"ကိုယ်မင်း အစ်မ နဲ့နီးချင်လို့ မင်းကို ဟန်ဆောင်ပြီးချစ်ပေးခဲ့တာ"
ထို စကားဟာ ရင်ဘက်ဝကို ဆောင့်ကန်လိုက်သလိုပင်.....
၃နှစ်..၃နှစ်လုံး ချစ်ပေးခဲ့တာ အမ အတွက် တဲ့လား
မဟုတ်ဟူး... ချစ်ပေး ခဲ့တာ မဟုတ်ဘူး ချစ်ဟန်ဆောင်ပေးခဲ့တာ။
မြှားနတ်မောင်ရာ..
ပေါင်းစပ်ခွင့်လေး..
လုပ်မပေးနိုင်ဘဲနဲ့..
အဘယ့်ကြောင့်များ
တို့နဲ့..မောင်နဲ့ကြား
မောင်နဲ့..တို့နဲ့ကြား
မင်းရဲ့..မြှားကို
လက်ဆော့ပစ်ခွင်း..
ကံကြမ္မာခြင်းဆုံ..
ရင်ခုန်စေခဲ့တာလဲ။
မျက်ရည်များဟာ....ရေတွက်လို့ မရအောင်ကို တစ်စက် ပြီး တစ်စက် ကျလို့နေတယ်...
"ဘာလို့ ငါကို မချစ်နိုင်ရတာလဲ မောင်..."
စကားတစ်ခွန်း စီမှာ အကြောင်းပြချက် တစ်ခုစီ ရှိတယ် မောင့်မှာကော ရှိရဲ့လား.....
"မင်းက မိန်းကလေး မှဟုတ်တာ လွန်းရဲ့။ကိုယ် ဘဝမှာ ယောက်ျားတစ်ယောက်နဲ့ ချစ်သူ ပဲဖြစ်လို့ရမယ် ။အဆုံးမှာတော့ လက်တွဲ သွားမည့် သူက မိန်းကလေးတစ်ယောက် ပဲ ဖြစ်ရမယ်"
စကားတွေ နဲ့ပင် သတ်နေသည့်မောင်...
မောင်ရဲ့ စကားလုံးတိုင်ဟာ လူကို ရင်ကွဲစေတဲ့အထိဖြစ်ရစေသည်....
အရှင်လတ်လတ် သေသည်ဆိုတာဒါပင်လား..
တောင်းပန်ပါတယ်
မောင့်ကို လိုတာထက်ပို ပြီး
ချစ်မိခဲ့လို့။
မောင် တောင် မချစ်တာ ငါလဲ မောင်ကို မကပ်တွယ်ချင်တော့ဘူး။
ပါး ပေါ်က ကျနေတဲ့ မျက်ရည်တွေကို သုတ်လိုက်ရင်း....
"အင်း..အခု မင်းက ငါ့ကို ဘာလို့ဒါတွေ လာပြော နေတာလဲ"
ပြတ်ပြတ်သားသားပဲ ဆုံဖြတ်ရအောင်မောင်...မဟုတ်ဘူး..'မင်းထက်မောင်'။
လွန်းထက်မောင်က မျက်နှာ သိသိသာသာပျက်သွားသည်။
"မင်း ဘယ်လိုတွေ ခေါ်နေတာလဲ လွန်း"
လွန်း က သူ့ကို စိမ်းစိမ်းကားကား မင်းလို့ ခေါ်တာ သူမကြိုက်ပါ။
