အပိုင္း(၁)Uni

27 0 1
                                    


ဒီဇင်ဘာလထဲမှာမို့  ချမ်းစိမ့်နေသော အအေးဓာတ်က အရိုးထဲထိအောင်ပင်။ ချမ်းလွန်းတာကြောင့် ပုံမှန်ဆို လူစည်ကားနေကြဖစ်သော လမ်းတွေဟာလည်း လူအရိပ်အယောင်ပင်မရှိသလောက်။ ထိုသို့ အေးလွန်းလှသော လမ်းထက်မှာ မဟော်တစ်ယောက် ဂျာကင်အမည်းရောင်ကိုဝတ်ကာ ပုံမှန်လူတွေနဲ့ မတူဘဲ လက်ကြားထဲတွင် ဆေးလိပ်ညှပ်ပီး သူသွားလိုရာခရီးကို ရှည်သွယ်သွယ်ခြေထောက်များနဲ့ ခပ်တည်တည်လမ်းလျှောက်လာနေလေသည်။

လမ်းလျှောက်လာသောမဟော်က အအေးဓာတ်ကို မခံစားရသလိုပင်။ ထိုအစား တွန့် ချိုးနေသော မျက်ခုံးနှင့် ဒေါသရိပ်သန်းနေသော မျက်လုံးတို့ က မြင်သူတိုင်းကို ထိတ်လန့် စေသည်။ သွားနေတဲ့  မဟော်ရဲ့ခြေလှမ်းတွေက Night Sweetဆိုသော ဆိုင်းဘုတ်ထောင်ထားသော ဆိုင်တစ်ဆိုင်တွင် အဆုံးသတ်လေသည်။

"ဒုန်း!!!"

အားပြင်းပြင်းနဲ့ ကန်လိုက်တာကြောင့် ပွင့်ထွက်သွားသော တံခါးသံက ပုံမှန်ထက်တိတ်ဆိတ်နေသော အချိန်မို့  ကျယ်ကျယ်လောင်လောင်ပင်။ လက်ကြားထဲမှာညှပ်ထားတဲ့ ဆေးလိပ်ကို ဟန်ပါပါနဲ့ မီးညှိပီး နီညိုရောင်သန်းနေသော နှခမ်းပါးပေါ်တင်ကာ ဆေးလိပ်ကို တစ်ချက်ရှိုက်ဖွာလိုက်ရင်း ခပ်ထေ့ထေ့ ဆိုလာသော စကားသံက သြရှရှအသံဖြင့် ယောက်ကျားပီသစွာ။

"မင်းတို့ ထဲက မြတ်သူဆိုတဲ့ကောင်က ဘယ်သူလည်း"

"ငါဘဲ ဘာကိစ္စရှိလို့ လည်း"

အသံလာရာဖစ်သောတံခါးပေါက်နဲ့ တစ်တန်းတည်းဖစ်နေသော စားပွဲဝိုင်းမှာထိုင်နေတဲ့ လူရှိရာသို့ သွားပီး စားပွဲပေါ်တင်ထားတဲ့ အရက်ပုလင်းကိုဆွဲကာ ထိုလူ့ ခေါင်းကိုရိုက်လိုက်တဲ့ မဟော်ကကြောက်ရွံ့ ခြင်း အလျှင်းမရှိပေ။

"ခွမ်း!!အ!!"

ခေါင်းကိုရိုက်လိုက်တာကြောင့် ဖြာထွက်လာသော သွေးများကအများအပြား။ အရိုက်ခံလိုက်ရသော ထိုလူရဲ့တပည့်များကလည်း ချက်ချင်း မဟော်အနားကိုချည်းကပ်လာကြတာကြောင့် အမြန်အဆန်ဘဲ ထို လူ့ လည်ပင်းပေါ်သို့ရောက်သွားသော ပုလင်းကွဲက လည်ပင်းပေါ်တွင် နစ်ကနဲ။

အချစ်သည်......(Love It....)Where stories live. Discover now