အရှင့်ပါးစပ်ဖျားက ကြင်ယာတော်ဟု မက်မက်မောမောငြီးလိုက်တိုင်း သူမအသဲကတဆစ်ဆစ်နာရပေမဲ့ ဒီယောက်ျားဟာ ကိုယ့်လူဖြစ်ခဲ့ပြီဆိုတာတွေးမိရင် အရှင့်ရဲ့အချစ်တွေကို သူမကျေနပ်စွာလက်ခံခဲ့သည်။
သမားတော်စီမှ ဆေးယူပြီးပြန်လာတော်အထိန်းတော်ကြီးသည် အရှင့်နန်းဆောင်ထဲရောက်သည်နှင့် ရေချိုးဆောင်ဘက်မှ တခါတရံထွက်လာသော ချစ်ကြည်နူးသံများကြောင့် တအံ့တသြနှင့် အပြင်ပြန်ထွက်လာရသည်။
မိဖုရားနဲ့ပေါင်းဖက်ဖို့ အမြဲတမ်းငြင်းဆန်နေတဲ့အရှင်က သူအလိုရှိတော့လည်း ညဘက်ရောက်သည်အထိတောင်မစောင်ခဲ့ပါတော့လား။
ဒီသတင်းကောင်းကို မယ်မယ်မိဖုရားသိအောင်လည်းလျှောက်တင်ရအုံးမည်။
ဒီအတိုင်းဆို မယ်မယ်မိဖုရားစိတ်ပူနေသော အရှင်မင်းကြီးရဲ့မျိုးဆက်အတွက်စိတ်ပူဖို့မလိုတော့ဘူးပဲ။
"ဘာတွေများပြုံးနေတာလဲ အထိန်းတော်ကြီး"
"အမယ်လေး...ကြင်ယာတော်လေး"
ကြင်ယာတော်လေးရောက်လာတာကိုတောင်သတိမထားမိသည်အထိ အထိန်းတော်ကြီးလည်း အမှုမဲ့အမှတ်မဲ့ဖြစ်သွားရသည်။
ကြင်ယာတော်လေးသည် တစ်ခါမှမဝတ်ဖူးသည့် ဆင်စွယ်ရောင်ဝတ်ရုံနှင့်ဖြစ်ပြီး အခါတိုင်းထက်နုနယ်နေသယောင်ခံစားရသည်။
သူ့ရဲ့ဆံပင်ရှည်တွေကိုဖြန့်ချထားပြီး ဘေးနှစ်ဖက်တွင် သုံးပင်လိမ်လေးတွေကျစ်ထားသေးသည်။
"ဟော...ဘာလို့အဲလောက်လန့်သွားတာလဲ ကျွန်တော်အရှင့်နန်းဆောင်ကိုမလာတာကြာလို့ မေ့သွားတာများလား"
"မဟုတ်ရပါဘူးကြင်ယာတော်လေး ရုတ်တရက် သတိမထားမိလိုက်တာပါ"
"ဟုတ်ပါပြီဗျာ...အရှင်ရော အဆင်သင့်ဖြစ်နေပြီလား အရှင့်အတွက် ဝတ်ရုံရွေးထားပြီးပြီလားအထိန်းတော်ကြီး မရွေးရသေးရင် ကျွန်တော်ရွေးပေးမလို့"
"မရွေးရသေးပါဘူးကြင်ယာတော်လေး"
"အဲဒါဆို ကျွန်တော်ရွေးလိုက်မယ်
အရှင်အထဲမှာရှိတယ်မို့လား"
"ကြင်ယာတော်လေး..ခဏ..ခဏနေပါအုံးဘုရား..."
အရှင်မင်းကြီးရဲ့အိပ်ဆောင်ထဲဝင်တော့မည်ကြင်ယာတော်လေးကိုအမြန်တားရသည်။
အခုအချိန်မှာကြင်ယာတော်လေးဝင်သွားလို့ ဘယ်လိုမှမသင့်တော်ဘူးမို့လား။
အရှင်မင်းကြီးနဲ့မိဖုရားအတွက်ကဝမ်းသာစရာပေမဲ့ ကြင်ယာတော်လေးဘက်ကကြည့်မည်ဆို ဒါကနာကျင်စရာဖြစ်လိမ့်မည်။
"ဘာလို့လဲ အထိန်းတော်ကြီး၊
အရှင်မရှိလို့လား ဒီနေ့ညီလာခံလည်းမရှိဘူးလေ အကုန်လုံးနှုတ်ဆက်ပွဲအတွက်ပြင်ဆင်နေကြတာမဟုတ်လား"
"ကြင်ယာတော်လေး အထဲဝင်လို့မဖြစ်ပါဘူးဘုရား...ပွဲတော်ကျင့်ပရာစီအရင်သွားတာဖြစ်ဖြစ်လုပ်ရမယ်ထင်ပါတယ်ကြင်ယာတော်လေး ပြီးရင်ကျွန်တော်မျိုးကြီးက အရှင့်ကိုပြောပေးပါ့မယ်ဘုရား"
ကြင်ယာတော်ကျစ်ယွီ အနည်းငယ်စိတ်စနိုးစနောင့်ဖြစ်သွားရသည်။သူ့ကိုဘယ်တုန်းကမှ မတားဆီးဖူးတဲ့အထိန်းတော်ကြီးက အခုမှဘာလို့အထဲမဝင်စေချင်နေရတာလဲ။
အရှင့်နန်းဆောင်ထဲအကုန်မျက်စိကစားကြည့်တော့ အမှုထမ်းနန်းတွင်းသူ နန်းတွင်းသားဘယ်သူမှကိုရှိမနေတာဖြစ်သည်။
"မိဖုရားရောက်နေတာလား"
"ကြင်ယာတော်လေး..."
"ကျွန်တော်မေးတာပဲဖြေ မိဖုရားရွှန်းရမ်အထဲမှာရှိတာလား"
အထိန်းတော်ကြီးက မျက်နှာမအီမသာနှင့်ခေါင်းငြိမ့်သည်။
ကျစ်ယွီလက်သီးတစ်ဖက်ကိုစုပ်လိုက်မိသည်။
"ကိုယ်ရံတော်ချန် တံခါးဖွင့်လိုက်"
YOU ARE READING
Once Again - [Completed]
Fanfictionကျွန်တော် အရှင့်ကိုစောင့်နေခဲ့တာ ဘယ်လောက်ကြာပြီထင်လို့လဲ...နှစ်ပေါင်းတစ်ထောင့်ငါးရာအရှင်ရဲ့... 🍁 (9 Sep 2025 - 16 Dec 2025)
Part 10
Start from the beginning
![Once Again - [Completed]](https://img.wattpad.com/cover/401309367-64-k678277.jpg)