1

1K 38 1
                                        

အဝေးပြေးလမ်းရဲ့ ညာဘက်လမ်းကြောလေးကို ဝင်လိုက်ရင်ပဲ ကျဥ်းမြောင်းတဲ့ မြေညီလမ်းလေးကို ရောက်လာသည် ဆိတ်ငြိမ်မှုက ထိုးဖောက်ဝင်ရောက်လာသည် ဘန်ကောက်တွင် တွေ့ရလေ့မရှိသော ဆောင်းရဲ့အငွေ့အသက် မြူမှုန်လေးများကလည်း နေရာအနှံ့ လွမ်းဆွတ်တမ်းတမှုများက လွတ်မြောက်အောင် ထွက်ပြေးလာတဲ့သူ့ကို လွမ်းမောဖွယ် ရာသီဥတု ပတ်ဝန်းကျင် အခြေအနေတ်ု့က ကြိုဆိုနေပါတကား မင်းမလည်း ကံကောင်းပါဘိ ဖူးဝင်းတန်
တွေးနေရင်းမဆုံးသေး ကားစက်ကရပ်သွားတယ် သူကားပေါ်ကဆင်းရင်း အခြေအနေစစ်ကြည့်တော့ ဘီးပေါက်သွားသည်ပဲ မြေညီလမ်းမို့ ကျောက်စရစ်ခဲချွန်ချွန် အသေးလေးတွေ အများအပြားရှိနေသည် သူကလည်း ကားပေါ်ကမို့ မမြင်မိ အင်း ဒုက္ခ မြို့ရောက်ဖို့က 2မိုင်လောက်လိုသေးတယ် mechanic ခေါ်လို့လည်း ဒီလို တောလမ်းလေးမှာ ဒီလ်ု ည၁၀ နာရီ နီးပါး မို့ ဘယ်လိုမှ ဖြစ်မှာမဟုတ်ဘူး မတတ်နိုင်ဘူး ကားကြုံလာသည်ကိုပင်စောင့်ရတော့မည် ကားဘီးအပိုက သူ့အိမ်ထောင်ပစ္စည်းတွေ ထည့်ပေးလိုက်တဲ့ ကားနှင့်ပါသွားသည် အခုတလော ငါ့အာရုံတွေဘာဖြစ်နေပါလိမ့်
သူလည်း စိတ်ညစ်ညစ်နှင့် ဆေးလိပ်လေး ထုတ်ဖွာလိုက်သည် အရင်က ဆေးလိပ် ဆို အနံ့ တောင်မခံနိုင်တဲ့သူက အခုတော့ စိတ်ညစ်ရင် ဆေးလိပ်ခဲတတ်နေပြီ တံဆိပ်ကတော့ အကို့အကြိုက် camel အတွေးတွေကို ခနဖယ်ကာ မျက်လုံးများအား မှိတ်လိုက်မိသည် ခနလေးအိပ်ပျော်သွားပြီးနောက် ဆိုင်ကယ်သံများ ကြားရ၍ လန့်နိုးလာသည် ဆိုင်ကယ်သံများက ဆူလွန်းသည် တစ်စီးတည်းတော့မဟုတ်တန်ရာ သူလည်းကားပေါ်ကဆင်းလိုက်ပြီး ကြည့်လိုက်သည် လူငယ်များပင် motorbikeများ တရကြမ်းမောင်းလာကြရာ သူပင် လမ်းမပေါ်မှဆုတ်ပေးလိုက်ရသည် မဆုတ်ရင်လည်း သူတို့ကတိုက်သွားမယ့်ပုံ လက်ထဲတွင်လည်း သံတုတ်များဖြင့် ဆိုင်ကယ်များက ၁၅စီးခန့်‌ရှိလောက်မည် သူ့ရှေ့ကဖြတ်သွားတာ ဘယ်သူမှလည်း သူ့ကို သတိပြုမိပုံမပေါ် သူတို့ကိုတော့ အကူညီသွားတောင်းလို့ အဆင်ပြေမယ့်ပုံလည်းမပေါ်ဘူး လာရှုပ်ရကောင်းလားဆိုပြီး ဝင်ဆော်သွားရင် ဒုက္ခ သူအတွေးများနေတုန်း ဆိုင်ကယ်တစ်စီးသည် အရှိန်လျော့ကာ သူ့ဘက်လှည့်၍ ဆိုင်ကယ်ပေါ်မှကောင်လေးသည် သူနဲ့ကားကို စူးစိုက်ကြည့်နေသည် ပြီးနောက် စက်ပြန်နှိုးကာ ပြန်ထွက်သွားလေသည် လာကူမလားလို့ မျှော်လင့်မိတာလေးလည်း ခဏနှင့် ပျောက်ကွယ်သွားရသည် ဖူးဝင်းတန် သူမှာ သူများကို ကူညီဖို့စေတနာရှိဖို့ မင်းထင်လိုက်တာလား သူ့ဘာသာသူတောင် ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့သူ သေမှာမကြောက်တဲ့သူကို ဘာများသွားမျှော်လင့်နေပါလိမ့် ဒီလောက်အကွေ့အကောက်များတဲ့ တောင်တက်လမ်းမျိုးမှာ ဆိုင်ကယ်ဦးထုပ်မဆောင်း ကိုယ့်အသက်ကို မနှောမြော ထိုလိုလူမျိုးများကို ကျွန်တော် အရမ်းမုန်းလှသည် ဘဝတွင်နောက်တစ်ကြိမ်တော့ အကို့လိုလူမျိုးများနဲ့ မဆုံချင်တော့ပါ

# End
Ppw ficဖြစ်ပေမဲ့ Thailand ရဲ့ နေရာဒေသတွေ ရာသီဥတု အခြေအနေတွေ details အကုန်လုံး အတိအကျမသိ၍ တစ်ချို့သော ထိုင်းနဲ့ ပတ်သတ်သော dataတွေသည် မှားယွင်းကောင်း မှားယွင်းနိုင်သောကြောင့် ကြိုတင်၍ မေတ္တာ ရပ်ခံလိုပါသည်။ ထို့အပြင် တစ်ခြားသော ဇာတ်ကောင်များကိုလည်း ထားရဲ့ စိတ်ကူးအရသော်လည်းကောင်း ဖတ်ဖူးခဲ့သောficများတွင် chemiမိသည်ထင်၍သော်လည်းကောင်း ထည့်‌ေရးထားပါသည် ppwကို အဓိကထား ရေးသားခြင်းဖြစ်၍ တစ်ခြားသော ဇာတ်ကောင်များ၏ real ships အကုန်လုံး မပါဝင်နိုင်ပါ artistsများမပေါ် ထိခိုက်နစ်နစ်လိုသော ဆန္ဒ မရှိပါ။

Falling with a Inspector Donde viven las historias. Descúbrelo ahora