"အခုချိန်သာ ကျွန်တော့်မိဘတွေကိုတွေ့ရင် နုတ်နုတ်ကို စင်းပြစ်အုံးမယ်"
ဒါ ယူဂျင်း အလိုမကျတိုင်းပြောနေကျ စကား တကယ်တော့ ကျွန်တော့တို့နှစ်ယောက်က မိဘတွေကို နုတ်နုတ်စင်းမို့ မပြောနဲ့ တစ်ခါမှတောင် မတွေ့ဖူးခဲ့ပါဘူး အဲ အဲ့လိုပြောရင်လဲ မမှန်နိုင်ဘူး ကျွန်တော် ခုနစ်နှစ် သူနှစ်နှစ် လောက်က ထင်တာပဲ ကျွန်တော်တို့ကို ဒီကျောင်းရဲ့ အပြင်ဘက်မှာ ထားခဲ့လို့တဲ့ အဲ့တုန်းကလဲ ကျွန်တော်တို့ ဘာလို့နေခဲ့မိမှန်းမသိ သူတို့ပြောတာကို ကျွန်တော်တို့ အန္တရာယ်ကင်းအောင် မိဘတွေက ထားခဲ့ပေးထာပါတဲ့ ဘာမှတော့ သေသေချာချာ မမှတ်မိပေမဲ့ အဲ့အချိန်တုန်းက ကျွန်တော် သေလောက်အောင် ကြောက်နေခဲ့တာတော့ မှတ်မိသည် ပြီးတော့ မိဘတွေရဲ့ ညီလေးကို ဂရုစိုက်ဖို့ တတွတ်တွတ်ပြောသံတွေ
"ဒီနေ့လဲ အဆူခံရပြန်ပြီလား ယူဂျင်း"
" ဟာ ဟန်ဘင်းဟျောင်းကလဲ ကျွန်တော်ဒီကျောင်းရောက်ပြီးမှ တစ်ခါပဲ အဆူခံရဖူးတာပါနော်"
အော် ဒါနဲ့ ဒီကျောင်းဆိုတာ ဘယ်ကတောအုပ်ထဲမှန်းမသိတဲ့ နေရာမှာရှိတဲ့ကျောင်း သူရဲ့ပတ်ဝန်းကျင်မှာ သစ်ပင်ကလွဲပြီးဘာမှမရှိ ဒီကျောင်းရဲ့ 80% ဟာ ဟန်ဘင်းတို့လို မိဘတွေက ကယ်ဆယ်ခိုင်းတာ ခံခဲ့ရတဲ့ ကျောင်းသားတွေကြီး ဒီကျောင်းက စာပေပညာ အပြင် တိုက်ခိုက်ရေးကိုလဲ သင်ပေးတယ် ကြီးရင်တော့ နိုင်ငံကို ကာကွယ့်စောင့်ရှောင့်ဖို့ စစ်တပ်ထဲ ဝင်ရမှာပဲ
"အာ့ဆိုဘာဖြစ်နေတာလဲ ပြော"
"ဂယူဘင်းဟျောင်းပေါ့ ဘာမှမဟုတ်ဘဲ လူကိုလာပြီး ဆူနေတာ"
"ဟုတ်လား အဲ့တာဆို ဟျောင်းခဏနေ သူ့အခန်းကို သွားပြီးတော့ကို ပြန်ဆူပေးမယ်"
ဒါမျိုးတော့ ဟန်ဘင်းတို့ တက်ကြွပြီလေ ဂယူဘင်းကို သွားပြောသလိုနဲ့ ဂယူဘင်းနဲ့ တခန်းထဲကျတဲ့ တရုတ်ကလေးကို မိတ်ဖြစ်ဆွေဖြစ်နှုတ်ဆတ်လို့ရပြီ သူက အေးအေးလေး ဆိုတော့ သူအနားမှာ အဖော်တစ်ယောက်တော့ရှိမှဖြစ်မှာပေါ့နော်
____________
နေ့လည်ထမင်းစားချိန်ပေမဲ့ ဂယူဘင်းစားလို့မဝင် ဟိုကောင်စုတ်လေး သူနဲနဲအော်မိသွားတာကို စိတ်မကောင်းများ ဖြစ်နေမလားမသိ
