မောင်
နားထောင်လို့ကောင်းတဲ့နာမည်လေးနော်
ခေါ်သူရင်ထဲမှာလဲ အချစ်တွေ အပြည့်ပေါ့
မောင်ရယ်
စိတ်ညစ်စရာ တစ်ခုခုကြုံတိုင်း
"မ "ကိုဘဲ စွန့်ပစ်ပါ
မောင်
မပျော်တဲ့ အခါ "မ" ရင်ခွင်လေးက
မကျယ်ပေမဲ့ မောင်ခိုနားဖို့အတွက်
နေရာတစ်ခုတော့ရှိပါတယ်
မောင်
"မ" ကို ချစ်တယ် မပြောလဲ ရပါတယ်
မောင် မျက်ဝန်းတွေတွေလေးတွေက
အမှန်တကယ်လား မသေချာပေမဲ့
ယုံမိနေတာက " မ "ရယ် ပါ
မောင် ယုံလားဟင်
ကြယ်ကြွေရင် ဆုတောင်း ပြည့်တယ်ဆိုတာ
"မ"တော့ မယုံဘူးမောင်ရယ်
မောင်ကို ထာဝစဉ် အနားမှာ ရှိစေချင်တဲ့
ဆုတောင်းလဲ မပြည့်ဖူး မို့လား
မောင်
ဝေးမသွားခင်တုန်းက အနီးလေးမှာဘဲ
"မ"ကိုအမြဲခေါ်ထားမယ်ဆိုပီး
ဂျီကျတဲ့မောင်က ခုတော့
မောင် ကိုယ်တိုင် အနားကနေ
ပြေးထွက် သွားခဲ့နော်
မောင်
ပြောဖူးတယ်နော် "မ"က မာန
သိပ်ကြီးတာဘဲတဲ့ မောင်က မာနခဲလေး
ရထားလို့ သိပ်ဂုဏ်ယူပါတယ်ပေါ့
ဒီ မာနတွေ ကြောင့်ဘဲမောင်နဲ့ဝေးရမယ်
ဆိုရင် မာနတွေလဲမထားခဲ့ ပါဘူး မောင်ရယ်
မောင်ကို ချစ်နေယုံလေးပါ
ချစ်နေဆဲပါ ချစ်မဝနေတုန်းပါ
ထပ်ချစ်ဖို့လဲ ကြိုးစားနေတုန်းပါ
မောင်ဘက်ကတော့ အချစ် ကုန်သွားခဲ့ပီလား
ဆက်မချစ်တော့တဲ့ မောင်ကို
အပြစ်မမြင်ချင်ပါဘူး မောင်ပျော်ဖို့ဘဲလေ
"မ"က နားလည်ပေးရမှာပေါ့
