gold အိမ်ေတာ်အတွင်းတွင်စေ့စပ်ပွဲကျင်းပရန်အတွတ်အလုပ်ရူပ်နေကြသည်။ထိုအချိန်တွင်ခြံဝန်းအတွင်းသို့အနက်ရောင်BMW ကားတစ်စီးကအချိန်အဟုန်ပြင်းစွာဝင်ရောက်လာခဲ့သည်။ထိုလူသည်ဦးနေလင်းရောင်၏တစ်ဦးတည်းသောသားဖြစ်သူတိမ်ဝေယံစိုင်းပင်။
"ဒယ်ဒီ!!
အိမ်တော်ထိန်းဦးသူရထွက်လာ၍ သခင်လေး
သခင်ကြီးအိမ်တော်မှာမရှိပါဘူး ရေနံကိစ္စတွေဖြေရှင်းစရာရှိလို့မနက်အစောကြီးတည်းကထွက်သွားပါတယ်ဗျ။
သခင်လေးလာရင် သူ့ကိုစောင့်နေပါလို့မှာထားတယ် ပြောစရာရှိလို့ပါတဲ့ သခင်လေးဘာစားပြီးပြီလဲခဗျ ကျွန်တော်မနက်စာပြင်ထားတယ်
"တော်ပြီ ငါမစားချင်တော့ဘူး"
"နေ့လည်1နာရီ"
"ယံယံစောင့်နေရတာကြာသွားပြီလားသား
ဒယ်ဒီပါတနာတွေနဲ့စကားပြောနေတော့နောက်ကျသွားတာ sorryနော်သား
ဒါနဲ့ ဘာစားပီးပီလဲ "
"ကျွန်တော်ဘာမှမစားချင်ဘူး"
"ကျွန်တော်မေးတဲ့မေးခွန်းကိုသာအမှန်တိုင်းဖြေပေးပါဒယ်ဒီ"
"ကောင်းပြီ ပြော"
"ဒယ်ဒီသေချာပီလား"
"ဘာကို!
"စေ့စပ်တာကိုပေါ့"
.ဒယ်ဒီပြောတာသေချာနားထောင်သားဒယ်ဒီဒီဆုံးဖြတ်ချက်ကိုသားမာမီနဲ့ကောပြောပီပီ"
"ဒယ်ဒီ မှုးနွယ်ကို ချစ်တယ်"
"ဒီဆုံးဖြတ်ချက်ကမှားနေမယ်ဆိုရင်တောင်အဲ့ဒီအမှားအတွက်ဒယ်ဒီနောင်တမရဘူးသား"
ပြီးတော့သားကိုဒယ်ဒီအသိပေးရအုံးမယ်
ဒယ်ဒီနဲ့လက်ထက်မဲ့သူက ယောကျာ်းလေးတစ်ယောက်ပဲသား"
ဟမ်!
ဒယ်ဒီ! ဒါဆိုဒယ်ဒီကgayတစ်ယောက်လား
မာမီကိုစွန့်လွှတ်လိုက်တာယောကျာ်းလေးတစ်ယောက်အတွက်လားဗျာ!
ဒီကိစ္စကိုသားကိုနောက်မှအတိပေးရလို့ဒယ်ဒီတောင်းပန်ပါတယ်။ ဒါပင်မဲ့ ဒယ်ဒီ မှုးနွယ်ကို
အဆုံးအစမရှိ ချစ်မိနေပီ။
ဒယ်ဒီဘယ်သူနဲ့ပဲဘာလုပ်လုပ်ကျွန်တော်ဝင်မပါဘူး ။ကျွန်တော်ကိစ္စတွေကိုလည်းဒယ်ဒီဝင်မပါရဘူး
