I

24 2 0
                                        

ကျူးရိယမ် တိုင်းပြည်။

ကျူးရိယမ်တိုင်းပြည်ဟာ စီးပွားရေးအရရော နိုင်ငံရေးအရရော အဘက်ဘက်က ပြည့်စုံတဲ့ တိုင်းပြည်တစ်ခု ဖြစ်တယ်။တိုင်းပြည်အ‌ေပါ်ကို ကလေး လူကြီး ကျားမ မရွေးက အလုပ်အကျွေးပြု သစ္စာစောင့်သိကြတဲ့ အတွက် တိုင်းပြည်ကြီးက ငြိမ်းအေးချမ်းသာမှုတွေနှင့် အလွန်စည်ကားလျက်ရှိ၏။

သို့ပေမယ့် တိုင်းပြည်ကြီးဟာ အခက်အခဲတစ်ခုကို ရင်ဆိုင်ကြုံတွေ့နေရတယ်။အဲ့ဒီ့အခက်အခဲကတော့ ဧကရာဇ်၀မ် နှင့်ဧကရီ မယ်မယ် ပင်း၏ တစ်ဦးတည်းသော သားတော်လေး အိမ်ရှေ့စံ ၀မ်ရိပေါ်ဟာ တိုင်း ပြည်ရေးရာကို စိတ်မ၀င်စားဘဲ တရားဓမ္မမှာသာ ပျော်‌ မွေ့နေလို့ပဲ ဖြစ်တယ်။

အသက်ဆယ်နှစ်အရွယ်ကတည်းက အခြားကလေး ငယ်တွေလို့ ခုန်ပေါက်ကစားလေ့မရှိဘဲ တစ်ကိုယ်တည်း စိတ်တည်ငြိမ်အောင် တရားထိုင်လေ့ရှိသည့် အိမ်ရှေ့စံ ၀မ်ရိပေါ်ဟာ အသက်နှစ်ဆယ် ပြည့်လာသည့် အခါမှာတော့ မိဘနှစ်ပါးထံမှ ရာသက်ပန် တရားဓမ္မကျင့်ကြံခွင့်ကို တောင်းခံပါသတဲ့။

ဤတောင်းဆိုမှုကြောင့် ဧကရာဇ်တို့ ဇနီးမောင်နှံမှာ အင်မတန်တုန်လှုပ်သွားခဲ့ ကြတယ်။သူတို့ရဲ့ တစ်ဦးတည်းသော သားလေးက မိမိတို့ကို စွန့်ခွာပြီးထွက်သွား မှာကို မလိုလားခဲ့ကြဘူး။ အထူးသဖြင့် ကျူးရိယမ် ရဲ့နန်းမွေခံမရှိတော့မှာကိုပဲ။ မင်းသားတစ်ပါး အနေနှင့် မပြောနှင့်။ သားသမီး တစ်ယောက်အနေနှင့် ဒီကိစ္စက ကောင်းတဲ့ကုသိုလ်ရေး ကိစ္စ ဖြစ်ပေမယ့် မိဘတစ်ယောက်ရဲ့ အတ္တက လွန်ဆွဲလေတော့။အပယ်ငရဲမှာ နာမည်စာရင်းသွင်းပြီး သာသနာ ဖျက်ရတော့မှာပဲ။

ဒါကြောင့် ဧကရီမယ်မယ်ပင်းက သားတော်လေးကို ချော့မြူပြီး တားမြစ်သည်သာမက ခမည်းတော် မင်းကြီးကလည်း အာဏာကို သုံးပြီး ခြောက်လှန့်တားမြစ်ခဲ့တယ်။သို့ပေမယ့်ဆန္ဒပြင်းပြသည့် မင်းသားငယ်မှာ  ကုဟွာ အမည်ရ တောအုပ်ထဲသို့ တိတ်တဆိတ်၀င်ရောက်ကာ တရားဓမ္မ ကျင့်ကြံဖို့ ကြိုးစားရှာလေတော့တယ်။

မင်းသား၀မ်ရိပေါ်ပျောက်ဆုံးသွားကြောင်း သိရှိသွားသည့် မိဘနှစ်ပါးမှာတော့ ပူပန်မှုအပြည့်နှင့် ဖြစ်သလို တိုင်းသူပြည်သားတွေကလည်း နန်းဆက်ပျက်သုန်းသွားမှာကို စိုးရိမ်လာကြတော့သည်။

Imaginary Where stories live. Discover now