-1-

1.5K 58 6
                                        

"ကျွီး.......ကျစ်..."

မင်ဟောက်လမ်းအကွေ့မှာ လူတစ်ယောက်ကိုတိုက်မိတာကြောင့် နဂိုညစ်နေတဲ့စိတ်တွေ ပိုညစ်ညူသွားတော့သည်။ဒီနေ့ ဟိုကောင် ဖေစီဟန်တို့နဲ့ကားမောင်းပြိုင်မှာမလို အိမ်ကနေရှိုးနဲ့ထွက်လာပါတယ်ဆို မထွက်ခင် ဒယ်ဒီက အစောအိမ်ပြန်လာဖို့မှာနေတာကြောင့် ချိန်ထားတာကိုနောက်ကျနေခြင်း။အခုတော့အတွေးတွေရပ်မှာရမယ် သူ့ကားရှေ့ကလူကိုကြည့်ရမည်ပေ။

"ဒီမယ်...မင်းလမ်းစည်းကမ်းနာမလည်ဘူးလား....!ကားမမောင်းတတ်ရင်လဲ အိမ်ထဲမှာ ‌ကားကိုသော့ခေတ်သိမ်းထားလိုက်...!."

ကားပေါ်က ဆင်းရသေးတယ် အအော်ခံလိုက်ရတော့ မင်ဟောက်တင်းသွားသည်။မှားတာက နှစ်ယောက်လုံးမှားတာကို သူကမတောင်းပန်ဘဲ ဘလိုင်းကြီးလာအော်နေတယ်။လူကြီးတော့ သူကိုင်ဆောင့်‌စာဘဲရှိတယ်။အသားအရည်ကလဲဖွေးနေတာဘဲ နှုတ်ခမ်းသားကလဲဆေးကူမပါဘဲသဘောဝအတိုင်းရဲနေတော့သည်။

"နောက်တစ်ခါကားမောင်းမယ်ဆို လမ်းစည်းကမ်းကိုအရင်လေ့လာပြီးမှာမောင်း..မင်းကြောင့် လူတွေထိခိုက်ကုန်ရင်မကောင်းဘူး....."

လူက သူကိုကြည့်ရင်အတွေးလွန်နေတုန်း ထပ်မံပြောလာတဲ့သူကြောင့် မင်ဟောက် ဒေါသထွက်သွားသည်။

"ထိခိုက်မိလဲ ကျုပ်လျော်နိုင်တယ်...ခင်ဗျာသာ ပိုက်ဆံလိုချင်လို ကျုပ်ကားရှေ့ကို ဝင်တိုးတာမဟုတ်လား!လူကြည့်တော့ ဖြူစင်သလိုလို့နဲ့ ဉာဏ်များတဲ့သူဘဲ ပြော ခင်ဗျာဘယ်လောက်လိုချင်တာလဲ...."

"‌ငွေရှိတိုင်း ငွေဂုဏ်မောက်နေတယ် မင်း မျက်လုံးကန်နေတာလား ငါက ဝင်တိုးတာလား မင်းက ငါလမ်းသွားနေတာကိုဝင်တိုက်တာလား..."

"ကျစ် စကားတွေရှည်နေတာဘဲ ရော့ ပိုက်ဆံနှစ်သိန်းယူထားလိုက်...."

မင်ဟောက်ပိုက်ဆံပေးပြီးကားပေါ်တတ်မဲ့အလုပ် သူလက်ကိုဆွဲလာတဲ့ သွပ်လျတဲ့လက်တစ်စုံ

"ဒီပိုက်ဆံတွေကို မင်းဦးနှောက်ဆေးဖို့ငါပြန်ထည့်ပေးလိုက်မယ်.....နောက်ခါကားမောင်းရင် လူရမ်းကားလိုမောင်း‌မမိအောင်..."

လူဆိုးကောင် ရမ်းကားနေသည်Where stories live. Discover now