Unspoken

180 17 16
                                        

ဆောင်းရာသီဓာတ်နှင့်အတူအေးစက်နေတဲ့ ထိုကောင်လေးတစ်ယောက်၊ မြူနှင်းများဆိုင်းကျနေပြီးလူသွားလူလာအတော်များတဲ့လမ်းရဲ့ထိုင်ခုံတစ်ခုတွင် Patji တစ်ယောက်ငုတ်တုတ်ကြီးထိုင်ကာသူ၏အတွေးများကအတောမသတ်နိုင်‌လောက်အောင်ပင်သူ့‌ခေါင်းထဲတွင်‌နေရာယူထား၏။ သူကိုယ်တိုင်ကလဲစိတ်နှင့်လူနဲ့မကပ်တော့သည်မှာအမှန်။

ထိုအချိန်တွင် တဆက်တည်းထမြည်လာတဲ့ ဖုန်းသံ

*ကလင်ကလင်*

ဖုန်းလာနေသည်ကိုPatji တော်ရုံနှင့်သတိမမူချေ၊ ခဏအကြာ၊ အေးစက်နေတဲ့လေထုများအကြားသူ၏ဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲမှထုတ်ယူကြည့်မိလိုက်သည်။ screenပေါ်တွင်အထင်းသားပေါ်နေသည်က မေမေ့၏ contactပင်။

"Pat...သား Ryujin ဆုံးပြီတဲ့"

ဖုန်းဖန်သားပြင်မှတစ်ဆင့်ထွက်ရှိလာသောအမေ့၏စကားသံကသူ့ကိုအချိန်တစ်ခုအထိငှက်သေ သေသွားစေသည်။ မေမေ့မှာလဲရှိုက်သံအပြည့်နှင့်မို့ Patjiတုံ့တုံ့တောင်မလှုပ်နိုင်ခဲ့။

>>>>>

August 10 2023

7:21 p.m

ကျောင်းခန်းတွင် မည်သူမျှမကျန်ရှိတော့သည့်တာတောင် Patjiမှာသူ၏projectကိုအပြီးသတ်နိုင်ရန်အတွက်ပဲအာရုံ‌‌စိုက်နေခဲ့သည်။ ပြတင်း ပေါက်ဘက်သို့တစ်ချက်မျက်နှာမူမိတော့ မိုးများသည်းထန်စွာရွာ နေသည်မှာအပြင်ကအဆောက်အဦးတွေကိုတောင်မမြင်ရလုနီးပါး၊ တစ်ကျောင်းလုံးတွင်သူသည်သာကျန် တော့သည်မို့အနည်းငယ်တော့ Patjiကျောချမ်းမိပါသည်။

7:56 p.m

"နောက်ဆုံးတော့ပြီးသွားပြီပဲငါ့projectလေး"

အချိန်များစွာမလှုပ်ရှားပဲအလုပ်လုပ်နေခဲ့တာကြောင့် patji တစ်ယောက်အကြောများကိုဆန့်ကာနေ၏။ သူ၏ပစ္စည်းများကိုသိမ်းဆည်းကာကျောင်းလှေကားမှဆင်းလာခဲ့သည်။ မိုးခိုသောနေရာတစ်ခုတွင်Patji ရပ်နေခဲ့မိပြီးအဆက်မပြတ်ရွာသွန်းနေတဲ့ထိုကောင်ကင်ကြီးကိုမော့ကြည့်ကာသူသက်ပြင်းချမိပါသည်။

"ဒီညတော့ဒီမှာပဲညတာရှည်ပြီထင်ပါတယ်"

ကံဆိုးသည်မှာသူသည်ထီးတစ်ချောင်းမှမယူလာခဲ့ပေ။ ငုတ်တုတ်လေးထိုင်ကာမိုးစဲသည်ကို စောင့်နေတုန်းသူ့အနောက်ဘက်တွင်လူတစ်ယောက်ရပ် နေသည်ကိုသူ့စိတ်တွင်ခံစားမိပါသည်။

You've reached the end of published parts.

⏰ Last updated: Mar 09 ⏰

Add this story to your Library to get notified about new parts!

Unspoken Where stories live. Discover now