Description

4.2K 201 3
                                        

Author - Radish Flower Rabbit

ပိုင်ရွှေကျင်းတစ်ယောက် ဝတ္ထုထဲသို့ ကူးပြောင်းရောက်ရှိသွားရာ ဗီလိန်မိသားစု၏ အိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားလေ၏။

ထိုဗီလိန်မိသားစု၏ အစ်ကိုကြီးသည် စီးပွားရေးစစ်ပွဲ ဇာတ်လမ်းမှ ဖြစ်သည်။ သူသည် ဇာတ်လိုက်ကို ဖိနှိပ်ထားသော နောက်ဆုံးအဆင့်ဘော့စ်ဖြစ်ပြီး ဇာတ်သိမ်းတွင်မူ ကောင်းကင်ယံအေးခဲလာသည်နှင့်အမျှ သူ့အင်ပါယာလည်း ပြိုလဲသွားရသည်။

ဒုတိယအစ်ကိုသည် အနုပညာလောကဇာတ်လမ်းမှ ဖြစ်သည်။ သူသည်လည်း ဇာတ်လိုက်ကို ဖိနှိပ်ထားသော နောက်ဆုံးအဆင့်ဗီလိန်ဖြစ်ပြီး ဇာတ်သိမ်းတွင်မူ လမ်းဘေးတွင် ဖျော်ဖြေရသည့်ဘဝသို့ ရောက်သွားရသည်။

တတိယညီမသည် Mary Sueဇာတ်လမ်းမှ ဖြစ်သည်။ သူမသည် သူဌေးအိမ်ရာမှ သမီးပျိုဖြစ်ပြီး ဖြူစင်နုနယ်သော ပန်းကလေးလို မင်းသမီးကို ရန်ရှာတတ်သည့် ဗီလိန်မလေးဖြစ်ကာ သူ့ချစ်ရသူ၏ အချစ်ကို ဘယ်တော့မှ ပြန်မရရှိသွားခဲ့သည့်ဘဝနှင့် ဇာတ်သိမ်းသွားခဲ့ရသည်။

ထို့နောက် ဒရာမာခင်းတတ်သော (၄)ယောက်မြောက်နှင့် မွှေလွန်းသည့် (၅)ယောက်မြောက် ကလေးဆိုးလေးလည်း ရှိသေး၏။

အချုပ်ဆိုရသော် ဝမ်မိသားစုတွင် သာမန်လူဟူ၍ တစ်ယောက်မှ မရှိချေ။

သတင်းကောင်းမှာ ပိုင်ရွှေကျင်းသည် ဇာတ်လိုက်ဘက်တော်သား အရေးမပါသော ဇာတ်ကောင်နေရာသို့ ရောက်သွားခြင်း ဖြစ်သည်။

ပိုင်ရွှေကျင်း: ယေး ~

သတင်းဆိုးမှာ ဇာတ်လမ်းအစသည် သူနှင့် ဝမ်မိသားစုတို့ လက်ထပ်ခြင်းဖြင့် စတင်ထားပြီး သူသည် အရင်ဆုံး မြေဇာပင်ဖြစ်ကာ သေရမည့်သူ ဖြစ်နေခြင်းပင်။

ပိုင်ရွှေကျင်း: မျက်နှာကြီး ရှုံ့မဲ့သွား.jpg

ယခုတွင် ဗီလိန်မိသားစုနှင့် ကံကြမ္မာတစ်ခုတည်း ဖြစ်သွားပြီဖြစ်ရာ နိုင့်ငံတစ်နိုင်ငံကို ယှဉ်နိုင်လောက်အောင် ကြွယ်ဝသော ဤရေရှည်ထမင်းစားလက်မှတ်ကို ကာကွယ်ရန်အလို့ငှာ ပိုင်ရွှေကျင်းတစ်ယောက် တစ်ခုခုလုပ်ရန် ဆုံးဖြတ်လိုက်လေသည်။

ငါလူကောင်းအဖြစ်ကူးပြောင်းသွားပေမဲ့ဗီလိန်တွေရဲ့အသိုက်ထဲကျသွားတယ်Where stories live. Discover now