(1)

1.2K 76 10
                                        

Unicode

နက်စွေးစွေး အနောက်တိုင်းဝတ်စုံနှင့် လေး‌ထောင့်ကိုင်း မျက်မှန်ကို တပ်ထားသူ၏ မျက်ခုံးများက ကြုံ့နေကာ တစ်ခုခုကို အလိုမကျနေဟန်တူသည်။
အကြောင်းအရင်းမှာ I pad မှ တဆင့် ကြည့်နေသော ထိုသတင်းတစ်ပုဒ်ကြောင့် လီအိုတစ်ယောက် စိတ်ရှုပ်နေရခြင်းသာ ဖြစ်ပါသည်။

“ The Emperor company စီအီးအိုနှင့် influencer တို့၏ ရင်ခုန်စရာကောင်းသာ အချစ်ရေး ” တဲ့။

ဘယ်လောက်တောင် အဓိပ္ပာယ်မရှိတဲ့ အရာကြီးလဲ ...။

The Emperor company စီအီးအိုက အီလီယိုဆိုတဲ့ သူကိုယ်တိုင်ပဲလေ။
ဒါဆို ဒီမှာရေးထားတဲ့ ရင်ခုန်စရာကောင်းတဲ့ အချစ်ရေးဆိုတာ ဘယ်သူနဲ့လဲ။
အဲ့ဒီ influencer ဆိုတာကရော ဘယ်သူလဲ။

ထည့်ထားတဲ့ ပုံအရ ထိုနောက်ကျောပိုင်ရှင်က သူဖြစ်တာတော့ မှန်ပါသည်။
ဒါဆို ဘေးက တစ်ယောက်ကရော..
မဟုတ်မှလွဲရော ဂေဟာမှာ တွေ့ခဲ့တဲ့ တစ်ယောက်လား။

မေးခွန်းပေါင်းများစွာနှင့် စိတ်ရှုပ်လာသည်မို့ အတွင်းရေးမှူး ဂျွန်ဆောဟျောင်းကို ခေါ်လိုက်ကာ

“ ဒီ သတင်းထဲက influencer ဆိုတဲ့ တစ်ယောက်နဲ့ တွေ့ချင်တယ်
လိပ်စာစုံစမ်းပေးပါအုံး ဂျွန်ဆောဟျောင်း  .. ”

“ ဟုတ်ပြီ လီအို
ဒါနဲ့ article ကိုရော ဘယ်လိုလုပ်ချင်လဲ ဖျက်ချလိုက်ရမလား ”

“ မဖျက်ဘူး ဟျောင်း
ကျွန်တော် အဲ့တစ်ယောက်ကို ကိုယ်တိုင်သွားတွေ့ပြီး မေးအုံးမှာ
ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲ မသိပေမဲ့ ကျွန်တော်တို့ လတ်တလောချဲ့ထွင်နေတဲ့ ဘက်နဲ့ တစ်မျိုးမျိုး ဆက်နွယ်နေမှာ စိုးလို့ ”

လီယို့စကားကို ဂျွန်ဆော‌ဟျောင်းက ခေါင်းညိမ့်ပြရင်းဖြင့် အခန်းထဲမှ ထွက်သွားလေသည်။

ဂျွန်ဆောဟျောင်းဆိုတာက အမေ့၏ မောင်၊
လီယို၏ ဦးလေးပေမဲ့ လီယို့အဘွားက အမေ့ကိုမွေးပြီး ၁၇နှစ်ကြာမှ ရခဲ့သော ကလေးမို့ လီယိုနှင့်ဆိုလျှင် ၇နှစ်သာ ကွာပါသည်။

ဂျွန်ဆောဟျောင်း ထွက်သွားပြီးနောက် မရှေးမနှောင်းပင် မည်လာသော တယ်လီဖုန်း အသံကြောင့် ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်ချိန်တွင်မူ

All the Ashes,Only "WON"Where stories live. Discover now