Beautiful Mistake

697 49 3
                                        


* Earthquake Commission *

Note - Sungho Soft type

____

အချစ်ဆိုတဲ့အရာက တကယ်ပဲ ဘယ်လိုအရာမျိုးဖြစ်မလဲ? ။

ဆောင်းဟို အတွက်တော့ အချစ်ဆိုတာ ရယူခြင်းမဟုတ်တဲ့ပေးဆပ်ခြင်းသာသာ အချစ်မျိုးပဲ ။ ဆောင်းဟိုက တုံးအ တယ် ။ ရူးမိုက်တယ် ။ မချစ်သင့်တဲ့လူကိုမှ စွဲစွဲလမ်းလမ်းနဲ့ နစ်မွန်းစွာ ချစ်မိတယ် ။ ရယ်စရာမကောင်းဘူးလား ။

သူ့ဘ၀ရဲ့ ၀ဋ်ကြွေးလေးဟာ ကိုကိုဆိုတဲ့လူသားတဲ့ ။

_____

" အယ်ရာ! ဘယ်တော့မင်္ဂလာဆောင်ကြမလဲ သမီးတို့ ...စေ့စပ်ထားတာလည်း နှစ်ချီနေပြီဆိုတော့လေ..မေမေထင်တာတော့ ခပ်မြန်မြန်ပဲလက်ဆက်ကြရင်မကောင်းဘူးလားလို့ "

မေမေ၏ အရွန်းဖောက်စကားအပေါ် အယ်ရာ့က ခပ်ဖွဖွဆိုယုံလေးပြုံးသည် ။

" ဟုတ်ပ..ဒုံမင်းရော ဘယ်လိုသဘောရလဲ ငယ်တော့တဲ့အရွယ်လည်းမဟုတ်တော့..မေမေတို့လည်း မြေးချီချင်လှပြီ "

အန်တီယူဂျင်းကမှ စကား၀ိုင်းထဲ ၀င်ရောက်စကားနှိုက်တော့ အယ်ရာက ရှက်ပြုံးလေးဖြင့် ခေါင်းငုံံ့သွားသည် ။ ဆောင်းဟိုကတော့ မေမေဘေးနားကုတ်ပြီး ဘီစကွတ်မုန့်လေးကိုငြိမ်ငြိမ်ထိုင်စားရင်းသာ နားထောင်နေခဲ့သည် ။ ဒီစကား၀ိုင်းထဲ သူကလူပိုသက်သက်ပဲလေ ။

" မေမေကလည်းဗျာ..ဆန္ဒတွေသိပ်မစောပါနဲ့အုံး နှစ်ယောက်တစ်ဘ၀ထူထောင်တယ်ဆိုတာလွယ်တာမှမဟုတ်တာ..အယ်ရာ့ကိုလည်း သားက ငယ်ရွယ်တုန်း လွတ်လပ်နေစေချင်သေးတယ် "

အသံအောအောနှင့်ဒုံမင်း၏စကားမှာ ယောင်္ကျားဆန်ဆန်နားထောင်ကောင်းလှသည် ။ အယ်ရာ့မှာလည်း ထိုစကားကြောင့် ပါးပြင်လေးတွေပင်နီဆွေးသွားဟန် ရှက်ပြုံးလေးဖြင့် ၀င်ထောက်ခံ၏ ။

" ဟုတ်တယ်..အန်တီ သမီးတို့အချိန်ယူချင်သေးတယ် "

" ဟုတ်ပါပြီ..ရှင်လေးတို့သဘောပါပဲ..ဒါနဲ့..ဆောင်းဟိုလေးကရော ရည်းစားတွေဘာတွေရနေပြီလား "

အန်တီယူဂျင်း၏ စကားမှာ မမတို့လက်ဆက်ဖို့ကိစ္စကနေ မေမေနား တိုးကပ်ထိုင်နေတဲ့ ဆောင်းဟိုဘက် မြားဦးလှည့်လာသည်မလို့ သူ့ခမျာ ဇက်ကလေးပင်ပုသွားရသည် ။

Beautiful Mistake // KkeomchizStories to obsess over. Discover now