ယုံကြည်ရတဲ့ သစ္စာခံတွေရှိပေမဲ့
ကြင်ယာတော်ရဲ့ကိုယ်ရံတော်ကသာ အယုံကြည်ရဆုံးဖြစ်သည်။

အချိန်နှင့်အမျှ  ကြင်ယာတော်ရဲ့အသက်အန္တာရာယ်ကစိုးရိမ်နေရသည်သာ။
ကြင်ယာတော်က မကြောက်ပေမဲ့ ထျန်းရွှီနင်ကတော့ ထိုချယ်ရီပန်းကလေးအား ဆုံးရှုံးရမှာကို အကြောက်ရွံ့ဆုံးဖြစ်သည်။

~~~~~~~~~~~~~~

"မင်းကြီး……တော်ဝင်တပ်ဖွဲ့ကို ခေါ်သွားသင့်ကြောင်းပါဘုရား"

"အမတ်ချုပ်ကြီးတို့ ကိုယ်တော့်ကိုစိတ်ပူတာ ကျေးဇူးတင်ပါတယ်…ကိုယ်တော်မလိုအပ်ဘူးထင်လို့ မခေါ်တာပါ
နဂါးတပ်ဖွဲ့ခေါ်သွားယုံနဲ့ ကိုယ်တော့်အတွက် လုံခြုံပါပြီ"

"ပြန်လည်သုံးသပ်တော်မူပါအုံး အရှင်မင်းကြီးဘုရား"

ဟူး……။
အပေါ်ယံဟန်ဆောင်ကာ စိုးရိမ်ပူပန်ပြနေသော အမတ်ကြီးတို့အား စိတ်ရှိတိုင်း ဓားဆွဲကာ လည်ကိုပိုင်းချလိုက်ချင်မိသည်။

"အရှင်မင်းကြီးဘုရား…နဂါးတပ်ဖွဲ့က သုံးပြည်ထောင်မှာအတော်ဆုံးဆိုတာ သိပေမဲ့ ကိုးယောက်တည်းပါဘုရား…
ကောက်ကျစ်တဲ့သူက တပ်ဖွဲ့လိုက် လုပ်ကြံခဲ့ရင် ခုခံဖို့ခက်ပါလိမ့်မယ်ဘုရား"

"တိတ်စမ်း တရားရေးအမတ်ကြီးက
ငါကိုယ်တော်ရဲ့ နဂါးတပ်ဖွဲ့ကိုအထင်သေးလိုက်တာလား"

"စိုးရွံ့မိပါတယ် အရှင်မင်းကြီး"

"မင်းကြီး ကျွန်တော်မျိုးတို့စိုးရိမ်စိတ်ကိုထည့်တွက်ပြီး
စစ်သည်အနည်းငယ်တော့ခေါ်သွားဖို့ သုံးသပ်တော်မူပါအုံးဘုရား"

ဘဏ္ဌာရေးအမတ်ကြီးကပါဝင်လျှောက်တင်သည်။

"ပြန်လည်စဉ်းစားသုံးသပ်တော်မူပါအုံးဘုရား"

"ကောင်းပြီ…နဂါးတပ်အပြင် စစ်သည်တစ်ရာကိုယ်တော်ခေါ်သွားမယ်…အမတ်ကြီးတို့လဲ ကိုယ်တော်မရှိတဲ့အချိန်မှာ အကောင်းဆုံးလုပ်နိုင်မယ်လို့ယုံကြည်လိုက်မယ်"

"မှန်ပါဘုရား…ကျွန်တော်မျိုးတို့တာဝန်ကျေစေရပါမယ်ဘုရား"

"ညီလာခံသိမ်းမယ်"

ညီလာခံမှထွက်ခဲ့တော့ အထိန်းတော်တွေလဲ ပါလာသည်။
နေ့လည်တောင်ရောက်နေပြီမို့ နေ့လည်စာပွဲတော်တည်ရမည့်အချိန်ပင်ဖြစ်သည်။

Once Again - [Completed]Where stories live. Discover now