်ကို ဆွံ့အသွားတဲ့ပုံနဲ့
"လူစကားပြောနေတာရောဟုတ်ရဲ့လား ငါကဘာကိစ္စကြောင့်ဝမ်းနည်းရမှာလဲ နားလည်အောင်ပြောစမ်းပါဦး"
"မင်းစဉ်းစားကြည့်လေ ငါ့လိုအရည်အချင်းနဲ့သေချာပေါက် ခေါင်းဆောင်ကို ကယ်နိုင်စရာအကြောင်းမရှိဘူးလေ အသက်ခံရတော့မှာက ကျိန်းသေတယ်။တကယ်လို့ငါဒီမှာ အသတ်ခံလိုက်ရရင် မင်းကပျော်မှာလားပြော အော်ငါ့၂ယောက်မရှိနိုင်တဲ့သူငယ်ချင်းကို ငါမကယ်နိုင်ခဲ့လေးခြင်းဆိုပြီး ယူကြုံးမရနဲ့ ဝမ်းနည်းပတ်လပ် နောင်တ တရားတွေနဲ့အသက်ရှင်သွားရတော့မှာလေ"
ဆိုပီး Mark ပြန်ပြောတဲ့အချိန် ၊ Est ပါးစပ်ကနေတခွန်းပဲထွက်လာတယ်
"စောက်..ရူး.."ဆိုပြီး
၂ယောက်သား စကားများပြီး လုံးထွေးသတ်ပုတ်နေချိန် တံခါးခေါက်ပြီး အနောက်တိုင်းကောင်တယောက်က
"ခေါင်းဆောင် သတိရပီမို့ ညာလက်ရုံးခေါ်ခိုင်းလိုက်ပါတယ်"ဆိုပြီးဝင်လာတယ်။
Est ကိုယ့်ကိုယ် သပ်သပ်ရပ်ရပ် ဖြစ်အောင်ပြန်ပြင်လိုက်ပြီး Mark နဲ့အတူလိုက်သွားလိုက်ကြတယ်။အခန်းထဲဝင်လိုက်တော့ ကုတင်ဘေးမှာ စိုဘက်ဒီဘက် အယောက်၂၀ကျော်လောက်တန်းစီနေကြပီ ကုတင်ပေါ်ကတယောက်ရဲ့အကြည့်က Est အပေါ်ရောက်လာပြီး
"တကယ် နတ်သားလေးပဲ"ဆိုပြီးကြားလိုက်လိုက်ရတယ်။
VOUS LISEZ
The Mafia's Private Doctor
Roman d'amourMafiaနဲ့doctorရဲ့ဇာတ်လမ်းလေးဖြစ်ပါတယ် WilliamEst ရဲ့ Fan Fictပါ ။စိတ်ကူးယဉ်ဇာတ်လမ်းလေးဖြစ်ပါတယ်။
