ထိုညက ရှန်ဝမ့်လန် အလုပ်မှပြန်လာသည်နှင့် ကြိုဆိုခြင်းခံခဲ့ရသည့်အရာက တိတ်ဆိတ်ခြင်းမဟုတ်ဘဲ နွေးထွေးမှုဖြင့်သာ။ မိမိ၏မွေးနေ့ဖြစ်ပေမင့် အကောင်းဆုံးလက်ဆောင်မွန်အဖြစ် ကောင်းထူရဲ့အပြုံးလှလှလေးရှိနေခဲ့သည်။ လဲ့လဲ့ကတော့ မွန်းလွဲပိုင်းလောက်မှစတစ်နေကုန် ကောင်းထူနှင့်အတူ လက်ဆောင်ရှာရင်း ပင်ပန်းပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့ပြီ။
ညချမ်းအချိန်အခါ၏ တိတ်ဆိတ်ငြိမ်သက်မှုထဲ သူတို့နှစ်ယောက်တည်းသာ ရှိနေရင်း အေးချမ်းသောပျော်ရွှင်မှုအားခံစားနေရပါ၏။ သာမန် မွေးနေ့ပွဲကျင်းပမှုတစ်ခုဖြစ်ပေမင့် နှစ်ဦးသားက အတူတကွရှိနေခြင်းကြောင့် အရာအားလုံးက ထူးခြားနေသည့်နှယ်။
ရှန့်ဝမ်လန်က သူ၏အိတ်ကိုချလိုက်ပြီးသည့်နောက် မျက်စိရှေ့မှ မြင်ကွင်းကြောင့် မျက်လုံးအကြည့်များကလည်း နူးညံ့ညင်သာနေလျက်။ ထို့နောက် သိချင်စိတ်နှင့် မကျေနပ်သည့်အရိပ်အယောင်လေးများယှက်သန်းလျက်ဖြင့် တီးတိုးလေး သူကအမေးရှိ၏။
“ဘာလို့ မအိပ်သေးတာလဲ”
ကောင်းထူက နှုတ်ခမ်းထောင့်လေး ကွေးညွတ်သွားအောင်ပြုံးလိုက်ရင်း ခေါင်းခါပါလေသည်။
“မင်းကို စောင့်နေတာ။ ဒီနေ့က မင်းမွေးနေ့ဆိုတော့ အတူတူရှိနေပေးချင်လို့ပါ။”
ရှန်ဝမ့်လန်၏အကြည့်တို့က သူ့လူထံ၌ ခေတ္တမျှရပ်တန့်နေပြီးနောက်ဝယ်ထပ်မံ၍ အမေးစကားဆိုပါ၏။
“လဲ့လဲ့ရော... သူဘယ်မှာလဲ”
ကောင်းထူဆီမှ ရယ်သံလွင်လွင်လေးထပ်မံ၍ထွက်ပေါ်လာပြန်၏။
“သူမစောင့်နိုင်တော့ဘူးလေ။ အရမ်းပင်ပန်းသွားလို့။ မင်းအတွက် လက်ဆောင်ရှာပေးရတာကို အရမ်းပျော်နေတော့ ပင်ပန်းသွားတာပေါ့။”
ထို့နောက် ကော်ဖီစားပွဲပေါ်မှ သေချာထုပ်ပိုးထားသည့်ဘူးလေးကို ကောက်ယူလို့ ရှန်ဝမ်လန်၏လက်ထဲသို့ ထည့်ပေးရင်းစကားဆို၏။
“ဒါက ငါတို့နှစ်ယောက် ရဲ့လက်ဆောင်ပါ”
ရှန်ဝမ်လန် ခေတ္တမျှတွေဝေသွားပြီးသည့်နောက် ဖြည်းဖြည်းချင်း ဖွင့်လိုက်ချေသည်။ အထဲ၌ ခေတ်မှီကာ တင့်တယ်သည့်ဒီဇိုင်းဖြင့် လက်ပတ်နာရီတစ်လုံး ရှိနေခဲ့ပါ၏။ ထိုအရာဘေးတွင်မူ ရောင်စုံစက္ကူများကို ကလေးလက်ရာဖြင့် ခေါက်ထားသည့် ခရမ်းရောင်ပန်းပွင့်လေးတစ်ပွင့်ကို မြင်လိုက်ရသောအခါ သူ့ရင်ထဲ အောင့်သက်သွားရသည်တည့်။
ESTÁS LEYENDO
Shen Wen Lang Birthday Short AU by JiangLi Global
FanfictionIt's a Fan Translation approved by JiangLi Global Fanbase. Enjoy 🫶
