暑假我偶然遇到初恋了。
(နွေရာသီကျောင်းပိတ်ရက်မှာ
အမှတ်မထင် အချစ်ဦးနဲ့တွေ့ဆုံခဲ့တယ် )
အိမ်တွင်တစ်ပတ်တစ်ခါကင်ချီစိမ်သည်မို့ မိမိ၏တစ်ပတ် တစ်ပတ် တာ၀န်သည်လည်းမုန့်ညှင်းထုပ်ထွက်၀ယ်ပေးရန်ဖြစ်သည်။ စတိုခန်းထဲမှစက်ဘီးကိုထုတ်လိုက်ပြီး နေကျနေတုန်း အမြန်လေးပြေး၀ယ်ရန်ပြင်ဆင်လိုက်ပါတော့သည်။ ကမ်းခြေနှင့်နီးသည့်မြို့ဖြစ်သည့်အတွက် အသားအရေ ထိခိုက်မယ်စိုးသည်ကြောင့် အပေါ်ထပ်အင်္ကျီသည်လည်းမပါမဖြစ်။
မွေးရပ်မြေလည်ဖြစ်သလို..မိဘတွေကပါမြို့ခံဖြစ်သည့်အတွက် တစ်ရပ်ကွက်လုံးတွင်ဆန်းဟျွန်းကိုမသိသည့်သူမရှိချေ..တစ်ခါတစ်လေဆို ဦးလေးကြီးတစ်ချို့နှင့်ငါးဆင်းဖမ်းတတ်သေးသည်မို့..အသက်အရွယ်အပိုင်းအခြားဘယ်လောက်နှင့်မဆိုဆန်းဟျွန်းသိသည်။ social butterflyလေးဟုပဲခေါ်ရမည်ထင်သည်။ နားတွင် headphonesကိုတပ်လိုက်ပြီးကိုယ့်အရှိန်နှင့်သာကိုယ်နင်းလာခဲ့ပါသည်။
အမေမှာသည့်မုန့်ညှင်းထုပ်တွေကို၀ယ်လာခဲ့ပြီး ကြက်သွန်မြိတ်ပါ ပိုပိုလိုလို ၀ယ်သွားရန်ဆုံးဖြတ်လိုက်တော့သည်။ ကံကောင်းစွာဖြင့်အမေပေးလိုက်သည့်ငွေကလုံလောက်ခဲ့ပါသည်။
စျေးကနေပြန်အထွက်..အိမ်နားရောက်ခါနီးလမ်းချိုးတစ်ချိုးသို့ရောက်တော့
" ဟိတ်လူ!! ဟိတ်လူ လမ်းဖယ်!!!! "
အာ့..!
ဆန်းဟျွန်းလည်းတိုက်မိသွားသည့်သူ့ကြောင့်စက်ဘီးကိုဓာတ်တိုင်နေရာမှာထောင်ခဲ့ကာ ထောက်တောင်ထောက်ချိန်မရ။
" တောင်းပန်ပါတယ်..ခင်ဗျားအဆင်ပြေရဲ့လား "
" 你眼睛瞎了吗 ?? "
" အယ်..နိုင်ငံခြားသားထင်တယ် ဟို..Are you..ok ? "
" ... "
ကမ်းပေးလာသည့် လက်ကိုတောင်မမြင်ချင်ယောင်ဆောင်ကာ ထွက်သွားသည့်သူကိုဆန်းဟျွန်းရပ်၍သာကြည့်နေမိတော့သည်။ အမှန်ဆိုသူကပဲမမြင်တာကို လူကိုလာပြီးအပြစ်ရှိတဲ့သူလိုဆက်ဆံသွားတာ..မျက်နှာတော့သေချာမမြင်လိုက်ရပေမယ့် maskအောက်မျက်၀န်းလှလှလေးတွေကိုဆန်းဟျွန်းဖမ်းမိခဲ့ပါသည်။ ဘယ်သူများဖြစ်မလဲ..ဒီပတ်၀န်းကျင်မှပထမဆုံးတွေ့ဖူးတဲ့သူစိမ်းပဲ။ ရိုးရိုးသူစိမ်းတော့မဟုတ်..ခပ်ချောချောသူစိမ်းလေး။
