"ရွှေပုံရေ ကောက်စိုက်ဖို့သွားကြမယ်ဟေ့"
" လာပါပြီ.....လာပါပြီ....ဒီမှာထမင်းချိုက့်ပြင်နေလို့ပါတော် "
ဝါးအိမ်လေးထဲကနေ ထွက်လာတဲ့ အသားဖြူဖြူ လူကောင်သေးသေးလေးနဲ့လုံမပျိုက သူ့ရဲ့တစ်ဖက်တစ်ခုစည်းထားတဲ့ တင်ပါးအထိရှည်တဲ့ ဆံပင်တွေကို ငေသေချာချာ သပ်တင်ရင်း အိမ်ထဲက အမြန်ပြေးထွက်လာတော့သည်။
" အမလေးရွှေပုံရေ.... ညည်းက မပြင်မဆင်လည်း လှပါတယ်တော်"
သူငယ်ချင်းဖြစ်သူကြာညို့စကားကြောင့် ရွှေပုံသွားဖြူဖြူလေးတွေပေါ်အောင်ရယ်လိုက်မိသည်။ သူပြောရင်လည်းပြောချင်စရာပါပဲလေ အပေါ်က ဇာပေါက်အကျီအသားရောင်ကို အောက်ကထမိန်နီညိုရောင်လေးနဲ့တွဲဝတ်ထားတဲ့ ရွှေပုံက တကယ့်ကိုလိုက်ဖက်လှပါသည်။ အသားကဖြူသူမို့ တ်ထားတဲ့အပျီအရောင်နဲ့က ထင်းထွက်ကာ လိုက်ဖက်နေတော့သည်။
" ကဲ....နင်ပြီးပြီဆိုသွားမယ်လေ"
"အေး... သူငယ်ချင်း ငါအပြင်ခံအကျီလည်းဝတ်လိုက်ဦးမယ် ဟဲ့ ဒါနဲ့နှင်းကြည်ကိုလည်းမတွေ့ပါလား"
" ဘယ်တွေ့မတုန်းမနေ့က ကောက်စိုက်ကအပြန် မိုးရေးချိုးတာ အခုဖျားနေပြီလေ ညနေကျရင်သတင်းသွားမေးကြတာပေါ့ ကဲ အချိန်လည်းလင့်နေပြီသွားကြမယ်"
သူငယ်ချင်းနှစ်ယောက်စကားတပြောပြောနဲ့ရွာပြင်ကလယ်ထဲသို့ကောက်စိုက်ရန်ထွက်လာခဲ့တော့သည်။
တကယ်တော့ ရွှေပုံက မိန်းကလေးတစ်ယောက်မဟုတ်ပေ။ ဒွိလိင်တစ်ယောက်သာ ခန္ဓာကိုယ်ဖွဲ့စည်းပုဲအရမိန်းကလေးနဲ့တူတာရယ် ၊ မိန်းကလေးလိုဖြစ်စဥ်များဖြစ်နေတာကြောင့်မိန်းကလေးလိုနေရခြင်းဖြစ်သည်။
ရွှေပုံကို မွေးစားတဲ့အဖွားတင်ကလည်း ရွှေပုံမှာမိန်းကလေးတွေလိုဓမ္မတာလာမှန်းသိကတည်းက မိန်းကလေးလို ဝတ်ပေးတာကတစ်ကြောင်းရယ်၊ ရွှေပုံရဲ့စိတ်ကလည်း မိန်းကလေးဆန်ချင်တာမို့ မိန်းကလေးအဝတ်စားတွေဝတ်ရခြင်းကိုစိတ်ကျည်းကျုပ်ခြင်းမရှိပေ။
အဖွားတင်က လွန်ခဲ့တဲ့တစ်လလောက်ကဆုံးသွားမို့ အိမ်မှာ ရွှေပုံတစ်ယောက်တည်းသာရှိသည်။ ဒါ့ကြောင့်ရွှေပုံသူငယ်ချင်း နှင်းကြည်နဲ့ကြာညိုက စိတ်မချချေ။အဖွားတင်ရှိကတည်းက ရွာထဲက ကာလသားတွေရော ရွှေပုံကိုတစ်ဖက်သတ်ကြိုက်နေတဲ့သူတွေက လာလာ ခိုးခိုးချောင်းကြည့်လို့ဖြစ်သည်။
KAMU SEDANG MEMBACA
🗡️ ငါ့မိန်းမထိ ဓားကြည့်🗡️
Fiksi Penggemarတချို့ စာသားတွေကို ပြန်ပြင်ရေးသားထားပါသည်။
