EPI 1

2.1K 148 5
                                    

Luhan ဘောလုံးကန်တာကိုအာရုံအပြည့်နှင့်ကစားနေသည် ကစားနေတုန်းဟိုဘက်ကိုတစ်ဂိုးပေးလိုက်ရသည် ဒါပေမယ့်သူမမှု ခု သုံးဂိုးနှစ်ဂိုးနဲ့သူတို့နိုင်နေသည်လေ အိမ်နားကကစားကွင်းတွင် သူငယ်ချင်းလေးယောက်နှစ်ယောက်တစ်ဖွဲ့ နောက်တစ်ဂိုးမပေးရအရေးအစွမ်းကုန်ကြိုးစားမည်ဟုအားတင်းထားခိုက်

''Luhan''
အောင်မြင်သော volcal power ကြောင့်နောက်လှည့်မကြည့်ဘဲသိလိုက်ပါသည် နှစ်ယောက်မရှိသောချစ်လှစွာသောဦးလေး chen

chen '' Luhan မင်းကိုငါကလမ်းထိပ်မှာ အဘိုး kris စားချင်နေတဲ့ ကြက်ကြော်သွားဝယ်ခိုင်းတာနင်ကဒီမှာအလေလိုက်နေတယ်ဟုတ်လား ငါကနင်ပါကြက်ကြော်ဖြစ်သွားပြီလားလို့ ''

Luhan ဘေဘီလှည့်ကြည့်လိုက်တော့ဘယ်သူမှမရှိတော့ ဘယ်တွေရောက်ကုန်တာတုန်းဟ
Luhan လည်းပြေးနိုင်မှလွတ်မယ်ဆိုတာသဘောပေါက်တော့ ချက်ချင်းစက်ဘီးကိုတွန်းပြီး နောက်လှည့်ကာ
''ဦးလေး chen နောက်ကျရင် volcal power နည်းနည်းလျော့ မဟုတ်ရင်ဦးလေးတစ်သက်လုံးလူပျိုးကြီးလုပ်နေရလိမ့်မယ်''
chen ကတော့ဆွေ့ဆွေ့ခုန်ပြီးကျန်ခဲ့တာပေါ့

Luhan လည်းနောက်လှည့်အော်ပြီးရှေ့ပြန်အလှည့် ရှေ့မှာရပ်ထားတဲ့ ကားမမြင်ဘဲတိုက်ပြီးလဲပါလေရော
ထပြီးတောင်းပန်ဖို့လုပ်တုန်း
Se'' ဟေ့ မင်းငါ့ကားရှေ့မှာဘာလုပ်တာလဲ လျော်ကြေးလိုချင်လို့လား ဒီအကွက်တွေကရိုးနေပါပြီ ကွာ နောက်တစ်နည်းဆန်းဆန်းလေးထွင်ဦးမှပေါ့''
Luhan စိတ်တိုသွားသည် တောင်းပန်မယ့်စကားတွေလည်းကြက်ပျောက်ငှက်ပျောက်ဖြစ်ပြီးပြန်ရန်တွေ့မိလိုက်သည်
'' ခင်ဗျားကားကိုလမ်းလယ်ကြီးမှာပိတ်ရပ်ထားတာကိုး စည်းမရှိကမ်းမရှိရပ်ထားတဲ့ခင်ဗျားကတောင် ငါ့ကိုပြန်တောင်းပန်သင့်တယ်''
sehun သူ့သူငယ်ချင်း kai နှင့်စကားပြောပြီးကားပေါ်ပြန်အတက် ကားရှေ့မှာဇာတ်လမ်းထွင်ပြီး လျော်ကြေးတောင်းမယ့်ပုံနဲ့လဲနေတဲ့ကောင်လေးတစ်ယောကိုတွေ့လို့ ပြောလိုက်တာပါ အဲ့ကောင်လေးမော့ကြည့်လာတဲ့မျက်ဝန်းကိုမြင်တဲ့ခနအရာအားလုံးကိုမေ့လျော့ပြီးဆွံအသွားမိပါတယ်
Sehun pov '' လှလိုက်တဲ့သမင်မျက်ဝန်းလေး''

ဒါပေမယ့်အဲ့ကောင်လေးက ပြန်မတောင်းပန်တဲ့အပြင်သူ့ကိုပြန်အော်နေတော့သူတော်တော်စိတ်တိုသွားသည်
Se'' bor မှားတာကမင်းမှားတာလေ''
Lu''နေစမ်းပါဦးမင်းကငါနဲ့ရန်ပြိုင်ဖြစ်နေရအောင် မင်းကဘယ်ငါးစိမ်းသည်မကမွေးထားတာလဲ''
Se''ဘာ မင်းလွန်လာပြီနော် ရှေ့ကဖယ်စမ်း ငါမတိုက်ရဲဘူးမထင်နဲ့''
Lu'တိုက်လေတိုက်ရဲရင်တိုက်ပေါ့ luhan တို့ကတော့ဂျပန်ဝါဒလက်ခံထားတဲ့အတိုင်း မသကာဒီဘဝသေရင်နောက်ဘဝကလေးပြန်ဖြစ်မှာပေါ့'' လို့ပြောပြီးကားရှေ့ပိတ်ရပ်နေလိုက်တယ်
sehun လည်းစိတ်တိုလာ သဖြင့်​ကားပေါ်ကဆင်းပြီး ရှေ့ကပိစိကိုတွန်းဖယ်ကာ မောင်းထွက်သွားလိုက်သည် luhan မှာသာ လှဲရာကနေမနည်းပြန်ထပြီးကျန်ခဲ့ သည် ဒါပေမယ့် luhan ကားနံပါတ်တော့မှတ်မိလိုက်သည်လေ

When Hate Becomes LoveWhere stories live. Discover now