Never Change Ep-1

720 63 3
                                        

"အီဆန်း၀န်းကို အခုခေါ်ပေး!!!"

အော်သံတစ်ခု သေချာနားထောင်ကြည့်ရင်အော်သံမဟုတ်တဲ့ အမိန့်ပေးတဲ့ဟောက်သံတစ်ခုကြောင့် အီအိမ်တော်ရှိလူများအားလုံး ယောက်ယက်ခတ်နေကြသည်

အီအိမ်တော်ရဲ့ အရှင်သခင်ဖြစ်ရော အိမ်ရဲ့အချစ်တော်လည်းဖြစ်နေသည့် အီလီယိုရဲ့အမိန့်တစ်ခွန်းက အဲ့လောက်တောင်ရာဇသံပြင်းပါသတဲ့

"ကိုကို ဘာဖြစ်ရပြန်ပြီလဲ"

လက်ကိုခေါင်းပေါ်တင်ပြီး မျက်လုံးတို့ကိုမှိတ်ကာ ကုတင်ပေါ်လဲလျောင်းနေတဲ့ သူက မိနစ်ပိုင်းအကြာမှာ အသံလေးကြားတာနဲ့နှုတ်ခမ်းထောင့်စွန်းတို့ကော့တက်သွားတာ ခဏတာ

"ဒီနားလာခဲ့"

အီဆန်း၀န်းရဲ့ခြေလှမ်းတို့ဟာလည်း ခန္ဓာပိုင်ရှင်ဖြစ်တဲ့သူ့ထက် ကိုကိုရဲ့အမိန့်ကိုသာနာခံနေလျက်သား အနားရောက်သည့်အခါ လက်ကိုစောင့်ဆွဲလိုက်သည်နှင့် ဆန်း၀န်းရဲ့ခန္ဓာကိုယ်လေးဟာ ကုတင်ပေါ်မှာလဲလျောင်းနေတဲ့ ကိုကိုပေါ်ကို ထပ်လျက်ကျလို့နေသည်

"ကိုကိုလွှတ် ကျွန်တော်မကြိုက်ဘူး"

ဘယ်လောက်ပဲ ရုန်းကန်နေပါစေ အားမမျှသည့်အခါ ဆန်း၀န်းသာအရှုံးပေးလိုက်ရသည် ထိုအခါမှ ကိုကိုက ခနဲ့သည့်အပြုံးနဲ့အတူ ခုနက အားနဲ့ချုပ်တည်းထားသည်ကို ဖြေလျှော့ပေး၏

"ကိုကိုပြောထားတာကို ဂရုမစိုက်တာလား ဆန်း၀န်း"

"ကျွန်တော်က ဘာလုပ်မိလို့လဲ"

"ဟက်"

လီယိုက တစ်ချက်ပြုံးကာ သူပေါ်ကဆန်း၀န်းကို တွန်းလွှတ်လိုက်၏ နဂိုကတည်းက အ‌နေအထားမမှန်ပဲ ကုတင်ပေါ်ထပ်လျက်လဲနေသည့် ဆန်း၀န်းမှာ ယိုင်နဲ့နဲ့ဖြစ်သွားပြီးမှ ခန္ဓာကိုယ် နဲ့ကွက်ကနဲပျက်သွားသည့် မျက်နှာကိုပါတစ်ချက်ပြန်ထိန်းလိုရသည်

"မင်းက ငါ့စကားတွေကို စောက်ဂရုမစိုက်တာမဟုတ်ဘဲ ဘာမှမရှိသလိုသဘောထားနေတာပဲ"

ကိုကို့ဆီမှ ထွက်လာသည့်အေးဆက်ဆက်စကားသံတို့ဟာ ဆန်း၀န်းရဲ့ကျောတို့ကို မတ်ကနည်းဖြစ်သွားစေပေမယ့် ဆန်း၀န်းဟာ ကိုယ်မှန်နေရင်လည်း နည်းနည်းလေးမှအတင်စီးမခံနိုင်သည့်လူမျိုး

Never Change Where stories live. Discover now