Ending to be Continued

354 31 3
                                        

"ကျေးဇူးပြုပြီး ကျွန်တော့်ကိုလွှတ်ပေးကြပါ...အားးးး!!! ငါဒီမှာမနေချင်ဘူး..!!!
ငါ့ကိုလွှတ်ပေးး!! "

"ဆောင်းဟွန်းရှီ!! သတိထားပါဦး..ဆေး ဆေးမြန်မြန်ပြင်ကြ...''

"မာမီရေ..ကျွန်တော့်ကိုလာကယ်ပါဦး.
!!ကျွန်တော့်ကိုဒီကနေလာထုတ်ပေးပါ!!

သံကြိုးသံတခြွင်ခြွင်ဖြင့်ဆူညံနေသောဆေးရုံခန်း။

အမျိုးသားသူနာပြုလေးယောက်လောက်က ကုတင်ပေါ်က သံကြိုးချည်ထားရသည့် ရုန်းကန်နေသောလူနာတစ်ဦးကို ဖိထိန်းထားရသည်။

ဆေးထိုးအပ်အကြီးဖြင့် ထိုလူနာရဲ့လက်ဖျံထဲထိုးစိုက်လိုက်မှသာလျှင် ရုန်းကန်မှုတွေတဖြည်းဖြည်း လျော့နည်းလာခဲ့သည်။

ထိုအခါမှ ဆရာဝန်တွေအကုန်လုံးသက်ပြင်းချနိုင်ပြီး အခန်းပြင်ထွက်သွားခဲ့ရသည်။

ရုန်းကန်နေခဲ့သောလူငယ်က တစ်စုံတစ်ခုကိုသတိရသွား၍ထင်သည်။
လေထဲဝယ် စာရေးနေသည့်ဟန်ပြုရင်း လှပသော ပါးချိုင့်နက်တွေပေါ်သည်အထိရယ်နေခဲ့ပြန်သည်။

"ဂျယ်ဂျယ် .. မောင့်ရဲ့ ဂျယ်ဂျယ် .."

ပြုံးရယ်နေရာကနေ လှဲနေတဲ့ထိုသူရဲ့မျက်ဝန်းထောင့်ကနေ မျက်ရည်တွေစီးကျလာပြန်သည်။

"ဂျယ်ဂျယ်က လောကကြီးထဲမှာ မရှိတော့ဘူး .. မောင်က ဂျယ်ဂျယ့်ကို မကာကွယ်လိုက်နိုင်ဘဲ .. အခုလို အသက်ရှင်နေရတယ် .."

အလင်းရောင်မှိန်ပြပြသာရှိသောအခန်းဝယ် ရယ်လိုက်ငိုလိုက်လုပ်နေသောလူတစ်ယောက်။

တိုးဖွဖွ ရေရွတ်ကာ အလင်းပျပျဝင်နေတဲ့ သံတိုင်တွေကြားက ပြတင်းပေါက်လေးကို လှမ်းကြည့်ရင်း ထိုးထားတဲ့ဆေးအရှိန်ကြောင့် လေသံလေး တိုးဝင်ကာ မျက်ဝန်းတို့ မှေးပိတ်သွားရှာသည်။ အိပ်မပျော်သွားတဲ့ အိပ်မက်တွေဟာ ကြောက်စရာကောင်းတဲ့အကြောင်း ပြောပြစရာဆိုလို့ အစိုပြန်ပြီး အက်ကွဲနေတဲ့ အုတ်နံရံနဲ့ လက်ကို ချိတ်ထားတဲ့ သံကြိုးတစ်ချောင်းပဲ ရှိတဲ့ဘဝမှာ ရှင်သန်ချင်တဲ့ ဆန္ဒတွေလည်း ပျောက်ရှကုန်ခဲ့ပါပြီ။

လူအများကတော့ ပတ်ခ်ဆောင်းဟွန်းဟာ အောင်မြင်နေချိန်မှာ အနုပညာအလုပ်တွေကို ရပ်နားပြီး အမေရိကားမှာ အခြေချ နေနေပြီရယ်လို့ ထင်ကြမှာ အသေအချာပါပဲ။

You've reached the end of published parts.

⏰ Last updated: Apr 19, 2025 ⏰

Add this story to your Library to get notified about new parts!

Until I Found YouWhere stories live. Discover now