တစ်

1.1K 102 16
                                        

"ဝါး ခုပြန်တွေးရင် အခု ခံစားချက်တွေက ဆန်းသစ်နေ
တုန်းပဲ"

"စလာပြီစလာပြီ "

"ဒါတောင် ဘီယာတစ်ခွက်ပဲရှိသေးတာလားလို့"

"ကျွန်တော် အတည်ပြောနေတာပါဆို "

"ဟုတ်ပါပြီ ပြောပါပြောပါ"

"စဉ်းစားကြည့်လေ ကျောင်းပြီးသွားကြကတည်းက
ကျွန်တော်တို့အကုန် တစ်ယောက်တစ်နေရာဆီ လေ
အခုမှ ပြန်ဆုံကြတော့လည်း အကုန်လုံးကမပြောင်းမလဲနဲ့
ကျွန်တော်ကလွဲရင်ပေါ့ ကျွန်တော်ကတော့ ရည်းစားလေးနဲ့လေ"

"သေပါရစေတော့ ချန်းခိုင်၀မ်ရာ"

"မာဆာတိုတစ်ယောက်လည်း ဘာလို့ အဖြေပြန်ပေးလိုက်မှန်း
ကိုမသိဘူး "

"မှတ်လောက်သားလောက်အောင် ငါးနှစ်လောက်ထပ်
စောင့်ခိုင်းရမှာ"

အားလုံးရဲ့ အမျိုးမျိုးသော ညည်းညူသံတွေကို‌ နားထောင်
ပြီးမှ ခိုင်၀မ်တစ်ယောက် အားရကျေနပ်မှုအပြည့်ဖြင့်
ဘီယာတစ်ချိုက် ထပ်သောက်သည်

"နောက်ထပ် ပြောင်းလဲ တဲ့သူရှိပါသေးတယ်ကွ
ကျိုးအန်းရှင့်လေ ကျောင်းတုန်းက ထားလိုက်တဲ့ရည်းစား
ဆိုတာ သူ့သက်စေ့ပဲ ခုတော့ ငြိမ်ချက်သားကောင်းနေလိုက်
တာများ တရားများပေါက်သွားတာလားလို့ "

သူ့ကို ဦးတည်လာတဲ့ စကားဝိုင်းကို အန်းရှင့်က ပါးချိုင့်တွေ
ပေါ်အောင် ပြုံးရင်းသာ လက်ခါပြ‌လိုက်သည် ဒါပေမယ့်
စကားဝိုင်းက သူ့ဆီဦးတည်လျက်ရှိဆဲ

"ရယ်ရတာက‌ဘာလဲသိလား ကျောင်းပြီးရင် တရုတ်ပြန်မယ်
ဆိုတဲ့ကောင်က ခုထိ တရုတ်ကို ခြေတစ်လှမ်းတောင်ပြန်
မရောက်သေးတာပဲ "

"နေဦး နေဦး အန်းရှင့် ကျိုးအန်းရှင့် ငါအခုမှ တွေးမိလို့"

ချန်းခိုင်၀မ်က လက်ညိုး တစ်ထောင်ထောင်နဲ့ အန်းရှင့်ဘက်
လှည့်လာကာ မျက်လုံးတို့ကို မှေးစင်းကြည့်နေသည်

"မင်း အဲ့တစ်ယောက်ကြောင့်မလား "

"ဘာကို"

"ဘာကြီးတုန်း"

"ငါမှတ်မိပါသေးတယ် မင်း အသည်းအသန် ငိုခဲ့တဲ့တရက်ကို
အဲ့နောက်ပိုင်းကတည်းက မင်းငြိမ်ကျသွားတာလည်း
ငါမှတ်မိတယ် မင်းကိုအဲ့လိုဖြစ်အောင်လုပ်သွားတဲ့တစ်ယောက်
ကြောင့်မလား ဒီမြေ‌မှာ ခြေချုပ်မိမှာစိုးလို့ မင်းအန်တီရဲ့
ကော်ဖီဆိုင်ကို လွှဲမယူဘူးဆိုပြီး ခြေပစ်လက်ပစ်ငြင်းခဲ့တဲ့
မင်းလိုလူက ရုတ်တရက်ကြီး ဒီမြေကနေ ခြေတစ်လှမ်းတောင်
မခွာပဲ ဒီလို အ အ ! ဟောက်ကော နာတယ်ဗျ "

We're (Never Ever) Getting Back Together Tempat cerita menjadi hidup. Temukan sekarang