~

151 20 17
                                        

"မိုးလွင်သု.."

"ဟမ်...."

"ကျောင်းဆင်းနေပြီ ထတော့"

"အင်း..."

အင်းလို့ ပြန်ဖြေလိုက်ပေမဲ့ အိပ်ချင်မပြေသေးလို့ မျက်လုံးကဖွင့်မရ။မတ်တပ်ထကာ ပုဆိုးစည်းလိုက်ချိန် Marker penက သူ့ခေါင်းကို ဒုတ်ခနဲမြည်နေအောင် လာထိတယ်။အဲတော့မှ မျက်လုံးကပွင့်လာတာ။

အတန်းထဲ တဟားဟားမြည်အောင်ပွဲဆူသွားတာများ သူ့ကိုရယ်နေကြတာမှန်း မပြောဘဲသိနိုင်တယ်။မျက်လုံးစင်းပြီး သူ့ထိုင်ခုံကပ်ရပ်က သူငယ်ချင်းလေးကို တစ်ချက်ကြည့်လိုက်တော့ ထိုကောင်က ‌ပြုံးနေတာပဲ။

နောင်မှ သွားသုံးချောင်းလောက်ကျိုးအောင် ထိုးပေးလိုက်ဦးမယ်

ငါတေးလိုက်ပြီ မင်းကို!

အတန်းပိုင်နာမည်က ဒေါ်မျိုးနဒီတဲ့။အင်္ဂလိပ်စာဆရာမ ပြီးတော့ ပစ်တိုင်းမှန်လို့ နာမည်ကြီးတယ်။

"တစ်ချို့လူတွေက စက်တော်ခေါ်နေရုံတင်အားမရလို့ ခါးဝတ်တော်ပါပြင်နေနိုင်သေးတယ်၊အတန်းချိန်နာရီဝက်လိုသေးတယ် နောက်မှာမတ်တပ်ရပ်နေ"

ဆရာမအသံကြောင့် တဟားဟားရယ်သူများက တိတ်သွားကာ သူ့ကိုလည်းမကြည့်ရဲကြတော့ဘူး။သုတငြိမ်းကသာ မျက်လုံးထောင့်ကပ်ပြီး ကျီစားနေတာ။

သူ့ပုံစံက တော်တော်အမြင်ကပ်ဖို့ကောင်းပါတယ်ကွာ။မိုးလွင်သုက လျှာတစ်ချက်တောက်လိုက်ကာ အရေးမလုပ်တော့ပေ။

"မိုးလွင်သုတငြိမ်း!"

သူလန့်ဖျပ်ပြီး အော်သံကြားရာပြန်ကြည့်လိုက်တော့ သူ့ရှေ့ကမြင်ကွင်းမှာ ပြောင်းသွားပြီ။‌ကျောင်း‌နောက်က စက်ဘီးရုံနားမှာ။ဆရာမလည်းမရှိတော့၊‌တစ်ခန်းလုံးကလူတွေလည်းမရှိတော့ဘူး။ဒါပေမဲ့ သုတငြိမ်းကတော့ရှိနေသေးတယ်။သူတို့နှစ်‌ယောက်ရဲ့နာမည်ကို အခန်းထဲကလူ‌တွေက ပေါင်းခေါ်ကြတာ အလယ်တန်းလောက်ကတည်းကပဲ။ဆရာ၊ဆရာမ‌တွေလည်း တစ်ခါတစ်ရံတော့
စနောက်ပြီး ခေါ်တတ်တယ်။

"မင်းတို့..."

"မင်းတို့က ဂေးတွေလား ရွံစရာကြီး ဆရာမနဲ့တိုင်မယ်!"

Yayımlanan bölümlerin sonuna geldiniz.

⏰ Son güncelleme: Jan 01, 2025 ⏰

Yeni bölümlerden haberdar olmak için bu hikayeyi Kütüphanenize ekleyin!

Midnight Rain [oneshot]Bağımlısı olacağınız hikayeler. Şimdi keşfedin