အရင်ဦးဆုံး ဘာကိုမှ မပြောခင်..မင်္ဂလာပါရှင့်။
ကျွန်မအနေနဲ့ အခုမှ စာစရေးဖူးတဲ့သူတစ်ယောက်လို့ ကျွန်မကိုယ်ကျွန်မ မမြင်ပါဘူး...အကြောင်းက ရေးလက်စတွေက အထက်ကောင်းကင်ဘုံအထိပုံအော ထိုးတက်နေတာတွေရှိလို့ပါ။ အစပဲရှိပြီး အဆုံးရှာမရသေးတဲ့ File တွေ အများကြီးပိုင်ဆိုင်တဲ့ စာရေးဝါသနာပါသူတစ်ဦးဆိုလည်း မမှားပါဘူး။
ကျွန်မ BL လောကထဲက အကြောင်းအရာအလုံးစုံကို သိတဲ့သူမဟုတ်ပါဘူး။ Y Series တော်တော်များများကို ကြည့်ဖူးပေမဲ့ ဘစိလည်းမရှိခဲ့သလို Ship နေတဲ့ အတွဲလည်းမရှိခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ရှိနေပါပြီ။ Khemjira Series ကို ကြည့်လို့အပြီးမှာ နှစ်ယောက်သားကို အရမ်းလွမ်းမိတာမို့ Fanfic တွေရှာကြည့်တဲ့အခါ မြန်မာပြည်မှာ လင်ကောင်းသားကောင်းရှာရသလို ရှားပါးနေတာတွေ့တော့ "ဤဖေကိုယ်ပဲ ထရေးတော့မယ်ဟေ့" ဆိုပြီး ချရေးလိုက်တဲ့ Fanfic တစ်ပုဒ်ပါ။ Title အတိုင်း Cake သားပေါ်က Strawberry လေးလို အချိုသီးသန့်မို့လို့ ပေါ့ပေါ့ပါးပါးပါပဲ။
စိတ်ဝင်စားရင် လိုက်ပါဖတ်ရှုပေးကြပါ...ဝင်စားစရာစိတ်မရှိရင်တော့ လှည့်ပြန်ကြလေရော့။ Update ကတော့ မမှန်လောက်တာမို့ အာမချောင်တော့ပါဘူး...မြန်နိုင်သမျှမြန်အောင်တော့ ကျွန်မတင်ပေးပါ့မယ်။ ကျွန်မအနေနဲ့ တောင်းဆိုစရာက တစ်ခုပဲရှိပါတယ်။ စာလုံးပေါင်းသတ်ပုံမမှန်တာတွေ့ရင် သတိပေးစေချင်ပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း အဲ့ကိစ္စကို Sensitive ဖြစ်တဲ့ လူစားမျိုးမို့လို့ပါ။
ကျွန်မအနေနဲ့ ဒီFanfic ကို ရေးသားရာမှာ Phi တို့ရဲ့ ပုံရိပ်ကို ညိုးနွမ်းသွားစေလိုတဲ့စိတ်၊ထိခိုက်စေလိုတဲ့စိတ် ကင်းကြောင်းပြောပါရစေ။ ဒီ Fic က ကျွန်မရဲ့ စိတ်ကူးယဥ်ဖန်တီးမှုတစ်ခုပါပဲ။
Purple Blue
