Unicode

238 18 1
                                        

"Second Time"

_____________

"ကျစ်! ဒီမိုးကြီးက ကွာ"

တဝေါဝေါ ရွာချနေတဲ့ မိုးကို ကြည့်ပြီး သူ ကျစ် ခနဲ စုတ်သတ်မိသည်။

နောက် 15 မိနစ်ဆို ရုံးတက်တော့မှာ၊ သူ့ခမျာ ခုထိ ကားစောင့်နေရတုန်း။ ဒီကနေ့က ရုံးမှာ အဖွဲ့မှုးအသစ် ရောက်လာမဲ့နေ့ ဖြစ်သည်။ ဆိုတော့ လက်ထောက်ဖြစ်တဲ့ သူက နောက်ကျနေလို့ မဖြစ်။

သူ taxi စီးသွားဖို့သာ ဆုံးဖြတ်လိုက်သည်။ စိုစိ စိုစိနဲ့ bus ကားပေါ်မှာ တိုးကြိတ်ပြီးလည်း မစီးချင်တော့ဘူး။ပြင်ထားတဲ့ စီးတော်ယာဉ်ဆိုင်ကယ်လေးက လမ်းချော်ပြီး မှောက်သွားတာကြောင့် ဘရိတ်ပြတ်နေသည်။ အဲ့လိုတွေကြောင့် သူ မိုးတွင်းကို မကြိုက်တာ။ အရာရာ နှောင့်နှေးစေသည်။ ချစ်စရာမကောင်းလိုက်လေခြင်း....

....

....

"ချန်းကော"

ရုံးရောက်တော့ ကလေးမလေးတစ်ယောက်က ပြာပြာသလဲ သူ့နာမည်ကို ခေါ်သည်။

"အဖွဲ့မှူးအသစ် ရောက်နေပြီလား "

မေးလိုက်တော့ ခေါင်းအမြန်ငြိမ့်ပြတာကြောင့် တစ်ခါတည်း ရုံးခန်းထဲ တန်းဝင်သွားလိုက်တော့သည်။

သူ နောက်မကျလို့ တော်သေးသည် ပြောရမည်။ အချိန်က ရုံးတက်ဖို့ 3 မိနစ်လိုနေသေးသည်။

တံခါးဖွင့်တော့ သူတွေ့လိုက်တာ ကျောပေးရပ်နေတဲ့ ကျောပြင် တစ်ခု၊ အသစ်ရောက်လာတဲ့ အဖွဲ့မှုး ဖြစ်မည်။ သူ ခေါင်းငုံ့လို့ အသံ ပေးလိုက်သည်။

"အဟမ်း၊ နီးဟောင် ကျွန်တော်က လက်ရှိရောက်လာတဲ့ အဖွဲ့မှုးအသစ်ရဲ့ လက်ထောက် ချန်းယွီပါခင်မျ"

"မင်း ရောက်လာပြီပေါ့"

တုန့်ပြန်သံက အေးစက်စက် ထွက်ပေါ်လာ၏။

တစ်ခန သူနည်းနည်းတော့ အံ့သြသွားပါသည်။ခေါင်းမော့ကာကြည့်လိုက်တော့ အေးစက်စက် မျက်နှာက အရင်အတိုင်း  ၊ ကြည့်ကောင်းနေဆဲ။မတွေ့ရတဲ့ နှစ်တွေအတွင်း ပိုပြီး ကြည့်ကောင်းလာသည်။

ထိုသူက လွန်ခဲ့တဲ့ နှစ်နှစ်က သူ အဆက်ဖြတ်ခဲ့သည့် သူ့၏ ချစ်သူဟောင်း ဖြစ်နေခဲ့သည်။

You've reached the end of published parts.

⏰ Last updated: Aug 22, 2024 ⏰

Add this story to your Library to get notified about new parts!

second timeWhere stories live. Discover now