We've updated our Content Guidelines.
Review the latest guidelines to keep sharing stories safely.

Part 1

8 0 0
                                        

အပိုင်း ၁

"ကြည်ဖြူပါ ကြည်ဖြူပါ မေရယ်
ဒီညလေးကိုယ်လေအိပ်မပျော်နိုင်"

"ဟိတ်ကောင် ထက်မြတ် မင်းဒီမှာထိုင်နေပြန်ပြီလား ။ ဒီနေ့ငါတို့ငှားထားတဲ့တိုက်ခန်းကိုနောက်ထပ်လူနှစ်ယောက်ထပ်ရောက်မယ်တဲ့"

ကျောင်း၏နောက်ဘက်လူမရှိသောနေရာတွင်ထိုင်ကာသီချင်းဆိုနေရင်းမင်းထိုက်ရောက်လာကာ ထက်မြတ်၏ခံစားချက်များကိုဖျက်စီးလိုက်လေသည်။

"ငါတို့ငှားထားတဲ့တိုက်ခန်းကလေးယောက်နေဖို့ပဲလေ သူတို့ရောက်လာတာဘာဆန်းလို့လဲ"

ထက်မြတ်ထိုသို့ပိတ်ပြောကာ သီချင်းကိုသာဆက်ဆိုနေလေသည်။

" ဟာ မင်းကလဲ အဲ့ထဲက‌တစ်ယောက်ကတော်တော်နာမည်ကြီးတာကွ ဘက်စုံကိုတော်တာတဲ့ သူ့အိမ်ကလဲအခြေကြီးအနေကြီးထဲကကွ ၊ ငါတော့နာမည်ကြားတာနဲ့တွေ့ချင်နေပြီ"

ထိုသို့ပင်နာမည်ပဲသိသေးသောလူအားအသားလွတ်အမွှန်းတင်နေသောသူ့အား ထက်မြတ်ခပ်တည်တည်စိုက်ကြည့်ပေးလိုက်ပြီးနောက်

"တိုက်ခန်းပြန်မယ် မင်းထိုက်
ငါတို့ကအရင်ရောက်နှင့်ထားတာဆိုတော့ လိုအပ်တာရှိရင်ကူပေးရအောင်"
ဤသို့ဖြင့်နှစ်ယောက်သားကားဆီသို့သွားကာတိုက်ခန်းဆီသို့ပြန်လာခဲ့သည်။

______________________________________

ထက်မြတ်တို့တိုက်ခန်းကိုဝင်တာနဲ့ရောက်နှင့်နေပြီးသားလူနှစ်ယောက်ကိုတွေ့လိုက်ရလေသည်၊ မင်းထိုက်တော့ သူ့ပုံစံအတိုင်း ဘာ‌ကူညီပေးရမလဲ ဘာလိုအပ်သေးလဲ နာမည်ဘယ်လိုခေါ်လဲစတဲ့မေးခွန်းပေါင်းသောင်းခြောက်ထောင်နှင့်ရင်းနှီးအောင်လုပ်လေပြီ ။ ထက်မြတ်ကတော့ သူ့စားပွဲတွင်သာထိုင်၍မပြီးပြတ်သေးသော ပုံတစ်ခုကိုဆွဲနေလေသည်။

ထိုသို့တစ်ယောက်ထဲ ကမ္ဘာငယ်လေးဖန်တီးကာအေးဆေးနေနေချိန်

"အချင်းချင်းမိတ်ဆက်ရအောင်လေ roommate တွေပဲမလား"

သူ့နောက်တွင်စကားပြောသံကြား၍ထက်မြတ်လှည့်ကြည့်လိုက်သောအခါတွင် မင်းထိုက်ပြောတဲ့ နာမည်ကြီးလှပါသည်ဆိုသောသူအားတွေ့လိုက်ရလေပြီ။

Hearts in collosion Stories to obsess over. Discover now