“အား . . လည်ဂုတ်က . .”
“ဘာလဲကွာ ကားကိုဘယ်လိုမောင်းနေတာလဲ ?”
ဂျွန်ကယူတစ်ယောက် ဒေါသထွက်နေသည်မှာ အဆန်းတော့မဟုတ်ပါ ၊ ဒီနေ့က သူငယ်ချင်းဖြစ်သူ ဂျယ်ဟျော့ခ်၏မွေးနေ့ ၊ ဂျယ်ဟျော့ခ်က သူ့ဆီမနက် ၉ နာရီလောက် အရောက်လာခဲ့ဖို့ပြောသည်မို့ သန်းခေါင်ကျော်ထိစာရေးပြီး အမြဲအိပ်ရာထနောက်ကျတတ်သည့် ဂျွန်ကယူ့အဖို့ ဒီနေ့လည်း တော်တော်နောက်ကျနေပါပြီဆိုမှ ကားတိုက်မိမလိုဖြစ်တော့ စိတ်ကမရှည်နိုင်တော့ပဲ ပိုဒေါသထွက်ရသည်။
သူ့ဘေးကမောင်းလာသည့်ကားက သူ့ကားရှေ့ကို ရုတ်တရက်ဖြတ်ဝင်ပြီး လမ်းကွေ့ကလေးတစ်ခုထဲ ဝင်မလို့အလုပ်တွင်
ထိုကားသည် သူ့ကားရှေ့မှာပဲ ရုတ်တရက် ရပ်သွားလေသည်။ တော်သေးသည်က ဂျွန်ကယူဘရိတ်အုပ်သည်မှာ မြန်သွားလို့ ၊ မဟုတ်လျှင်တော့ တိုက်ပြီ။
ဘရိတ်အုပ်လိုက်သည့် အရှိန်ကြောင့်ပဲလားတော့ မသိပေမယ့် အခုတလော မကြာမကြာဖြစ်နေသည့် ဇက်ကြောတက်သည့်ရောဂါက ထဖောက်တော့တာပါပဲ
ခဏနေတော့ ထိုကားပေါ်ကနေ T-shirt အနီအမဲအစင်းလေးကို ခဲရောင် long pants လေးနှင့်အတူ လိုက်ဖက်စွာ ဝတ်ဆင်ထားသည့် ကောင်လေးတစ်ယောက် ဆင်းလာပြီး ဂျွန်ကယူ့ကားဆီကို လျှောက်လာခဲ့သည်။
ဂျွန်ကယူသေချာကြည့်မိတော့မှ *ဒီလူသားဆီမှာ အရမ်းဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းတွေ ရှိတာပဲ* ဟု သူ ရုတ်တရက်တွေးလိုက်မိသည်။ ပုံစံကြည့်ရသည်မှာ တကယ်ကိုပဲ သာမန်ဆိုသည်ထက်ကို ပိုဆွဲဆောင်မှုရှိနေသည့် လူသားတစ်ယောက်
“ဒီမှာဗျ . . ဟို. .ဘာများဖြစ်သွားသေးလဲမသိဘူး ?”
“ဘာမှမဖြစ်ဘူး”
ဂျွန်ကယူမာဆတ်ဆတ်လေသံဖြင့် ပြန်ပြောမိသည်။ အမှန်တကယ်ဆို အခု ကင်မ်ဂျွန်ကယူ့ပုံစံက သူ့ရည်းစားကို စိတ်ကောက်နေသည့် ကောင်လေးတစ်ယောက်ပုံစံနှင့် ပိုတူနေသယောင်
