When You Know , You Know

758 52 13
                                        

Story Type - One short

OTP - Sungjeng

Category - Comedy , Uni life
___________________________________________

ညာဘက်ပုခုံးပေါ်က လွယ်အိတ်ကြိုးကို ခပ်တင်းတင်းဆွဲလို့ ဆောင်းဟွန်းခြေလှမ်းတွေ တက်ကြွနေသည်။

ဒီနေ့ သူ ဘယ်သူငယ်ချင်းကိုမှ မခေါ်ဘဲ အတန်းလစ်လာခြင်းပင်။ရှေ့ရက်ကလည်း သူ ထိုသို့အတန်းလစ်ခဲ့ဖူးသည်။ထိုတုန်းက ကိုယ့်ထက်တစ်နှစ်ငယ်တဲ့ကလေးတစ်ယောက်ကို အကူကောင်းလို့ သူ့တွင် သူငယ်ချင်းတစ်ယောက်ပင် ထပ်တိုးလာခဲ့သေးသည်။

ဒုတိယနှစ်ကောင်တွေဆီက ၀ိုင်းအနိုင်ကျင့်ပိုက်ဆံတောင်းခံနေရတာမြင်လို့ သူ့ဘက်မှ စီနီယာပီပီ ၀င်ထိန်းပေးခဲ့ခြင်းဖြစ်သော်လည်း ထိုကလေးက အအေးတစ်ခွက်လောက်ဖြစ်ဖြစ်၀ယ်တိုက်ပါ့ရစေဆိုသဖြင့် လိုက်သွားမိရင်း ရင်းနှီးခဲ့ခြင်းပင် ဖြစ်သည်။သူ့အတွက် ကူညီခဲ့ခြင်းမှာ ပကာသနတွေမလိုပေမဲ့ တစ်ဖက်ကလေးက ကျေးဇူးသိတတ်လွန်းနေတော့ သူလည်း မတတ်နိုင်။ဒီတိုင်း နိုင်ထက်စီးနင်းလုပ်နေတဲ့ကောင်တွေက အတန်းတူကောင်တွေမို့ သူလည်း ၀င်ထိန်းပေးရဲခြင်း ဖြစ်သည်။

ချိုချဥ်တုတ်လုံးကို လွယ်အိတ်ထဲမှ ထုတ်ယူလို့ အခွံနွှာကာ ပါးစပ်ထဲထည့်လိုက်သည်။လန်းဆန်းဆန်းသံပုရာအရသာက လျှာကြောတစ်လျှောက် စိမ့်ခနဲ။

ကျောင်း၀င်ပေါက်သို့အရောက်တွင်တော့ သူ့ခြေလှမ်းတွေ တန့်ခနဲ ရပ်သွားရတော့သည်။မျက်လုံးအတွင်းသို့ ၀င်ရောက်လာသည့် နေရောင်ခပ်စူးစူးကြား သူ မျက်မှောင်ကြုတ်ကာ သေချာကြည့်မိလိုက်သည့်အခါ

ဟိုက်...! ဒါဟိုနေ့က သူ ကူညီပေးခဲ့သည့် ယန်းကောင်လေး။

ကျောင်း၀င်ပေါက်ရှေ့တွင် ဆွဲလားရမ်းလားလုပ်ခံနေရသည့်အနေအထားမို့ သူ့အကူအညီကို ထပ်လိုအပ်မည့်ပုံ ပေါ်သည်။တစ်ယောက်တည်းအတန်းလစ်လာရတိုင်း ထိုယန်းကောင်လေးကိုသာ ကူညီနေရသည်အား တွေးမိတော့ ဆောင်းဟွန်းမှာ အီလည်လည်။

" ဟိတ်...ကောင်လေး"

တစ်ဖက်လူမှလက်ဆွဲခေါ်နေသည်ကို ခေါင်းလေးတစ်ခါခါဖြင့် အကြောက်အကန်ငြင်းနေသော ယန်းကောင်လေး၏ပုခုံးကို သူဆွဲဖက်ပစ်လိုက်သည်။

- When You Know , You Know | SungjengWhere stories live. Discover now