Though We Are Different (Ep-8)

Start from the beginning
                                    

" ငါ​ကြောက်​လာပြီ......

" မင်းက ဘာကို ​ကြောက်​တာလဲ... "

" Jaejoong အ​ပေါ် ငါထားတဲ့ စိတ်​က ရိုးသားနိုင်​ပါ​တော့ မလား မသိဘူး....
သူနဲ့ အ​နေနီးလာ​လေ​လေ.... ငါ သူ့အ​ပေါ်မှာ ထားတဲ့ ငါ့ရဲ့ စိတ်​က ပိုပို ​လေးနက်​လာတယ်​ .
ကြာလာရင်​.. ငါ့စိတ်​ ငါ မထိန်းနိုင်​​တော့မှာ ​ကြောက်​တယ်​..."

ငါတို့ နှစ်​​ယောက်​ရဲ့ ကံကြမ္မာ ကလည်း.. ဘယ်​လိုမှ နီးစပ်​လို့ မရတဲ့ ကံကြမ္မာ မျိုးဆို​တော့.. ငါ ​ရှေ့ဆက်​ မတိုးချင်​ဘူး.."

"မင်း​သေချာ စဉ်းစားဖို့ လို​နေပြီ လို့ ငါထင်​တယ်​.Yunho.. "

"စဉ်းစားရမယ်​....?
ငါကဘာကို စဉ်းစားရမှာလဲ..... "

"ဘယ်​ဟာ ရှိရဦးမှာလည်း... Jaejoongကို ​ပေါ့...
ငါက ​တော့ စဉ်းစားပြီးလို့..အားလုံးကို ပြတ်​ပြတ်​သားသား ဆုံးဖြတ်​ပြီးပြီ...."

Yoochun စကားကို ကြာ​တော့.. Yunho က နားမလည်​နိုင်​စွာနဲ့.. Yunchun ကို ကြည့်​လိုက်​သည်​။...

" ငါ.. Junsu ကို ချစ်​တယ်​....
အဲ့ကိစ္စ နဲ့ ပတ်​သက်​လို့ လည်း.. ငါ​သေ​သေ ချာချာ စဉ်းစားပြီးပြီ....
အခု ကိစ္စ ​တွေ အားလုံး ပြီးလို့ ​အေးချမ်းသွားတဲ့ အချိန်​ ​ရောက်​ရင်​.. ငါ ဒီ Angel ဆိုတဲ့ ဘဝ ကို စွန့်​လွတ်​ လိုက်​​တော့မယ်​..
ပြီးရင်​.. ငါချစ်​ရတဲ့ သူနဲ့ ပဲ ​အေး​အေးချမ်းချမ်း ဖြတ်​သန်း​တော့ မယ်​... "

Yoochun က ​ပြောလိုက်​ရင်း.. ကြည်​နူးစွာ ပြုံးလိုက်​မိသည်​။..



Yoochun စကား ကို ကြား​တော့.. သူ ​တွေ ​ဝေသွားမိသည်​။...
သူမှာသာ.. ဘာလုပ်​ရမှန်းမသိ​ဝေဝါး​နေ​ပေမယ့်​.. Yoochun က ​တော့ ပြတ်​ပြတ်​ သားသား ဆုံးဖြတ်​ ချက်​ ချနိုင်​ခဲ့သည်​။... အချစ်​ အတွက်​ဆိုပြီး... အားလုံးကို စွန့်​လွှတ်​ရဲ တဲ့ Yoochun ကို လည်း သူ အားကျသည်​။....
ဒါ​ပေမယ့်​.. သူ Yoochun လို လုပ်​နိုင်​ ပါ့ မလား လို့ သူ ​တွေးမိသည်​။..

သူ ငယ်​ငယ်​ ​လေးထဲ က စိတ်​ကူး ယဉ်​ ခဲ့ ရတဲ့ အိမ်​မက်​ က ဒီ​လောက မှာ...စွမ်းအား အမြင့်​ ဆုံးဆိုတဲ့ Angel တစ်​ဦး ဖြစ်​ချင်​ခဲ့တာ.... အဲ့ဒါ ​ကြောင့်​လည်း. သူ အခုလို..Double Half လိုက်​ရှာဖို့ ဆိုတဲ့ တာဝန်​မျိုးရ​အောင်​ သူကြိုးစားခဲ့. ဒီ​နေရာ မျိုး​ရောက်​ဖို့ ဆိုတာ..သိပ်​​တော့ လွယ်​တာ မဟုတ်​...., Angel တိုင်းရနိုင်​တာ မဟုတ်​...
သူ အပင်​ပန်းခံ ပြီး ငယ်​ငယ်​ထဲက ကြိုးစားလို့သာ.. ဒီအ​ခြေအ​နေ ​ရောက်​လာခဲ့တာ......

You've reached the end of published parts.

⏰ Last updated: Aug 01, 2015 ⏰

Add this story to your Library to get notified about new parts!

Though We Are DifferentWhere stories live. Discover now