" ကော ~ "
" ဇီယဲ့! "
" ကော~ ဒီကိုလာလေ~ "
ကောကိုခေါ် ပြီးလက်လေးတွေဆန့်တန်းပေးနေတဲ့ ကောင်လေးကဇီယဲ့လေးမှဟုတ်ရဲ့လား....
" ကျွန်တော့်ဆီလာလေ ~ "
ထျန်ကျားရွှေ့ ဇီယဲ့ဆီပြေးလေဝေးလေဖြစ်နေခဲ့တယ်
" ဇီယဲ့... ကောလာလို့မရဘူး "
" ကော~ ကျွန်တော့်ဆီဘာလို့မလာတာလဲ~... ကျွန်တော့်ကိုမချစ်ဘူးမလား~... ဟုတ်တယ် ကောကကျွန်တော့်ကိုချစ်တယ်လို့မပြောဖူးဘူးပဲ~ "
သိသိသာသာကိုဝမ်းနည်းသွားတဲ့မျက်နှာလေး....
" မဟုတ်ဘူး.. ဇီယဲ့... ဇီယဲ့! "
တစ်ဖြည်းဖြည်း မှေးမှိန်လာတဲ့ပုံရိပ်လေးကြောင့်ပျောက်ကွယ်သွားမှာစိုး၍အော်ခေါ်မိသည်။
" ဇီယဲ့! "
ချွေးတွေနဲ့နိုးလာတဲ့ထန်ကျားရွှေ့ ဘေးဘီကြည့်မိပြီးအိမ်မက်မှန်းသိသွားတဲ့အခါ ပြန်ပြင်လို့မရတော့တဲ့အမှားအတွက်ငိုနေမိတယ်....
ပြန်ပြင်လို့မရတော့တဲ့အမှားအတွက် ရင်ထဲကနောင်တတွေ ပျောက်သွားရင်ဆိုပြီး အသံတွေပျောက်တဲ့အထိ အော်ဟစ်နေမိတယ်....
" အား! ......အား! ..... အား!..... "
အသံတွေပျောက်တဲ့အထိအော်ဟစ်ရင်းမျက်ရည်တွေကျလာခဲ့တယ်
' ကော တောင်းပန်ပါတယ်ဇီယဲ့~ '
.............................
အရမ်းအရမ်းကိုသာယာတဲ့နေ့လေးမှာဒီintrovert ကောင်လေးကိုတွေ့ခဲ့တယ် ဒါပေမယ့်ကောင်းသောတွေ့ဆုံခြင်းတော့မဟုတ်ခဲ့ဘူး.....
ကလင်! ကလင်! ကလင်!
" ဟိုးအရှေ့ကလူ! အား...... "
" အား.... စက်ဘီးကိုဘယ်လိုစီးလာတာလဲ "
" တောင်းပန်ပါတယ် ကော... ကျွန်တော်အခုမှသင်ကာစမလို့အရှိန်မထိန်းနိုင်ဖြစ်သွားတာ "
လဲကျသွားသူမှာတော့ နာသွားတဲ့သူ့လက်ကိုကြည့်ပြီး တိုက်တဲ့လူကိုလည်းလှမ်းကြည့်လိုက်ပါသေးတယ်....
YOU ARE READING
Ziye's Ruirui ( One Short)
Fanfictionကောကမှားခဲ့ပေမယ့်... အခုတော့ပြန်ပြင်နိုင်ခဲ့ပြီနော်~
