675 61 4
                                        

sign of love




လူတစ်ယောက်ကို တစိမ့်စိမ့်ကြည့်နေရင်း ရင်ဘတ်ထဲမှာ ပန်းတွေပွင့်လာသလို ခံစားဖူးကြသလား ။ ဒီမေးခွန်းက ယုတ္တိရှိလား မရှိလားဆိုတာတော့ ဆောင်းဟွန်းမသိပေမယ့် သူအခု အဲ့လိုခံစားနေရလို့လေ ။

အခု ဆောင်းဟွန်းရဲ့မျက်စိရှေ့မှာ sign anguage ဆိုတဲ့ ခေါင်းစဥ်နဲ့ ပတ်သတ်ပြီး presentation ထွက်လုပ်ဖို့ တုန်ချိချိဖြစ်နေတဲ့ ကောင်လေးတစ်ယောက်က ဒီမေးခွန်းရဲ့ အဓိကဇစ်မြစ်ပေါ့ ။

" ကဲကဲ .. ငြိမ်ငြိမ်လေးနေပြီး ..
ရှင်းမ်ဂျယ်ယွန်းကို အာရုံစိုက်ကြမယ် "

Eng ဆရာမရဲ့ ခပ်ဆူဆူသတိပေးသံအောက်မှာ ကျွတ်စီထိုးနေတဲ့ အတန်းသားတွေက ရှဲခနဲငြိမ်ကျသွားတယ် ။ အတန်းရှေ့ စင်မြင့်ပေါ်က ရှင်းမ်ဂျယ်ယွန်းဆိုတဲ့ကောင်လေးကတော့ သူ့ဆီကို စုပြုံရောက်လာတဲ့ မျက်ဝန်းပေါင်းစုံကြောင့် ပုခုံးလေးကို ကျုံ့လို့ ။

" သား .. စပြောလို့ရပြီနော် "

" ဟုတ် .. ဟုတ် "

နဂိုအနေအေးလွန်းတဲ့ကောင်လေးကို ပုံမှန်ဆို ဆောင်းဟွန်းသတိထားမိမှာတော့မဟုတ်ဘူး ။ ဒါပေမယ့် ဆောင်းဟွန်းနဲ့ အကြည့်ချင်းဆုံသွားတိုင်း ဆတ်ခနဲ လန့်သွားတတ်တဲ့ မျက်ဝန်းတောက်တောက်လေးတွေက သိပ်ကိုစိတ်ဝင်စားစရာကောင်းနေခဲ့တာလေ ။ ဆောင်းဟွန်းဘယ်လိုများ မျက်ကွယ်ပြုထားနိုင်မှာတဲ့လဲ ကဲ ။

ကျောင်း group activity တွေမှာလည်း မပါဝင်တတ် ၊ ပျော်ပွှဲရွှင်ပွဲတွေမှာလည်း ပျောက်ချက်သားကောင်းတတ်တဲ့ introvert ကောင်လေးက အမြဲတမ်းလိုလို စာကြည့်တိုက်မှာ ပုန်းနေတတ်ခဲ့တာ ။ ခုလို presentation ထွက်လုပ်ရတာကလည်း ကံဆိုးမိုးမှောင်ကျလို့ မဲပေါက်သွားရတဲ့အတွက်ကြောင့်ပဲ ။ အဲ့တုန်းက ပြိုကျတော့မဲ့ မိုးတိမ်လေးလို့ မဲ့သွားတဲ့နှုတ်ခမ်းထောင့်လေးတွေကို ဆောင်းဟွန်းအခုထိ အမှတ်ရနေဆဲ ။

" communication skill ကောင်း .. ကောင်းဖို့ဆိုတာ
ဘဝရဲ့ လိုအပ်ချက်တွေထဲက အလိုအပ်ဆုံးတစ်ခုပါပဲ "

" ... "

ဆောင်းဟွန်းရဲ့ မျက်ဝန်းတွေထဲမှာ လှစ်ခနဲ လှစ်ခနဲ နေရာအမြဲယူလာတတ်တဲ့ ရှင်းမ်ဂျယ်ယွန်းက ဆွယ်တာတွေနဲ့သိပ်လိုက်တယ် ။ အညိုရောင် ၊ မဲနယ်ရောင် ၊ ဆင်စွယ်ရောင် ။ အရောင်မျိုးစုံ set လိုက်ရှိနေသလား ထင်ရအောင်ကို ရိုးရိုးရှင်းရှင်းနဲ့ မရိုးရနိုင်တာ ။

scene-by-sceneStories to obsess over. Discover now