We've updated our Content Guidelines.
Review the latest guidelines to keep sharing stories safely.

Ziye's Ruirui

61 6 0
                                        

" ကော ~ "

" ဇီယဲ့! "

" ကော~ ဒီကိုလာလေ~ "

ကောကိုခေါ် ပြီးလက်လေးတွေဆန့်တန်းပေးနေတဲ့ ကောင်လေးကဇီယဲ့လေးမှဟုတ်ရဲ့လား....

" ကျွန်တော့်ဆီလာလေ ~ "

ထျန်ကျားရွှေ့ ဇီယဲ့ဆီပြေးလေဝေးလေဖြစ်နေခဲ့တယ်

" ဇီယဲ့... ကောလာလို့မရဘူး "

" ကော~ ကျွန်တော့်ဆီဘာလို့မလာတာလဲ~... ကျွန်တော့်ကိုမချစ်ဘူးမလား~... ဟုတ်တယ် ကောကကျွန်တော့်ကိုချစ်တယ်လို့မ​ပြောဖူးဘူးပဲ~ "

သိသိသာသာကိုဝမ်းနည်းသွားတဲ့မျက်နှာလေး....

" မဟုတ်ဘူး.. ဇီယဲ့... ဇီယဲ့! "

တစ်ဖြည်းဖြည်း ​မှေးမှိန်လာတဲ့ပုံရိပ်လေးကြောင့်ပျောက်ကွယ်သွားမှာစိုး၍အော်ခေါ်မိသည်။

" ဇီယဲ့! "

ချွေးတွေနဲ့နိုးလာတဲ့ထန်ကျားရွှေ့ ဘေးဘီကြည့်မိပြီးအိမ်မက်မှန်းသိသွားတဲ့အခါ ပြန်ပြင်လို့မရတော့တဲ့အမှားအတွက်ငိုနေမိတယ်....

ပြန်ပြင်လို့မရတော့တဲ့အမှားအတွက် ရင်ထဲကနောင်တတွေ ပျောက်သွားရင်ဆိုပြီး အသံတွေပျောက်တဲ့အထိ အော်ဟစ်နေမိတယ်....

" အား! ......အား! ..... အား!..... "

အသံတွေပျောက်တဲ့အထိအော်ဟစ်ရင်းမျက်ရည်တွေကျလာခဲ့တယ်

' ကော တောင်းပန်ပါတယ်ဇီယဲ့~ '

.............................

အရမ်းအရမ်းကိုသာယာတဲ့နေ့လေးမှာဒီintrovert ကောင်လေးကိုတွေ့ခဲ့တယ် ဒါပေမယ့်ကောင်းသောတွေ့ဆုံခြင်းတော့မဟုတ်ခဲ့ဘူး.....

ကလင်! ကလင်! ကလင်!

" ဟိုးအရှေ့ကလူ! အား...... "

" အား.... စက်ဘီးကိုဘယ်လိုစီးလာတာလဲ "

" တောင်းပန်ပါတယ် ကော... ကျွန်တော်အခုမှသင်ကာစမလို့အရှိန်မထိန်းနိုင်ဖြစ်သွားတာ "

လဲကျသွားသူမှာတော့ နာသွားတဲ့သူ့လက်ကိုကြည့်ပြီး တိုက်တဲ့လူကိုလည်းလှမ်းကြည့်လိုက်ပါသေးတယ်....

You've reached the end of published parts.

⏰ Last updated: Jul 10 ⏰

Add this story to your Library to get notified about new parts!

Ziye's Ruirui ( One Short) Stories to obsess over. Discover now