သာယာလှပတဲ့ နေ့လေးတစ်နေ့မှာ
မဆုံဖြစ်တာ ကြာပြီဖြစ်ေသာ သူငယ်ချင်းအဖွဲ့တစ်ဖွဲ့ ဟာ
ဟောတယ်မဟုတ်တဲ့နေရာတစ်ခု… ပြည်သူ့အပန်းဖြေစခန်းဟောင်းတစ်ခုကို သွားရောက် လည်ပတ်ခဲ့ကြတယ်။
အပြာရောင်တောင်တန်းကြီးတွေနဲ့ အေးမြတဲ့လေထုလေးတွေဟာ သူတို့အဖွဲ့ရဲ့စိတ်တွေကို လန်းဆန်းစေခဲ့တယ်။
---
ဇာတ်ကောင်မိတ်ဆက် (Character Roster)
1. မိုးနွယ် (Mo Nwel) – သူမကတိတ်ဆိတ်နေတတ်တဲ့ ကောင်မလေးတစ်ယောက် ပါ။ သူမရဲ့ မျက်လုံးက အခြားလူတွေအပေါ်အာရုံဖမ်းစားနိုင်တဲ့ စူးထက်တဲ့ မျက်ဝန်းတွေရှိတယ်။သူမက အရာရာလေးကို စိတ်ဝင်တအား တစိုက်မတ်မတ်လုပ်ကိုင်ပြီး အလေးအနက်ထားသူတစ်ဦးဖြစ်တယ်။
မေသီရဲ့ ရည်းစား (Lesbian couple)
2. မေသီ (May Thee) – သူမဟာသွက်လတ်ပြီး ပျော်ရွှင်စွာ နေတတ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်တယ်။တစ်စုံတစ်ယောက်ကို ကာကွယ်ဖို့က သူမရဲ့ ရဲ့ကငါ့သော ပင်ကို သဘာဝ ပင်ဖြစ်သည်။
မိုးနွယ်နဲ့ အချစ်ရေးစုံတွဲ
3. သက်ဝင်း (Thet Win) – ဓာတ်ပုံဆရာတစ်ဦးဖြစ်သည်။ စိတ်ထဲမှာမှာတော့ သရဲနှင့်ပတ်သက်ပြီး အလွန်စိတ်ဝင်သူဖြစ်သည်။စကားနည်းသူဖြစ်ပြီးတော့ ကြောက်တတ်သော သိမ်ငယ်သော လူတစ်ဦးဖြစ်သည်။
4. ခန့်သိန်း (Khant Thein) – ဟာသတွေဖြင့် စကားနဲ့ဖြေးစွာ ပြဿနာဖယ်ရှားတတ်သူ ပျော်ပျော်နေတတ်ပြီး အရာရာကို အကောင်းဘက်ကတွေးသူတစ်ဦးဖြစ်သည်။ တခါတရံမှာ ကိစ္စတစ်ခုခု ဆောင်ရွက်နေရင်း ကပျက်ကရက်ဖြစ်တတ်သော သူဖြစ်သည်။
5. အိအိချို (Ei Ei Cho) – အံ့သြဖွယ်ရာတွေကို စူးစမ်းတတ်သူ။ သဘာဝလျှို့ဝှက်မှုတွေအပေါ်အလွန်စိတ်ဝင်စားသူ။
ထူးထူးခြားခြားလူတစ်ဦးပင်ဖြစ်သည်။
6. ခတ္တာလှိုင် – မေသီရဲ့အရင်ရည်းစားဖြစ်ကာ မေသီနှင့်မခွဲခွာချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ခွဲခွာ ခဲ့ရပြီး မေသီ့သံယောဇဉ်တချို့ မပြတ်နိုင်သေးသူဖြစ်သည်။
မိုးနွယ်နဲ့ တင်းမာသော ဆက်ဆံရေူအခြေအနေရှိသည်။
---
Intro Scene
သူတို့ခြောက်ယောက်ဟာ ကိုယ်ပိုင်ကားဖြင့် ရှမ်းပြည်နယ်နဲ့ မန္တလေးနယ်စပ်အနီးတောင်တန်းတစ်ခုကို ရောက်လာကြတယ်။ နေရာကတော့ – “ရွှေလင်းတောင် သစ်တောခရိုင်” လို့ခေါ်ကြတယ်။ တစ်ချိန်က ပြည်သူ့အပန်းဖြေစခန်းဖြစ်ပြီး အခုတော့ စွန့်ပစ် နေရာကြီးသဖွယ် ဖြစ်နေပေမဲ့ အေးချမ်းသော နေရပ်လေး အဖြစ် သူတို့စိတ်ထဲတွင်
ယုံကြည်ထားသည်။ကားမောင်းနေတဲ့သူ ခန့်သိန်းဟာ သီချင်းခပ်အေးအေးလေးတစ်ပုဒ် ဖွင့်ကာ ထိုသီချင်းသံစဉ်ထဲတွင် မေသီနဲ့မိုးနွယ်နှင့်သူငယ်ချင်းများလည်း သံစဉ်ထဲစီးမြောကာ သူတို့ရဲ့ အမှတ်တရ တလွဲ အပျက်လေးတွေက်ု ပြန်လည်ပြောဆိုကာ ရယ်သံလေးတွေ ဖြင့် စီးနှင့်လာခဲ့သည်။
YOU ARE READING
Dead Signal
Horrorမဆုံရတာ ကြာပြီဖြစ်သော သူငယ်ချင်း၆ေယာက်ဟာ တစ်နေ့မှာ အပျော်ခရီးစဉ်အဖြစ် သစ်တောတစ်ခုထဲသို့ ခရီးထွက်လာကြတယ် ဒါပေမယ့်... သစ်တောထဲက မမြင်ရတဲ့အန္တရာယ်တွေအောက်မှာ သူတို့တစ်ဦးချင်းစီ… အသက်ရှင်နိုင်မလား? သေသွားမှာလား? အဲဒါကို မင်း (စာဖတ်သူ) ရဲ့ရွေးချယ်မှုက ဆ...
