Intro

2.7K 105 11
                                        

မြူများဖြင့်ဖုံးလွှမ်းနေသောတောင်များကြားတွင်သွေးအိုင်များဖြင့်လူများစွာအသက်မဲ့နေလျက်ရှိနေ၍ဓားတစ်ချောင်းသာလင်းထိန်နေသည်။သွေးအိုင်ရှေ့တွင်ထိုင်ကာငိုနေသောမိစ္ဆာကြီးတစ်ကောင်လည်းရှိ၏။မိစ္ဆာကြီးသည်ယူကြုံးမရစွာငိုပီးသွေးအိုင်ထဲတွင်ပေါ်နေသောသူ၏အသွင်အပြင်ကိုလန့်လေ၏။ထိုအချိန်တွင်သွေးအိုင်ထဲတွင်အသက်မဲ့စွာလဲနေသောသူတို့ထဲမှလူတစ်ယောက်သည်မိစ္ဆာကြီးကိုကြည့်ကာ

"ကျူးယန့်ငါ့မာအချိန်မရှိတော့ဖူးငါ့ညီလေးကိုငါ့အစားစောင့်ရှောက်ပေးပါကာကွယ်ပေးပါသူကအရမ်းငယ်သေးတယ် ကျူး...ယန့်"ဆိုကာသွေးအိုင်ထဲတွင်သေဆုံးသွားလေသည်။သူ၏လက်ထဲတွင်ဓားတစ်ချောင်းကဆက်လက်လင်းထိန်နေလေ၏။

မိစ္ဆာကြီးသည်သေဆုံးသွားသောသူ၏လက်ထဲမှဓားကိုကိုင်ကာတောင်တွင်မြူများရှင်းသွားသည်ကိုကြည့်နေလေ၏။ထို့နောက်သွေးအိုင်များဖြင့်လဲနေသောလူတို့ကိုမျက်ကွယ်ပြုကာကျောပေးပီးတောင်မှထွက်ရန်ပြင်ချိန်တွင် သူ့ကိုခေါ်သံကြောင့်ခြေလှမ်းများရပ်တန့်သွားသည်။

"ကျူးယန့်မင်းတကယ်ထွက်သွားမှဖြစ်မာလား၊မင်းသူပြောတဲ့အတိုင်းအဲ့တစ်ယောက်ကိုစောင့်ရှောက်ပေးမာလား"

"......."

"ကျူးယန့်ငါ့ကိုတစ်ခုတော့ပြောစမ်းပါ"

"ငါ့နာမည်ကျောက်ယွမ်ကျိူး ကျူးယန့်ဆိုတာမရှိတော့ဖူးလီလွင်"

"အဲ့ကလေးကမင်းကိုတစ်ချိန်ပြန်သတ်မာမင်းသိရဲ့လား"

လီလွင်သည်မျက်ရည်များကျကာဒေါသများဖြင့်ပြောနေခဲ့သည်။
ထို့နောက်ကျူးယန့်သည်လီလွင်ပြောနေသည်ကိုဂရုမစိုက်ဘဲကျောပေးကာထွက်သွားခဲ့သည်။

"ကျူးယန့် ငါ့ကိုထားသွားခဲ့ပီလား "

ကျူးယန့်သည်မြူများနှင့်အတူပျောက်ကွယ်သွားတော့သည်။

"ကျူးယန့်ငါမင်းနောက်လိုက်ခဲ့မယ်ငါ့ကိုစောင့်နေပါ"

Comimg soon next part
Thank you love you all

My devilWhere stories live. Discover now