Bangkok မြို့ရဲ့ ပူပြင်းတဲ့ နေ့လယ်ခင်းတစ်ခု... Chulalongkorn University ရဲ့ Architecture Faculty က ကန်တင်းဟာ ကျောင်းသားတွေနဲ့ ပြည့်နှက်နေသည် လူစည်ကားလှတဲ့ ထိုနေရာရဲ့ အလယ်ဗဟိုမှာတော့ လေထုက ရုတ်တရက် အေးခဲသွားသလို ခံစားလိုက်ရသည်
"Perth Tanapon! အခု မင်း လုပ်လိုက်တာကို ကြည့်စမ်း!"
Santa ရဲ့ စူးရှတဲ့ အသံကြောင့် ဘေးပတ်ဝန်းကျင်က စကားသံတွေ တိတ်ဆိတ်သွားသည် Santa ရဲ့ ရှေ့က စားပွဲပေါ်မှာတော့ Phuwin ရေးဆွဲထားတဲ့ Architecture ပုံကြမ်း တွေပေါ်မှာ ဟင်းရည်တွေ ဖိတ်စင်နေခဲ့ပြီ.....
"ငါ တမင်လုပ်တာမှ မဟုတ်တာ Santa...လမ်းလျှောက်ရင်း ဖုန်းကြည့်နေတာ မင်း သူငယ်ချင်းလေ..."
Perth က သူ့ရဲ့ အနက်ရောင် ကျောင်းသားအင်္ကျီ လက်မောင်းကို ခပ်အေးအေးပဲ ခေါက်တင်ရင်း ပြန်ပြောလိုက်သည်သူ့ဘေးမှာ ရပ်နေတဲ့ Pond ကတော့....
"အေးလေ... မင်းတို့ဘက်ကလည်း သတိမထားမိတာပါ....."
"မင်းတို့က တောင်းပန်မယ့်အစား ဆင်ခြေပေးနေတာလား?"
Santa က Perth ရဲ့ အရှေ့ကို တစ်လှမ်းတိုးလိုက်သည် Santa ရဲ့ ဒေါသကြောင့် တုန်ခါနေတဲ့ အသံကို ကြားတော့ Nanon က ကြားထဲက ဝင်တားဖို့ ကြိုးစားသည်
"အေးဆေးေပြာကြပါကွာ... Perth မင်းလည်း တောင်းပန်လိုက်ပါ"
"Phuwin က ဒီ drawing ဆွဲဖို့ တစ်ညလုံး မအိပ်ရသေးဘူး"
"တောင်းပန်စရာ မလိုဘူး Nanon... အမှားလုပ်တဲ့သူက အမှားမှန်း သိမှ တောင်းပန်ရတာ.....ခုဟာက သူက ငါ့ကို စိန်ခေါ်နေတာ"
Perth က Santa ရဲ့ မျက်လုံးတွေကို စိုက်ကြည့်ရင်း ခပ်ရွဲ့ရွဲ့ ပြုံးလိုက်သည် မျက်နှာချင်းဆိုင် နီးကပ်သွားတဲ့အခါ Santa ရဲ့ ကိုယ်သင်းနံ့သင်းသင်းလေးက Perth ရဲ့ နှာခေါင်းထဲကို တိုးဝင်လာသလို၊ Santa ကလည်း Perth ရဲ့ ပြင်းရှရှ ရေမွှေးနံ့ကို ရရှိလိုက်သည်
"မင်း ငါ့ကို ဘယ်လို တောင်းပန်အောင် လုပ်မလဲ Santa? .....အော်နေရုံနဲ့တော့ ငါက တောင်းပန်မှာ မဟုတ်ဘူးနော်"
Santa က Perth ရဲ့ အင်္ကျီကော်လာကို ဆုပ်ကိုင်လိုက်သည် ထိုအချိန်မှာပဲ Hong က Santa ရဲ့ လက်မောင်းကို ကိုင်ပြီး....
