"ဟုတ်ကဲ့ အရေးကိစ္စမရှိပါဘူး
အရှင့်ရဲ့နန်းတော်မှည မဟုတ်တော့ အရှင်အိပ်လို့ရပါ့မလား
စိုးရိမ်မိလို့ အဖော်ပြုပေးဖို့လာတာပါ"

"ကိုယ်တော်အဆင်ပြေပါတယ် မင်းသမီး
သိတတ်ပေးမှုအတွက်ကျေးဇူးတင်ပါတယ်"

"အရှင်ညဘက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင်
လက်ဖက်ရည်စီစဉ်လာခဲ့ပါတယ်
အနောက်နိုင်ငံကို ရွှန်း အလည်အပတ်သွားတုန်းက ရခဲ့တဲ့ လက်ဖက်ရည်ပါ သုံးဆောင်ပါအုံးအရှင်"

သူမယူလာသည့်ခရားထဲက လက်ဖက်ရည်ကို
ပန်းကန်လုံးထဲထည့်ပြီး ရိုသေစွာ ကမ်းပေးသည်။

သိပ်မသောက်ချင်သော်လည်း အမြန်ပြန်စေရန် တစ်ငုံသောက်လိုက်ရသည်။

"အရှင့်ရဲ့ သုံးပြည်ထောင်တိုင်းပြည်မှာ မိုးခေါင်တာ နှစ်ချီနေတော့
ရေရှားတယ်မဟုတ်လားအရှင်"

"မိုးခေါင်ပေမဲ့ ကိုယ်တော်ရဲ့တိုင်းသူပြည်သားတွေအတွက် လုံလောက်ပါတယ်မင်းသမီး"

"ရွှန်း ကြားထားတာရှိတယ် အရှင်
မေးလို့များရနိုင်မလား"

"ဘာလဲမသိပေမဲ့ မေးပါမင်းသမီး"

"အရှင်ယောက်ျားလေးကြင်ယာတော် တင်မြှောက်တဲ့နှစ်ကစ မိုးခေါင်သွားပြီး သုံးပြည်ထောင်ကလည်း အရင်ကထက်ခြောက်သွေ့လာတယ်တဲ့ အဲ့ဒါအမှန်ပဲလားအရှင်"

ထျန်းရွှီနင်၏စိတ်ထဲဒေါသကဝင်ရောက်လာသည်။
ရာရာစစ သူမကဘာအဆင့်မို့ ကြင်ယာတော်ကို တိုက်ခိုက်ဖို့ကြိုးစားနေရသနည်း။

သုံးပြည်ထောင်မှာ မိုးခေါင်ယုံမကလို့ အငတ်ဘေးပဲဆိုက်နေပါစေ ကြင်ယာတော်ကြောင့်ဟုသာ မိမိရှေ့လာပြောရင် ခေါင်းဖြတ်လိုက်မိမှာပင်။

ယခု သူမသည် ဟန်နိုင်ငံရဲ့မင်းသမီးဖြစ်နေခြင်းကြောင့် ချမ်းသာရခြင်း။

"အရှင်ပြန်မဖြေဘူးဆိုတော့ ဒါကကောလဟာလပဲဖြစ်မှာပါ…မိဖုရားရဲ့သတင်းကိုလည်း ကြားပါတယ်အရှင်
တကယ်ပဲစိတ်မကောင်းဖြစ်မိပါတယ်"

မဆိုင်တဲ့အကြောင်းအရာတွေကို သူမဘာလို့စိတ်ဝင်တစားရှိနေရသနည်း။
ချစ်ကြည်ရေးအတွက်လာခြင်းက သူမနဲ့စကားစမြည်ပြောချင်လို့မှမဟုတ်ဘဲ။
တိုင်းတစ်ပါးက ဘုရင်နေတဲ့နန်းဆောင်ကို ညဘက်မှာ သူမရောက်လာခြင်းက မသင့်လျော်မှန်း
သူမလိုမင်းသမီးတစ်ပါးက သိမှာတော့သေချာပါသည်။

Once Again - [Completed]Where stories live. Discover now