Description

1.8K 69 9
                                        


Unicode

Author: seven柳
Novel name: intoxicated
Total: 84 chapters

Hugong, Hugong, Hugong

ဇာတ်ညွှန်း

လုဇယ် သူနဲ့အဆင်ပြေနေသည့် ရည်စားကောင်မလေးနဲ့ လမ်းခွဲခဲ့သည်။ အကြောင်းရင်းကတော့ သူ၏ရည်းစားကောင်မလေးဟာ သူမက မိန်းကလေးတွေကို သဘောကျမှန်း သိသွားသောကြောင့်ပင်။ လုဇယ် အရက်ထွက်သောက်ကာ ၀မ်းနည်းမှုကို ဖြေဖျောက်နေခဲ့ပြီး စိတ်လိုက်မာန်ပါဖြင့်ပင် အေးစက်ပြီး ယုံကြည်စိတ်ချရတဲ့ ချစ်သူကောင်လေးတစ်ယောက် ငှားခဲ့သည်။

ထိုရည်းစားလေးက တကယ့်ကို အေးစက်သည်။ သူ့ရဲ့ဖုန်းနံပါတ်ကိုတောင် မပြောပြဘူး၊ ပြီးတော့ ဘေးနားမှာ ဘယ်သူမှ မရှိလိုက်တာနဲ့ သူ့မျက်နှာပေါ်က အပြုံးက အစတောင် ဖော်မရအောင် ပျောက်သွားတော့တာပဲ။ ဒါပေမဲ့ သူက တကယ့်ကို ယုံကြည်စိတ်ချရတဲ့သူပင်။ လူတိုင်းက သူဟာ လုဇယ်ရဲ့ ရည်းစားကောင်လေးဆိုတာကို ယုံကြသည်။ လုဇယ်တောင်မှ စပြီး ယုံလာခဲ့သည်။

.

လုဇယ်: [ငါ ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ချင်လို့။ ချိုမြိန်တဲ့ စကားလေး နည်းနည်းလောက် ပြောပေးလို့ရမလား?]

လျန်ရှောင်း: [ပေါင်ပေ့၊ အိပ်နေပြီလား?]

လျန်ရှောင်း: [မနက်ဖြန် မိုးရွာမှာ၊ ပိုလည်း အေးလာလောက်တယ်။ အနွေးထည်၀တ်ဦးနော်၊ ပြီးတော့ ထီးယူဖို့လည်း မမေ့နဲ့ဦး။ အတန်းပြီးရင် ကိုယ်လာကြိုမယ်။]

လျန်ရှောင်း: [၀မ်အန်း။]

လုဇယ်: အိုးမိုင်ဂေါ့ အိုးမိုင်ဂေါ့ အိုးမိုင်ဂေါ့

.

လုဇယ်: [လျန်ရှောင်း၊ မင်းဘယ်မှာလဲ?]

လျန်ရှောင်း: [တစ်ခုခု ဖြစ်နေလို့လား?]

လုဇယ်: [ငါ ဗိုက်အောင့်နေတယ်၊ အရမ်းနာတာပဲ။]

လျန်ရှောင်း: [မင်း ဆိုရှယ်မီဒီယာမှာ တင်ချင်လား?]

လုဇယ်: [ဘာကိုတင်ရမှာလဲ?]

လျန်ရှောင်း: [အော်၊ ရေနွေးသောက်လိုက်။]

လုဇယ်: [?????]

လုဇယ်: [တင်မယ်!]

လျန်ရှောင်း: [ဒါက အရမ်းဆိုးနေလား? မင်းမှာ ရေနွေးဘူးရှိလား? ရေနွေးသောက်ထားလား? ဆေးရောသောက်ပြီးပြီလား?]

Intoxicated Where stories live. Discover now