"ကော ကျွန်တော်မလုပ်ခဲ့ဘူး ရှန့်ကွမ်းချန်ကို သဘောမကျပေမဲ့ မိန်းကလေးတယောက်ကို အဆိပ်ခပ်ရတဲ့ အထိ ကျွန်တော် မလုပ်ခဲ့ဘူး"
ယွမ်ကျစ်ရဲ့ငြင်းဆန်တဲ့ စကားလုံးတွေက အလျင်လိုနေသံပေါက်နေခဲ့ပေမဲ့ ကုန်းရှန့်ကျွယ်ကတော့ ယုံကြည်မနေခဲ့ပေ။
"မင်းကို ငါယုံကြည်ပေးခဲ့တယ် ပြီးတော့ ရှန့်ကွမ်းချန်ကို သဘောမကျဘူးဆိုတာငါသိတယ် ဒါပေမဲ့ အဲ့လောက်ထိ မင်းလုပ်ရဲလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး ယွမ်ကျစ် ဝူဖုန်းသူလျိုဆိုပြီး မင်းစွပ်စွဲနေတုန်းကတောင်ငါ သက်သေပြပေးခဲ့တာကို မင်းမယုံကြည်ခဲ့ဘူး သူမက သူလျိုတယောက်မဟုတ်ဘူး ငါ့ရဲဇနီးမယားတယောက် ဒါကို မင်းက လုပ်ရဲတယ်"
ကုန်းရှန့်ကျွယ်ရဲ့ စကားလုံးတလုံးစီတိုင်းက ယွမ်ကျစ်ရဲ့ နှလုံးသားကို ဓားချွန်ချွန်တချောင်းနဲ့ တချက်ချင်းဆီ ထိုးဆွနေသလိုပင်သူငြင်းဆန်ချင်ေပမဲ့ သူ့ဆီမှာ ဘာသက်သေမှ မရှိခဲ့ဘူး ။
"ကော ကျွန်တော် ....."
"ထားလိုက်တော့ ရှင်းပြစရာမလိုတော့ဘူးယွမ်ကျစ် ခုကစပြီး မင်းက ငါ့ရဲ့ ညီမဟုတ်တော့ သလို ရှန့်အိမ်တော်ကလည်း မကြိုဆိုတော့ဘူး အစတည်းက မင်းရဲ့ယွမ် အိမ်တော်ကနေ ငါမခေါ်လာခဲ့သင့်ဘူး မင်းက ဘယ်တော့မှ ငါ့ရဲ့ ညီအရင်းဖြစ်လာမှာ မဟုတ်ဘူး ခုကစပြီး မင်းရဲ့ ယွမ်အိမ်တော်ဆီသာပြန်တော့ "
ယွမ်ကျစ်ရဲ့ မျက်၀န်းတွေက ကုန်းရှန့်ကျွယ်ရဲ့ စကားသံအဆုံးမှာ ဘာကိုမှမမြင်နိုင်ရတော့လောက်အောင်ပင် ဝေဝါးလို့သွားခဲ့သည်။ ကောက သူ့ကို မယုံဘူးတဲ့လေ သူ သူ မလုပ်ခဲ့ဘူး သူက ကောရဲ့ ညီလေးတယောက်ပဲ ဖြစ်ချင်ခဲ့တာပါ။သူ့မှာ ကောကလွဲရင် ကျန်တဲ့သူတွေက သူ့အပေါ်မှာ အပေါ်ယံတွေလို့သတ်မှတ်ထားခဲ့တာ ခုတော့ သူ့ဘ၀ရဲ့ တဦးတည်းသော သူက အိမ်တော်ကပင်နှင်ထုတ်နေချေပြီ။သူ့တွင် ရှန့်အိမ်တော်ကလွဲရင် သွားစရာမြေမရှိပေ ယွမ်အိမ်တော်ကို ခြေဦးမလှည့်တာ ကောရဲ့ ညီလေးဖြစ်ပြီး ကတည်းကပင် ဒါပေမဲ့ ခုတော့ တခုတည်းသော နားခိုရာက သူထွက်သွားရတော့မည်။သူဆက်တွယ်ကပ်နေချင်ပေမဲ့ တချက်လေးတောင်ပြန်လှည့်မကြည့်လာသော ကောရဲ့ ဆုံးဖြတ်ချက်ကို သူလိုက်နာရမှာပင်။အဟက် လောကကြီးက တရားလိုက်တာ သူများတွေကျ ကာကွယ်ပေးမဲ့သူကိုယ်စီနဲ့ သူ့မှာ တော့ ငယ်ငယ်တည်းက မိဘမဲ့ဖြစ်တဲ့အပြင် သွေးရင်းသားရင်းပင်မရှိချေ ကောရဲ့ ညီငယ်လေးနေရာ အစားထိုးနေရသည်ကိုပင် သူ့အတွက်ဆုလာဘ်တခုလိုထင်မှတ်ခဲ့ရသည်ပင်။
YOU ARE READING
Triangle Love
Fanfictionကောရဲ့ တိတိလေးက ကောရဲ့ ကာကွယ်မှုတွေနဲ့ တူတူ အသက်ရှည်ရှည်နေသွားရမှာပါ။
