Part 1

123 9 2
                                        

Unicode......

'ဒိုင်း'

အခန်းကျဉ်းတစ်ခုတည်းမှပေါ်ထွက်လာသော  ကျယ်လောက်လွန်းတဲ့အသံ......
ထိုအသံကိုဖန်တီးလိုက်သူက

"တယောက်မှရှေ့တိုးမလာနဲ့
ပစ်လိုက်မယ်"

ဟုဆိုလိုက်သည်။ထိုသူ၏ပုံစံမှာ အရမ်းကိုထိန့်လန့်ကြောက်ရွံ့ကာ ဂနာမငြိမ်ဖြစ်နေပုံရသော်လည်း  သူခြိမ်းခြောက်ခြင်းခံရသောလူတစ်စုကတော့  သူနဲ့ဆန့်ကျင်စွာတည်ငြိမ်နေလေသည်။

"အခုချိန်မှာ လက်နက်ကိုချပြီး အေးဆေး အဖမ်းခံလိုက်တာ အကောင်းဆုံးဖြစ်မယ်ထင်တယ်နော်"

သူရှေ့မှလူတယောက်ကဆိုလိုက်တော့....

"မချဘူး အဖမ်းလည်းမခံနိုင်ဘူး မင်းတို့အားလုံးကိုသတ်ပြီး  ငါထွက်ပြေးမှာ"

"အေးဆေးပြောနေတုန်း အဖမ်းခံလိုက်ပါ မဟုတ်ရင်ကျွန်တော်တို့အားသုံးရပါလိမ့်မယ်"

"အားမလိုက်ဘူး ငါ...ငါထွက်ပြေးမှာမင်းတို့အားလုံးထွက်သွားကြ...သွား"

"ကျစ်...ဒီလူကတော့ငါ့ကိုစိတ်မရှည်အောင်လာလုပ်နေတယ်"

လို့ သူရှေ့မှလူကရေရွတ်လိုက်ပြီး အရှေ့တိုးသွားမည်အပြု....

"ထားလိုက်ပါ  Hyung လွယ်တာကိုခက်အောင်လုပ်မနေတော့နဲ့ ပြန်ကြရအောင်"

ထိုင်ခုံတစ်လုံးပေါ်တွင်တည်ငြိမ်စွာထိုင်နေသော ကောင်‌ငယ်လေးရဲ့စကားကြောင့်......

"ကောင်းပြီလေ"

ဆိုကာသူတို့အားလုံးအပြင်ထွက်လာလိုက်ကြသည်။သူတို့ထဲမှတယောက်မှ

"ဒါပေမယ့်....."

"စိတ်ရှည်ပါ ပြီးတော့ငါတို့အဖွဲ့မှုးကိုယုံကြည်ထားလိုက်ကြရအောင်လေ"

"ဟုတ်ကဲ့ပါ"

"အဟား Hyung အကြောလျော့ထားတော့"
စကားဆုံးပြီးမကြာမှီပွင့်လာသောတံခါးနဲ့အတူ ထွက်ပေါ်လာသော'ဒုတ်'ဆိုတဲ့အသံ
ခင်ပြင်းပြင်းလက်ဝါးဇောင်းအရှိန်ကြောင့်လဲကျသွားသောသူ.....

"သယ်ခဲ့လိုက်ပြီး စခန်းကိုတစ်ခါတည်းပို့လိုက်ပါ   ပြီးရင်ဆုံနေကျဆိုင်မှာတွေ့မယ် ကဲ let go"

Name of love Stories to obsess over. Discover now