3.1

16 3 2
                                        


ပြတင်းတံခါးအပြင်ဖက်က ဖြာကျနေတဲ့လရောင်ကိုပဲ ဆက်တိုက်ငေးနေမိရင်း loopထားတဲ့သီချင်းက နားစည်ထဲဆက်တိုက်မြည်နေတဲ့အခိုက်အတန့် ။ home screenပေါ်က wallpaperနဲ့ လတ်တလောကြိုက်မိနေတဲ့ album coverကိုပဲ ထပ်တလဲလဲအကြည့်ပို့မိ ။ တလောကလုံးငြိမ်သက်နေပေမဲ့ ယောက်ယပ်ခတ်နေတဲ့အတွေးတွေက ဟိုတစ်စဒီတစ်စ ။ တိမ်တွေလည်းမရှိ ကြယ်တွေလည်းမရှိ လရောင်ကလွဲလို့ ဟာလာဟင်းလင်းဖြစ်နေတဲ့ညလယ်မှာ ရှာနေမိတာကဘာများလဲ ။ တိမ်တွေကိုလား ကြယ်တွေကိုလား ငါ့ကိုယ်ငါလား တစ်စုံတစ်ရာကိုလား ။ သေချာတာတစ်ခုက သောကြာညတွေမှာတင်မဟုတ်ဘဲ အထီးကျန်ရတဲ့အခိုက်အတန့်တွေ အရင်ကထပ် ပိုစိပ်လာတာပဲ ...

dear ARIA Where stories live. Discover now