Destiny is Timing

2 0 0
                                        

Unicode

"အေးလိုက်တာ ဒီနေ့ကျမှ"

မန္တလေးဆောင်းဟာ တဖြူးဖြူးတိုက်ခတ်နေတဲ့ လေအေးများကြောင့် ပိုလို့အေးနေသယောင်။ အေးစက်နေတဲ့ လက်ဖျားလေးတွေကို ပွတ်ခြေရင်း လမ်းလျှောက်နေတဲ့ စိမ့်ဟာ ကော်ရစ်တာ တစ်လျှောက်မှာ မျက်နှာခြင်းဆိုင် လမ်းလျှောက်လာနေသူကြောင့် တဒင်္ဂခြေလှမ်းတွေ ရပ်တန့်လို့သွားသည်။

အဖြူရောင် ရှပ်အင်္ကျီနဲ့ ဂျင်းအနက်ရောင်ကို ပေါ့ပေါ့ပါးပါး တွဲဖက်ဝတ်ဆင်ထားတဲ့ လူငယ်တစ်ဦးဟာ ဘတ်စ်ကတ်ဘောလုံးကို ပုတ်ရင်း ဆော့ကစားကာ လျှောက်လာနေသည်။

"ဟဲ့! အဲဒါ ဟိုကောင်လေးမလား"

"အေး..ဟုတ်တယ်ထင်တယ်"

ဘေးနားမှာ အတူတူပါလာတဲ့ သက်ဝန်းကလည်း ထိုလူငယ်ကို မြင်ပြီး မသိမသာ လက်တို့လို့ မေးလာသည်။


သူငယ်ချင်း နှစ်ယောက် အကြည့်ခြင်း ဆုံးမိကြပြီး စက္ကန့်ပိုင်းလောက် ပြုံးစိစိ ဖြစ်သွားကြသည်။

"ခေါ်လိုက်ရမလား ဟိုကမကို"

သက်ဝန်းက ဖုန်းကို ကိုင်ပြီး စိတ်လှုပ်ရှားတဲ့ မျက်ဝန်းများနဲ့ ပြောလာသည်။ စိမ့်ကိုယ်တိုင်ဟာလည်း စိတ်တွေ လှုပ်ရှားပြီး...

"အေး ခေါ်လိုက်! မြန်မြန်။ ဟိုကောင်လေးက သွားတော့မှာထင်တယ်"

ဟုတ်ပါသည်။ ထိုကောင်လေးဟာ စိမ့်တို့ အဖွဲ့ထဲက သူငယ်ချင်းတစ်ယောက်က ကြိတ်သဘောကျနေသည့် ကောင်လေးဖြစ်သည်။

တက္ကသိုလ် Life မှာ ကြုံတွေ့ရတဲ့ အခိုက်အတန့်ကောင်းများထဲက တစ်ခုကတော့ "တစ်စုံတစ်ယောက်အား တိတ်တခိုး သဘောကျရခြင်း" ဖြစ်လိမ့်မည်။ သဘောကျရတဲ့သူနဲ့ ကန်တင်းတစ်ခုတည်း အတူတူ ထမင်းစားရတာ၊ သဘောကျရတဲ့သူနဲ့ တစ်ခန်းတည်း တူတူကျတာ၊ သဘောကျရတဲ့သူနဲ့ ကျောင်းဝန်းထဲမှာ လမ်းလျှောက်နေရင်း အမှတ်မထင်တွေ့ဖြစ်ခဲ့တာ... ဒါတွေအားလုံးဟာ တက္ကသိုလ်ကျောင်းသားဘဝရဲ့ အနှစ်သာရများထဲက တစ်ခုဖြစ်ပါလိမ့်မည်။

ခြေလှမ်းမှန်မှန်နဲ့ လျှောက်လာတဲ့ ကောင်လေးဟာ စိမ့်တို့ကိုလည်း မြင်ရော တုန့်ခနဲ ခြေလှမ်းတွေဟာ ရပ်တန့်လို့သွားသည်။ မှတ်မိသလောက် ဒီကောင်လေးဟာ စိမ့်တို့ကို ဘယ်သူမှန်းပင် သိမည်မဟုတ်ပါ။ စိမ့်တို့ထက် တစ်နှစ်ငယ်တဲ့ ကောင်လေးဟာ စိမ့်တို့နဲ့ အဆောင်ခြင်း ကပ်ရပ် အစိုးရ အမျိုးသားဆောင်မှာ နေတယ်ဆိုပေမဲ့ အမြဲတမ်း သူ့အာရုံနဲ့သူ အေးအေးဆေးဆေး နေတတ်ပြီး သူ့သူငယ်ချင်းတွေနဲ့ပဲ ပေါင်းကာ သီးသန့်ဆန်တဲ့ ကောင်လေးမှန်း တော်တော်များများ သိထားကြသည်လေ။

One Shot CollectionDonde viven las historias. Descúbrelo ahora