Hello တစ်ခုလောက်ပြောချင်လို့ပါ Red linesရေးတဲ့အာသာပါရှင့် Rae ရဲ့accလေးကလုံးဝဝင်လို့မရတော့လို့ပါ အဲ့တာaccသစ်လေးဖွင့်လိုက်ရတာပါ ဒီaccလေးကိုပဲဆက်သုံးသွားပြီးRed linesလေးကိုလဲဒီမှာပဲတင်ပါမယ်နော် တခြားficတွေလဲရေးဖို့ရှိတာမို့လို့ လိုက်ပါပေးကြပါအုံး အားလုံးပဲစ,ဖတ်လို့ရပါပြီရှင့်
Geonwoo - ခင်ဗျားတစ်နေ့ကျရင်ကျွန်တော့ကိုသေချာပေါက်ပြန်ချစ်လာမှာ အခုလုပ်ရက်အတွက်နောင်တမရနဲ့
အမည် - Kim geonwoo
လက်ရှိအသက် - 18နှစ်
အလုပ်အကိုင်-အထက်တန်းကျောင်းသား
Leo - ငါ့ရဲ့အချစ်တွေကငါနဲ့မျိုးတူတစ်ယောက်အတွက်မဟုတ်ဘူး
အမည် - Lee Leo
လက်ရှိအသက် - 20
အလုပ်အကိုင် - တက္ကသိုလ်ကျောင်းသား
Intro
မိုးအုံ့ပြီး ကောင်းကင်ကြီးမှောင်မဲနေချိန် ထီးမယူခဲ့မိတာကိုနောင်တရချင်သလိုလို မကြာပါဘူးမိုးတွေကသည်းကြီးမည်းကြီးရွာလာခဲ့ပြီ
"ကျစ်! ဒီနေ့ကျမှပဲထီးကမယူခဲ့ဘူး မိုးကစိုကုန်ပြီ"
"ဒီမှာညီလေး မိုးရွာနေတယ် ထီးမပါဘူးလား"
ခေါ်သံကြားလို့လှည့်ကြည့်မိတော့လူကပျောက်ရုပ်အလားတောင့်တောင့်ကြီးရပ်ကြည့်နေမိတာ အတော်အတန်ကြာအောင်ရပ်နေမိပြီး ရင်ခုန်သံတွေကိုလျစ်လျူရှူလိုက်သည် မဖြစ်နိုင်တဲ့မြင်မြင်ချင်းအချစ်ကြီး!!!
"ဒီမှာ ညီလေး"
"အော် ဗျာ ဟုတ်ကဲ့"
"အိမ်ပြန်မှာထီးမပါဘူးလားလို့မေးနေတာ"
"ဟုတ်ကဲ့ ဒီနေ့မေ့သွားတာ"
"အကိုလိုက်ပို့ပေးမယ်"
"ဗျာ????"
