အပိုင်း (၁)

45 3 0
                                        

"ကိုရောင်ခြည်သစ် အနေနဲ့ ခုအသစ်ထွက်လာတဲ့ series အပေါ်ဘာများပြောချင်ပါသလဲရှင့်။"

ရောင်ခြည် က ခပ်သေးသေးအပြုံးတစ်ခုလှစ်ဟလိုက်ကာ၊ ကင်မရာအားကြည့်လျက်။

"ဒီ series မှာ ညီလေးတိမ်တိုက် ရဲ့ ပထမဆုံး series ဖြစ်တဲ့အပြင် ညီလေးရော၊ ကျတော်ရော၊ သေချာလေးကြိုးစားထားတာမို့၊ အားပေးကြပါအုံး ခင်ဗျ။"

ထို့နောက် သူကဆက်မပြောခင်၊ ဘေးရှိ တိမ်တိုက် ရဲ့လက်ဖဝါးလေးအား ပြုံးကာဆုတ်ကိုင်လျက်၊ ကင်မရာဆီသို့ အနည်းငယ် ဝံ့ကာထောင်ပြလိုက်သည်။

"ကျတော်တို့ရဲ့ အချစ်‌လေးတွေကိုလည်း မြင်ရမှာမို့၊ သေချာဆက်ဆက်စောင့်ကြည့်ပေးကြပါနော်။"

တိမ်တိုက် က ဘာမှမပြောပဲ၊ ရောင်ခြည့် မျက်နှာအားလှမ်းကြည့်ကာ အပြုံးချိုချိုလေးဖြင့်သာ ပြုံးလိုက်သည်။ သူတို့နှစ်ယောက်၏ ချိုမြိန်ဖွယ် connection ကြောင့် သတင်းထောက်များ၏ အပြုံးအပြင်၊ ပရိတ်သတ်များဆီမှ အော်ဟစ်သံများလည်း တစ်ဟုန်ထိုးထွက်ပေါ်လာတော့သည်။
•••
ခေတ်မီဖွင့်ဖြိုးတိုးတက်လာမှုနှင့်အတူ၊ လူများ၏ခံယူချက်မှာလည်း ပြောင်းလဲလာခဲ့သည်။ တစ်ချိန်က လိင်တူချစ်ကြိုက်ခြင်းအား ဆိုးရွားစွာ ပြစ်တင်ရှုံ့ချခဲ့သော်လည်း၊ ယခုတွင် ပိုမိုလွတ်လပ်ခွင့်ရခြင်းနှင့်အတူ လိင်တူချစ်ကြိုက်သည့် ရုပ်ရှင်များမှာလည်း ကမ္ဘာတစ်ဝှမ်း သျှမ်းသျှမ်းတောက် အား‌ပေးမှုရကာ အောင်မြင်လျက်ရှိသည်။

Blue Agency သည် Bl series များအား အဓိကထုတ်လုပ်သည့် company တစ်ခုဖြစ်ပြီး၊ ၎င်း၏လက်အောက်တွင်လည်း အောင်မြင်လျက်ရှိသည့် အနုပညာရှင်များစွာရှိသည်။ ရောင်ခြည် မှာလည်း ထိုအောင်မြင်ကျော်ကြားသူထဲမှ တစ်ယောက်ဖြစ်၏။

သို့သော် အလုပ်partner မှာကိစ္စတစ်ချို့ကြောင့် company မှ ထွက်သွားခဲ့ပြီး၊ ရောင်ခြည် လက်ရှိ လက်ခံထားသည့် project အတွက် partner အသစ်လိုနေခဲ့သည်။

"အဆင်မပြေရင်၊ ဒီ project ကို ငါတို့ငြင်းလိုက်ကြမလား၊ ရောင်ခြည်။"

မန်နေဂျာအစ်မ ယုယ က ဖိုင်တွဲအား လှန်လှောကြည့်ကာ၊ ရောင်ခြည် အားလှမ်းမေးသည်။ ရောင်ခြည် က ဇာတ်ညွှန်းအား သေချာအာရုံစိုက် ဖတ်နေပုံရပြီး၊ မကြာခင် မျက်နှာပေါ်၌ အပြုံးတစ်ခုပေါ်လာသည်။

Life Partner Where stories live. Discover now