"နေ့ရက်တိုင်းမှာ မင်း ကိုယ့်ကို
အစကနေ ပြန်ချစ်ပေးတာလေး
ကိုယ်သဘောကျတယ် Lucy"
"ရှင် ကျွန်မကိုထပ်ချစ်မိအောင်
လုပ်နိုင်တာ လေးလည်း
ကျွန်မသဘောကျတယ် Henry"
__
"မင်းက ကိုယ့်ကို
အကောင်းဆုံးအရာတွေ ဆီကနေ
ဆွဲခေါ်ထားမိတယ်လို့ တွေးခဲ့တာ မလား"
"အဲ့ဒါဆို မင်းမှားတယ် အချစ်
မင်းနဲ့အတူ ရှိနေရတဲ့အချိန်တွေကမှ
ကိုယ့်ကို အကောင်းမွန်ဆုံးနဲ့
အပြည့်စုံဆုံးလို့ ခံစားရစေတာပါ"
"ကိုယ်က မင်းရဲ့လူပါ အချစ်ရယ်
ကိုယ့်ကို မင်းဘဝထဲ ရှိနေခွင့်ပေးပါ"
__
"Accident မဖြစ်ခင်တစ်ရက်က
ရှင်နဲ့ သိခွင့်ရလိုက်ရင်ကောင်းမယ်"
"မင်း ကိုယ်နဲ့ တစ်ကြိမ်ထပ်ပိုပြီး
တွေ့ရင် ကိုယ့်ကို ပျင်းသွားလိမ့်မယ်"
__
"ပထမဆုံးအနမ်းတွေလောက်
ဘယ်အရာကမှ ပိုမကောင်းနိုင်ဘူး ထင်တယ်"
"မင်းကိုယ့်ကို အမြဲအဲ့လို
ပြောတတ်တယ်လေ"
__
"ချစ်ရတဲ့သူနဲ့ စတွေ့ခဲ့တဲ့အချိန်လေးက
ပြန်တွေးမိတိုင်း ပြုံးသွားရတဲ့
အမှတ်တရလိပ်ပြာလေးတွေ မဟုတ်လား
ပြီးတော့ အဲနေ့က
ကော်ဖီဆိုင်မှာ တစ်နေ့တည်းကို
ထပ်ခါထပ်ခါ ပြန် ရှင်သန်နေတဲ့
မင်းရဲ့ပုံစံလေးကို ငေးကြည့်ရင်း
ကိုယ် သိပ်ချစ်မိသွားတာ သိလား
အစတွေက မှတ်မိသမျှ
အရာအားလုံးထဲမှာ ခံစားလို့
အကောင်းဆုံးပဲမလား
အဲ့အခိုက်အတန့်လေးကို
ကိုယ်က နေ့တိုင်းခံစားခွင့်ရှိနေတယ်
ဘုရားသခင် ကိုယ့်အပေါ်
ကောင်းမြတ်လိုက်တာ အချစ်ရယ်"
__
"ဘဝတစ်လျှောက်လုံး
နေ့ရက်တိုင်းမှာ ရှင်နဲ့
ပထမဆုံးအကြိမ် ထပ်ချစ်ခွင့်ရတာ
ကျွန်မ သိပ်ဝမ်းသာတာပဲ"
"လက်မလျှော့ဘဲ ကျွန်မကို
ချစ်နေဖို့ ရွေးချယ်တဲ့ ရှင့်ရဲ့လက်တွေထဲမှာ
ထွေးပွေ့ခံရတာ စိတ်လုံခြုံမှု ရှိလိုက်တာ"
"ရှင့်လက်က ရတဲ့အနံ့လေး
ကျွန်မကြိုက်တယ် Henry...."
__
အားလုံးပဲ မင်္ဂလာပါ ✨
The White writes Creations ရဲ့
Founder "the White" ဖြစ်ပါတယ်
မှတ်ပုံတင်ထဲက နာမည်ကတော့
"Phoo Pyae Sone" လို့ခေါ်ပြီး
စာတွေရေးသားလျက် ရှိပါတယ်
__
ထွက်ထားတာ ဆယ်စုနှစ်
တစ်ခုစာလောက် ရှိနေပြီ ဖြစ်တဲ့
"50 first dates" အချစ်ဟာသ
ဇာတ်လမ်းကောင်းလေးက
"the White" ကြည့်ဖူးတဲ့
လက်တစ်ဆုပ်စာ Romantic movie
တွေထဲက တစ်ကားပေါ့
ဒီကားလေး ကြည့်ပြီးတာနဲ့
ကိုယ့်ချစ်သူကို တန်ဖိုးထား
ချစ်တတ်သွားမှာ ဖြစ်လို့
Recommended လုပ်လိုက်ရပါတယ်✨
the White writes Creations Page
အပြင် ဒီစာတွေကို တခြားဘယ်နေရာမှာ
သွားရှာဖတ်လို့ ရနိုင်ဦးမလဲ?
✅ 1. Insidernote
✅ 2. Sarphat
✅ 3. Facebook
✅ 4. LinkedIn
စတဲ့ ကိုယ်ကြိုက်နှစ်သက်ရာ
App တွေကို Play store မှာ
Download လုပ်ပြီး
Account လေးတစ်ခု ဖွင့်ထားရုံနဲ့
ဘယ်သူမဆို အလွယ်တကူ
အခမဲ့ ဖတ်ရှုနိုင်ပါတယ် ✨
The White writes Creations
3.6.2024 (1156words)
