Intro

15 2 0
                                        

အသိအမှတ်ပြု မခံရတဲ့ ကြိုးစားခြင်းတွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ဂရုစိုက်မှုတွေရဲ့ အဆုံးမှာ ကျွန်တော်တို့ အချစ်ဆုံးလူတွေကို အမုန်းဆုံးဖြစ်သွားလေ့ရှိပါတယ်။ 

မမျှော်လင့်ပါဘူးဆိုရင်တောင် လျစ်လျူရှုထားတဲ့ ဒဏ်ရာတွေဟာ တစ်ချိန်မှာ အမာရွတ်အဖြစ် ပေါ်လာမှာပါ။ လောကကြီးရဲ့  တည်ရှိမှု ပုံသေနည်းတွေပေါ့။ 

လူတိုင်းက ခေါင်းမာမာနဲ့ ဒီပုံသေနည်းတွေကို ရင်ဆိုင်နိုင်တယ်လို့ တစ်ခါလောက် တွေးမိကြပါလိမ့်မယ်။ နောက်ဆုံးမှာ ဒါတွေက နောင်တဆိုတဲ့ အမာရွတ်တွေအဖြစ်ကျန်ရှိခဲ့တာပါပဲ။ 

ဘယ်သူ့ကိုမှ အပြစ်မတင်ဘဲ ကိုယ်လုပ်ခဲ့တဲ့ အကြောင်းတွေကြောင့် ရရှိလာတဲ့ အကျိုးတွေကို သင်ခန်းစာအနေနဲ့ လက်ခံရင်း ဆက်လက်ရှင်သန်နေထိုင်သွားဖို့အပြင် တစ်ခြားသော ရွေးချယ်ခွင့်တွေလည်း မရှိပါဘူး။ 

ကျွန်တော် သူ့ကို ချစ်ခဲ့တယ်ဆိုတဲ့ အမှန်တရားက မပြောင်းလဲသလို လက်ရှိအထိ ချစ်နေဆဲဆိုတာကိုလည်း မငြင်းချင်ပါဘူး။ ပြောင်းလဲသွားတာက ကျွန်တော်ကိုယ်တိုင်ချမှတ်ခဲ့တဲ့ သူနဲ့ ကျွန်တော့ကြားက
စည်းမျည်းတွေပါပဲ။ သူရဲ့ တုံ့ပြန်မှုတွေအပေါ် မူတည်ပြီးပေါ်ပေါက်လာတဲ့စည်းတွေက သူကြောင့် ကျွန်တော် ထပ်ပြီး မနာကျင်ချင်တာရယ်၊ သူ့ကို ဒီထက်ပိုပြီး မမုန်းချင်တော့တာရယ်ကြောင့်ပါ။ ကောင်းမွန်တဲ့ အမှတ်တရတွေနဲ့ အဖိုးတန်တဲ့ ကျွန်တော့်ရဲ့ အချစ်တွေကို သိမ်းဆည်းပြီး သူစိမ်းတွေအနေနဲ့ပဲ နေသွားချင်ပါတယ်၊ Jeon Jungkook။

___________________________________________

" Jungkook " 

" ..... " 

သူရဲ့ အေးစက်စက်နောက်ကျောပြင်ကို ကြည့်ပြီး ဒီ ၅ နှစ်တာအတွင်း မငြီးမငွေ့ လုပ်ဖြစ်ခဲ့တာက သူနာမည်ကို ခေါ်ဆိုရတာပါပဲ။တစ်ခါမှ တုန့်ပြန်မှုမရခဲ့သလို လက်ရှိအချိန်မှာ ကျွန်တော့်ဘက်ကလည်း သူ့ရဲ့ တုန့်ပြန်မှုတွေကို မျှော်လင့်တာမျိုးမရှိတော့ပါဘူး။ 

အနည်းဆုံး ရပ်တန့်သွားတဲ့ သူရဲ့ ခြေလှမ်းတွေက နားထောင်နေတယ်ဆိုတဲ့ အမှတ်အသားတစ်ခုပဲဖြစ်ပါလိမ့်မယ်။ 

" ငါမင်းကို ဆက်မကြိုက်တော့ဘူး။ " 

" မချစ်တော့တာ မဟုတ်ပေမဲ့ University မှာ အမှတ်ကောင်းဖို့ ငါ ကြိုးစားဖို့လိုတယ်။ စာတင်မဟုတ်တော့ဘူး၊ အလုပ်မှာရောပဲ။ အလယ်တန်း၊ အထက်တန်း တစ်လျှောက်လုံး မင်းကိုပဲ ကြည့်ပြီးနေခဲ့ရတာ ပျော်စရာကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ထပ်ပြီးမလုပ်နိုင်တော့ဘူး။ တောင်းပန်ပါတယ်။ "

" ..... "

ပြောပြီးတဲ့နောက်မှာ ကျွန်တော် လှည့်ထွက်ခဲ့တဲ့။ သူ့ကို ကျောခိုင်းဘူးတာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကြည်လင်နေတဲ့ စိတ်နဲ့ သူ့ကို ပြတ်ပြတ်သားသားလုပ်နိုင်တာက ဒီတစ်ခေါက် ပထမဆုံးပါ။ 

သူ ကျွန်တော့်ကို လှည့်ကြည့်နေမလား၊ ဆွဲထားချင်နေမလား၊ သနားနေမလား၊ ဘာကိုမှ ဂရုမစိုက်တော့ဘဲ စိတ်ဖြောင့်ဖြောင့်နဲ့ ကျောခိုင်းခဲ့ပါတယ်။ 

သေချာပေါက် နောက်နေ့ ကျောင်းလာရင် တွေ့ရမဲ့ မျက်နှာပေမဲ့ ဒီနေ့ကစပြီး Kim Taehyung က အရင်လို တွယ်ကပ်နေမဲ့သူမဟုတ်တော့တာက ကြီးမားတဲ့ ကွာခြားချက် ဖြစ်ပါလိမ့်မယ်။ 

_________________________________________

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Jul 07, 2024 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

PrideTempat cerita menjadi hidup. Temukan sekarang