Chapter • 1

5.8K 184 26
                                        

" Ta အာရုံစိုက်နေရဲ့လား? "

ပြိုင်ပွဲမစခင် အုံးအုံးကြွကြွဖြစ်နေတဲ့ ပွဲကြည့်ပရိသတ်တွေရဲ့ ဆူညံသံကြားထဲကနေ သူ့ကိုတံတောင်နဲ့တွက်ပြီး မေးလာတဲ့ Phuwin။

ပြေးလမ်းပေါ်က သူ့မျက်လုံးတွေကို ဘေးမှာထိုင်နေတဲ့ Phuwin ဆီ အကြည့်လွှဲလိုက်ပြီး မျက်တောင်လေးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်တယ်။ P'Pond နဲ့ Phuwin တို့ရဲ့ ဆွဲခေါ်ရာနောက် ပါလာရတဲ့ Santa တစ်ယောက် ကားပြိုင်ပွဲတစ်ခုရဲ့ VIP ပွဲကြည့်စင်မှာ ငုတ်တုတ်။

" ဘာလို့ ကားပြိုင်ပွဲလဲ? "

" မိုက်တယ်လေ ဒီနေ့ပွဲကောင်းမို့ လက်လွတ်မခံသင့်ဘူး "

" ဒါပေမယ့် ငါမှ ဒါမျိုးတွေ မကြိုက်တာ ငါ့နယ်ပယ်နဲ့ လိုက်လည်း မလိုက်ဖက်နေဘူး "

မှုန်ကုပ်ကုပ်မျက်နှာနဲ့ နှုတ်ခမ်းအနည်းငယ်စူပြီး ပြောလာတဲ့ Santa ကို ကြည့်ပြီး Pond နဲ့ Phuwin တို့အတွဲ ခပ်ဟဟ ရယ်လိုက်တယ်။

" မကြိုက်လည်း ရောက်လာပြီ မလိုက်ဖက်လည်း တစ်ခါလောက်တော့ ကြည့်လိုက်ပါ ဟန်နီရာ... ဒီရက်တွေမှာ Photoshoot တွေနဲ့ အရမ်းပင်ပန်းထားတာကို အပြောင်းအလဲ တစ်ခုအနေနဲ့ စိတ်အပန်းဖြေကြည့်လေ "

" ..... "

" ဒီလောကရဲ့ အရှင်သခင် Perth Tanapon ပါ ပြိုင်တဲ့ပွဲမလို့ နောင်တမရစေရဘူး ကြည့်နေလိုက် အခုပွဲမှာ လူတွေများနေတာလည်း သူ့ကြောင့်လေ "

" ဒီ ဝူးဝူးဝါးဝါးအော်နေတဲ့ သတ္တုကောင်ကြီးတွေရဲ့ အရှင်သခင်လား? "

" ဒီနေ့ တကယ်ပွဲကောင်းတယ် Ta ရဲ့ Perth Tanapon ပါတဲ့ပွဲမလို့ တစ်သက်မှာ တစ်ခါလောက်တော့ ကြည့်သင့်တဲ့ ပြိုင်ပွဲပဲ အတွေ့အကြုံယူတယ်လို့ပဲ မှတ်လိုက်ပါကွာ "

P'Pond ကပါ ပြောလာတာမလို့ သူအထွန့်မတက်တော့ဘဲ နှုတ်ခမ်းစူရင်းသာ ခေါင်းညိတ်ပြလိုက်တယ်။ သရုပ်ဆောင်ဖြစ်တဲ့ P'Pond ရယ်၊ မော်ဒယ်ဖြစ်တဲ့ Phuwin နဲ့ Santa တို့ သုံးယောက်ရယ်ဟာ အေဂျင်စီတစ်ခုတည်းအောက်ကဖြစ်ပြီး အရင်းနှီးဆုံး သူငယ်ချင်းအုပ်စုလေးပင်။ သုံးယောက်လုံး အနုပညာနယ်ပယ်ထဲကမို့ schedule ကိုယ်စီနဲ့ လုံးပန်းနေကြတဲ့ အချိန်မျိုးတွေမှာ အတူတွေ့ရဖို့က မလွယ်။ တန်ဖိုးရှိတဲ့အချိန်မို့ Santa ငြိမ်ငြိမ်လေးသာ နေလိုက်တော့တယ်။

𝖫𝗈𝗏𝖾 𝖨𝗇 𝖳𝗁𝖾 𝖥𝖺𝗌𝗍 𝖫𝖺𝗇𝖾Stories to obsess over. Discover now