Part-1

31 1 0
                                        

ရထားတစ်စင်းသည်မြက်ခင်းပြင်စိမ်းစိမ်းများကိုဖြတ်ကျော်လာသည်ပန်းခင်းများစွာကိုလည်းကောင်း၊ကျွဲ နွားများကိုလည်းကောင်း၊ရွာငယ်များကိုလည်းကောင်းဖြတ်ကျော်လာသည်။ရထားဆိုက်ရောက်ရာနေရာဟာရှေးဟောင်းမြို့တော်
ဖြစ်သောမန္တလေးပင်ဖြစ်သည်။

မန္တလေးဘူတာရုံတွင်လူအချို့သည်ကိုယ့်ပစ္စည်းကိုယ်သယ်ကာရထားပေါ်မှဆင်းကြပြီးအချို့မှာရထားပေါ်တက်ဖို့ပြင်ဆင်နေကြသည်။

စဝ်အသူရာရထားပေါ်မှဆင်းလာကာထွက်ရမဲ့အပေါက်ကိုလိုက်ရှာနေသည်။အခြားသူတွေလိုသူ့ကိုလာကြိုမဲ့သူလည်းမရှိသလိုစောင့်နေမဲ့သူလည်းမရှိပါ။

သူကဒီဇာတိမဟုတ်ပါကျောင်းလာတက်ရုံသာဖြစ်သည်။သူရဲ့ဇာတိမှာရှမ်းပြည်နယ် တောင်ကြီးမြို့သာဖြစ်သည်။မားမားကအင်းလေးသူဖြစ်၍သူအင်းလေးကိုတော့ပင်နှံ့နံ့စပ်စပ်ရောက်ဖူးသည်။မိဘနှင့်မပါဘဲခရီးမထွက်ဖူးသလို မိဘနှင့်ခွဲ၍လည်းမ‌နေဘူးပါဒါပေမဲ့သူကဒီမန္တလေးသက္ကသိုလ်မှာတက်ချင်ခဲ့တာငယ်ငယ်ကတည်းပင်။ဒါပေမဲ့ပါးနဲ့မားကခွင့်မပြု‌သောကြောင့်ယခုဒုတိယနှစ်မှပြောင်းလာနိုင်တာဖြစ်သည်။

" အာ့ "

"ဆောရီးပါ ကျွန်တော်မမြင်လိုက်လို့ပါ"

"ရပါတယ်"

အတွေးလွန်ရင်းလျှောက်လာတာလူတစ်ယောက်ကိုတောင်ဝင်တိုက်မိသွားတယ်။ထွက်ပေါက်ရှာရမှာဖြစ်လို့ဟိုဘက်ကရပါတယ်ပြောတာနဲ့တန်းသာထွက်လာလိုက်တော့သည်။

ဘူတာရုံကထွက်တာနဲ့တက္ကစီတစ်စီးကိုငှားလိုက်သည်။သွားရမဲ့လိပ်စာကိုပြောလိုက်တော့ နည်းနည်းလေး‌နီးတယ်လို့တော့ပြောသည်

နောက်ဆုံးတော့ရောက်ပါပြီသူနေရမဲ့တိုက်ခန်းကို
ဒီတိုက်ခန်းကိုပါးပါးကသူ့အတွက်ဝယ်ပေးထားတာဖြစ်သည်ကျောင်းတက်ရင်အဆင်ပြေအောင်လို့ဆိုပြီးတိုက်ခန်းလေးကသပ်ရပ်သည်။၆လွှာတိုက်ဖြစ်ပြီးသူကတော့၅လွှာမှာပင်။အိပ်ခန်းနှစ်ခန်းရယ်ဧည့်ခန်းရယ်မီးဖိုချောင်ရယ်ရေချိုးခန်းအိမ်သာရယ်ဝရန်တာလေးတစ်ခုရယ်ပါသည်ပါးပါးကသူ့အတွက်အကုန်အပြည့်အစုံထည့်ပေးထားသည်။

ln loveWhere stories live. Discover now