"စကိုင်း အခုချက်ချင်းအောက်ဆင်းခဲ့စမ်း"
အိမ်အောက်ထက်မှ လွင့်ပျံလာသော သာယာလှတဲ့မာမီးရဲ့ အသံလေးကြောင့် ဂိမ်းဆော့နေတာ ရပ်ကာ အောက်ဆင်းရပြန်တယ်
"ကိုယ်တော်ချော မနက်က ငါဟိုဖက်လမ်းက ခွန်ဖုန် တို့အိမ်ကို ပို့ခိုင်းတဲ့ ကြက်ဥတေဘယ်ရောက်သွားလည်း"
"အဲ့တာကလေ ဟီးဟီး သွားတော့ပို့တာပဲ မာမီရဲ့ ဒါပေမဲ့လေ လမ်းမှာ အိုက်ဆုန်တို့အဖွဲ့နဲ့တွေ့တော့ ပုံဝင်ရိုက်တာ အရှိန်လွန်ပြီး ကြက်ဥတေ ကွဲကုန်လို့ ပြန်လာခဲ့လိုက်တာ"
"အဲ့တာသာကြည့်တော့ဟေ ငါ့မှာလည်း သားတစ်ယောက်တည်းရှိလို့သာ ဒီလိုသားမျိုးနှစ်ယောက်ရှိ အသက်တိုရချည်ရဲ့ ဟယ် သွားသွား ညနေကျ ပြန်သွားပို့ ကျောင်းလေး တစ်လပိတ်တာ အငြိမ်ကိုတစ်စက်မနေဘူး "
ဩဝါဒခြွေသွားသော မာမီး စကားတေက sky ၏ဘယ်ဖက်နားထဲ၌ဝင်ပြီ ညာဖက်နား၌ ပြန်ထွက်တာကြီးသာဖြစ်သည် တကယ်တည်း ကျောင်းလေး တစ်လပိတ်တာ ခိုင်းစားနေတာ ပဲ သူများတကာကြိုးစားပြီးစာတေ လေ့လာပြီးမှ ခက်ခက်ခဲခဲရတဲ့ ပိတ်ရက်ကလေးကို စကိုင်းတို့က သားအမိနှစ်ယောက်ပဲ ဘန်ကောက်မှာ နေတာ ဖြစ်တယ် အဖေကတော့ သူ့ရဲ မွေးဖွားရာ ရွာမှာ ခြံအလုပ်ကို ဦးစီးလုပ်ကိုင်နေတာ ဖြစ်သည် တစ်ပတ်ကို တစ်ကြိမ်အိမ်ပြန်လာတက်ပါသေးသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~
"ဘွားလေ ဒီအထုတ်ချပြီးရင် ပြီးနော် "
"အေးသား အဲ့တာလေးချထားခဲ့ ပြီးရင်သားလေး အခန်းသွားပြင်လိုက်နော် ဒီမှာ အဘွားပဲ ရှင်းလိုက်မယ်"
"ဟုတ်ဘွားလေ လိုအပ်ရင် လှမ်းခေါ်လိုက်နော် သားအလုပ်လေးလုပ်အုန်းမယ်"
"အေးအေး"
ဒီနေ့ကတော့ ပတ်ဝန်ကျင်အသစ်ကိုပြောင်းလာတဲ့ သူတို့ တူအရီးနှစ်ယောက်ဖြစ်တယ် ငယ်ငယ် ထဲက ဘွားလေး လို့သာ ခေါ်တဲ့အတွက် အသက်ငယ်သောလည်း ဘွားလေးဆိုပြီး ခေါ်ခိုင်းခဲ့သည် Naniမိဘတေသည် နိုင်ငံခြားမှာ ဖြစ်သည် ထိုင်းနိုင်ငံမှာ ရှိနဲ့သူတို့ ညီမနဲ့ သားကို အပြည်စုံထောက်ပံပေးကြသည် Nani အသက် ၂၃နှစ်ရောက်မှ နိုင်ငံခြားသို့ပြောင်းသွားတဲ့ မိဘတေက ငယ်ငယ်လေးထဲက အလိုလိုက်ကာချစ်ပေးခဲ့တယ် ဘွားလေးအပါဝင်ဖြစ်သည် မိဘတေအလိုလိုက်သောလည်း ဖြစ်ချင်သလိုမဖြစ်တာက ဘွားလေးရဲ ဆုံးမ သွန်သင်မှုကြောင့်ဖြစ်သည် အခုချိန်မှာ Nani ထိုင်းနိုင်ငံရဲ့ နာမည် အကြီးဆုံး Sky ligh company မှာ ဒါရိုက်တာ ရာထူးနဲ့ အလုပ်လုပ်နေပြီး ဖြစ်ပြီး လာမဲ့ October 30ရက်နေ့ဆိုရင် 28နှစ်ပြည့်ပြီ ဖြစ်သည် လောလောဆယ်တော့ အခန်းရှင်းရမည် ဖြစ်သည်
