Intro

875 52 0
                                        

ရှေးဟောင်းပစ္စည်းတွေကို ငယ်စဉ်တည်းက သဘောကျ နှစ်သက်ခဲ့တဲ့ကျန်းဟန်။ ဘယ်လောက်ထိသဘောကျလဲဆိုရင် ထိုပစ္စည်းတွေကိုကြည့်နေရရင်ကိုသူ့မှာတမေ့တမော။ ထိုပစ္စည်းတွေရဲ့ပုံစံ၊ လက်ရာတွေကို လေ့လားခွဲခြားနေတဲ့အချိန်ဆိုသူ့မှာ ပတ်ဝန်းကျင်ကိုတောင်မေ့နေတဲ့အထိကိုစိတ်ဝင်စားတာ။

အခုလည်းထုံးစံတိုင်း သူတိူ့မြို့ရဲ့လမ်းကြားလေးမှာရှိတဲ့ရှေးဟောင်းပစ္စည်းအရောင်းဆိုင်ကို ပစ္စည်းအသစ်ရလိုငြားထပ်သွားပြန်ပြီ။ အထဲဝင်လိုက်သည်နှင့် ခင်းကျင်းထားတဲ့ပစ္စည်းတွေကိုသူတခုချင်းအာရုံစိုက်ကြည့်နေမိသည်။ ထို့နောက်သူ့ခြေအစုံကတနေရာမှာရပ်တန့်လို့သွားသည်။

"ဒီမှန်ကိုစိတ်ဝင်စားပုံရတယ်နော် လူလေး''

ဆိုင်ပိုင်ရှင်အသက်ခပ်ကြီးကြီးဉီးလေးကြီးက မျက်မှန်အောက်ကနေပြုံးလို့သူ့ကိုမေးလာခဲ့တယ်။

ကျန်းဟန်ပြန်ဖြေဖို့အာရုံရမနေဘဲ။ သူ့အာရုံကသူ့အရှေ့ကပစ္စည်းဆီမှာသာနစ်ဝင်လို့နေတယ်။သူ့လက်နဲ့မှန်ရဲ့ဘေးဘောင်ကိုအသာပွတ်သပ်လိုက်တယ်။ မှန်ကတခြားမှန်တွေနဲ့မတူပဲပိုထူပြီးကြေးညိုရောင်သစ်သားဘောင်ပေါ်မှာ ရွှေမျှင်စလေးတွေနဲ့အနုစိတ်ထွင်းထားတယ်။

လက်ရာကအလယ်ခေတ်လက်ရာပုံဖြစ်ပြီး အနောက်တိုင်းပုံစံအနည်းငယ်လွှမ်းမိုးလို့ဒီလက်ရာက လွန်ခဲ့တဲ့နှစ်ရာကျော်လောက်သတ်တမ်းရှိတယ်လို့ကျန်းဟန်ခန့်မှန်းလိုက်သည်။ထို့အပြင်ပိုထူးဆန်းသလိုဖြစ်နေတာက မှန်ရဲ့မျက်နှာပြင်ပဲ။ မှိုင်းညို့နေပြီး အရိပ်တွေအထပ်ထပ်ကျနေသလိုမျိုးသူ့ကိုခံစားရစေသည်။

"ဒီမှန်က....ပုံမှန်ရောင်ပြန်ဟပ်တာမျိုးမရှိဘူး...တခုခုကိုမြိုသိပ်ထားသလိုပဲ''

ကျန်ဟန်းတကိုယ်တည်းရေရွတ်လိုက်မိသည်ဖ။ ဒါကိုကြားတဲ့ဆိုင်ရှင်က...

"အဲ့ဒါကြောင့်ပဲ သူဒီနေရာမှရှိနေတာ...တချို့ကတော့သူ့ကို 'အချိန်ကြေးမုံ'လို့ပြောကြတယ်

ကြည့်ရတာလူလေးသူ့ကိုကြည့်နေတာတော်တော်ကြာနေပြီ...မယူပဲပြန်သွားဖို့မဖြစ်တော့ဘူးထင်တယ်''

In the other side✅Bağımlısı olacağınız hikayeler. Şimdi keşfedin