အစ်မတို့အတွက် ငါးဖယ်ဟင်းနဲ့ တခြားဟင်းနှစ်မျိုးချက်ပေးခဲ့ပြီး ဆုတဲဘက်ကို ထွက်လာခဲ့လိုက်သည်။

သူ့အတွက် ဟင်းချက်ရဦးမည်မို့ အလုပ်ဝင်ချိန် မှီဖို့ အမြန်လုပ်မှသာ အဆင်ပြေလိမ့်မည်..။

'ဟင်...'

အခန်းထဲမှာ မဟုတ်ပဲ အိမ်ရှေ့ဘက်မှာ ဝမ်းလျားမှောက်နေတော့ ဆု မျက်လုံးပြူးကာ ကပျာကယာ တဲပေါ် တက်ပြေးမိသည်။

'ကောင်းမြတ်သူ...ကောင်းမြတ်သူ...'

သူ့ကျောပြင်ကို လှုပ်နှိုးရင်း ဆုရင်တွေ ခုန်လာသည်။

'ကောင်းမြတ်သူလို့...'

'အမ်း..'

'ဘာဖြစ်တာလဲ..ဘာဖြစ်လို့လဲဟင်...'

'အိပ်နေတာပေါ့ဟ...ဒုက္ခပဲ..ရူးနေပြီလား..'

'ဟင်...ဪ..ဆောရီး...ရှေ့ခန်းမှာဆိုတော့ တစ်ခုခု ဖြစ်နေတယ်ထင်လို့...'

ဆု ပြန်ထဖို့ ပြင်လိုက်ချိန် လက်ကိုဖမ်းဆွဲထားပြီး မျက်နှာက ဆု့ဘက်ကို လှည့်လာသည်။

ခပ်ဖွာဖွာ ဖြစ်နေတဲ့ ဆံပင်တွေက မျက်ခုံးထူတွေနားအထိ ရောက်နေပြီ..။

မျက်တောင်တွေ ဖိကပ်ထားသော်လည်း နိုးနေပြီမှန်း သိပါသည်။

သူ့မျက်နှာကို စေ့စေ့ကြည့်မိတိုင်း အပြစ်ရှိသလိုခံစားရပြီး ဆု့နှလုံးသားကို နာကျင်ဝမ်းနည်းစေပါသည်။

'နင်...သိနေတာလား...'

'ဘာလဲ'

'ငါ ဒီမှာ အလုပ်ဝင်နေတယ်ဆိုတာလေ...'

'..........'

'သိလို့ ရောက်လာတာမလား...'

'...........'

'ဘာဖြစ်လို့လဲ...နင်..ဘာလို့  ပြန်လာခဲ့တာလဲ...ကလဲ့စားချေချင်တာ သပ်သပ်ဆိုရင်တောင်မှ ငါ မထိုက်တန်ပါဘူး..နင်က နင့်ဘဝနဲ့ နင် ပျော်နေသင့်တာပါ...'

'...........'

'နင် ပြောတော့ ငါ့ဆီ ဘယ်တော့မှ ပြန်မလာတော့ဘူး..စွန့်လွှတ်လိုက်ပြီဆို...ယောက်ျား ဖြစ်ပြီး ဘာလို့ ကတိမတည်တာလဲ...'

'ေ-ာက်ရူးမို့လို့လေ...ငါ နင့်ကို ေ-ာက်ရမ်းချစ်နေတုန်းမို့လို့..'

လခြမ်းပဲ့Where stories live. Discover now